ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ အသက်(၁၆) နှစ်အရွယ် Influcncer ကောင်မလေး

[email protected]_kakkar

ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတာ ဘယ်တော့မှ မလုပ်သင့်တဲ့ အလုပ်ပါ။ ဒီလိုပြောလို့ သတ်သေမယ့် လူတစ်ယောက်ရဲ့ ခံစားချက်ကို နားမလည်ဘူးလို့ မထင်ပါနဲ့။ လူရယ်လို့ဖြစ်လာရင် ပြသနာတွေ၊ ဒုက္ခတွေ၊ အပူမီးတွေ ခံစားရမှာပါ။ အဲဒီလိုခံစားနေရတဲ့အချိန်မှာ ကိုယ့်ရဲ့ စိတ်ဓာတ်က အရှုံးမပေးဖို့ပဲ လိုအပ်တာပါ။ မသိစိတ်ရဲ့ စေရာကို ဘယ်တော့မှ မလိုက်မိပါစေနဲ့ ။ ကိုယ်ရဲ့ ပင်ကိုယ် အသိစိတ်နောက်ကိုပဲ လိုက်ကြပါ။

View this post on Instagram

You cannot change things by loving em harder 😉

A post shared by Siya Kakkar (@siya_kakkar) on

အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီး Bollywood မင်းသားတစ်ဦးဖြစ်တဲ့ Sushant Singh ဟာ လွန်ခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့ က ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တာကိုတော့ တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ အခုလည်း Sushant ရဲ့ ကိစ္စတွေတောင် မပြီးသေးခင် နောက်ထပ်အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီး Influencer ကောင်မလေးတစ်ယောက်ကလည်း နေအိမ်မှနေရင်း ကိုယ့်ကိုယ်ကို သတ်သေသွားကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

View this post on Instagram

Siyu katty🐥🌻🌟🌈♥️

A post shared by Siya Kakkar (@siya_kakkar) on

အသက် ၁၆ နှစ်အရွယ်သာရှိသေးတဲ့ Siya Kakkar လို့ အမည်ရတဲ့ ကောင်မလေးဟာ ဇွန်လ ၂၅ ရက်နေ့ကNew Delhi မြို့ရှိ သူမရဲ့ နေအိမ်အိပ်ခန်းထဲမှာပဲ ကိုယ့်ကိုအဆုံးစီရင်ပြီး သေဆုံးသွားခဲ့ပါတယ်။ လက်ရှိထိတော့ Siya ရဲ့ သေဆုံးမှုကို သူမရဲ့ မိသားစုဝင်တွေဖက်က ထုတ်ပြောခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း ဒီသတင်းကို Siya ရဲ့ မန်နေဂျာဖြစ်တဲ့ Arjun Sarin ကိုယ်တိုင်က ဒီသတင်းကို အတည်ပြုပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

“Siya က တော်တော်ချစ်ဖို့ ကောင်းတဲ့ ကောင်မလေးတစ်ယောက်ပါ။ ဘယ်သူနဲ့မှ ရန်ဖြစ်တာ မတွေ့ဖူးသလို ဘယ်သူနဲ့မှလည်း စကားများတာမျိုး မရှိခဲ့ပါဘူး။ ဒီလောက်အနေအေးတဲ့ မိန်းကလေးတစ်ယောက်ဆီမှာ ဘာအကြောင်းပြချက်တွေရှိလို့ ကိုယ့်ကိုယ်သတ်သေတာလည်း ကျွန်တော် လုံးဝစဉ်းစားလို့မရပါဘူး။ သူမသေခင်တစ်ရက်ကပဲ ညဖက် ကျွန်တေယ်နဲ့ ဖုန်းပြောတာ အကောင်းကြီးပါပဲ။ ရယ်ရယ်မောမောနဲ့ ကျွန်တော့်ကိုတောင် နောက်ပြောင်နေပါသေးတယ်။ ဒီသတင်းကို သူ့မိသားစုဆီက ကြားကြားချင်း တော်တော် ရှော့ခ်ရသွားတာ။ တစ်ကယ်ကို စိတ်မကောင်းပါဘူးဗျာ” လို့ Sarin က ပြောကြားခဲ့ပါတယ်။

View this post on Instagram

Smooth?🤤🔥 #waitforit

A post shared by Siya Kakkar (@siya_kakkar) on

Pyi Hein Kyaw

SHARE