မွေးနေ့မတိုင်ခင် တစ်ရက်မှာ လေယာဉ်ပျက်ကျပြီး သေဆုံးခဲ့ရတဲ့ ဆယ်ကျော်သက် Pilot မလေး

[email protected] Flight Centre

ကိုယ့်ရဲ့သားသမီးဟာ ကိုယ့်ထက်အရင်သေဆုံးသွားတဲ့အခါမျိုး၊ လူ့လောကကြီးအကြောင်း ဘာမှမသိသေး၊ အရွယ်မရောက်သေးတဲ့ ဆယ်ကျော်သက်အရွယ် ကလေးတစ်ယောက်ဟာ လူ့လောကကြီးထဲက ရုတ်တရက် ထွက်ခွာသွားတာမျိုး အစရှိတာတွေကို ကြုံခဲ့ရတဲ့ ကလေးတစ်ယောက်ရဲ့ မိဘတွေနေရာမှာဆိုရင် သင်ဘာဖြစ်လောက်မလဲ။ တော်တော်ကို ရူးမတက်ခံစားရမှာတော့ အမှန်အကန်ပါပဲ။

[email protected] Flight Centre

အပေါ်က ဓာတ်ပုံထဲက မိသားစုကတော့ ဒီလိုအဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ရတဲ့ မိသားစုတွေပါပဲ။ အလယ်က ကောင်မလေးကတော့ အသက် ၁၆ နှစ်သာ ရှိသေးတဲ့ လေယာဉ်မောင်းသင်တန်းကျောင်းသူကလေး Anika de Beer ပဲ ဖြစ်ပါတယ်။ ဘေးဖက်က အမျိုးသားနဲ့ အမျိုးသမီးကြီးကတော့ Anika ရဲ့ အဖေ Andries နဲ့ အမေဖြစ်သူ Rika တို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဓာတ်ပုံဟာ Rika တစ်ယောက် မသေဆုံးခင် ရိုက်ခဲ့တဲ့ မိသားစု ဓာတ်ပုံလေးဖြစ်ပါတယ်။

[email protected]Ambulink Ambulance Service

တောင်အာဖရိကနိုင်ငံ၊ Pretoria မြို့မှာ Anika တစ်ယောက် လေယာဉ်မှူးသတင်တန်းတက်ခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးသင်တန်းဆင်းတဲ့ရက်မှာ လေယာဉ်အစမ်းမောင်းပြပွဲတစ်ခု ကျင်းပခဲ့သလို Anika ကလည်း အဆိုပါသင်တန်းရဲ့ အတော်ဆုံး လေယာဉ်မှူးတစ်ယောက်ဖြစ်တာကြောင့် အဆိုပါ သရုပ်ပြပွဲမှာ ပါဝင်ခဲ့ပါတယ်။ Anika အတွက်လည်း သူမရဲ့ မိဘတွေဖြစ်တဲ့ Andries နဲ့ Rika တို့က ဂုဏ်ယူခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီသရုပ်ပြပွဲမှာ မထင်မှတ်ထားတဲ့ ကိစ္စတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ Anika မောင်းနှင်ပြသခဲ့တဲ့ Piper Cherokee 28A-180 လေယာဉ်ဟာ လေယာဉ်ဆင်းသက်ချိန်မှာ အရှိန်လွန်တိမ်းမှောက်ကာ ပေါက်ကွဲခဲ့လို့ပဲ ဖြစ်ပါတယ်။

READ
တောင်ကိုရီးယားရဲ့ အချစ်တက်ဆုံးဆယ်လီခင်ပွန်း (၇) ယောက်
[email protected] Flight Centre

အဆိုပါ လေယာဉ်ပေါက်ကွဲမှုဖြစ်စဉ်မှာတော့ Anika တစ်ယောက် သေဆုံးသွား ရှာခဲ့ပါတယ်။ တစ်ကယ်ကို စိတ်မကောင်းစရာပါပဲ။ Anika ရဲ့ နည်းပြဆရာတွေကလည်း ဒီလို Anika ရဲ့ မတော်တဆ သေဆုံးမှုဖြစ်ရပ်အတွက် ဝမ်းနည်းကြေကွဲနေကြသလို Anika လို အလားအလာရှိတဲ့ လေယာဉ်မောင်းနှင်သူတစ်ယောက်ကို ဆုံးရှုံခဲ့ရတဲ့အတွက် အင်မတန် စိတ်မကောင်း ဖြစ်နေရပါတယ်။ နောက်ထပ်စိတ်ထိခိုက်စရာတစ်ခုကတော့ Anika ရဲ့ ၁၇ နှစ်မြောက်မွေးနေ့ဟာ ဒီလို လေယာဉ်ပျက်ဆီးသေဆုံးမှုအပြီး နောက်တစ်ရက်ပါပဲ။ သူမရဲ့ ၁၇ နှစ်မြောက်မွေးနေ့ပွဲကို တက်ရောက်ရမယ့် သူငယ်ချင်းတွေကတော့ Anika ရဲ့ ဈာပနာအခမ်းအနားကိုပဲ တက်ခဲ့ကြရ ရှာပါတယ်။

Good day All,It is with great sadness to inform you of the passing of one of our students, Anika de Beer, due to a…

Posted by Professional Flight Centre on Thursday, July 2, 2020

Pyi Hein Kyaw

SHARE