YouTube ကြည့်ရင်း အလုပ်,လုပ်ပြီး တစ်လတစ်လကို သိန်းရာချီဝင်နေတဲ့ ၁၆နှစ်သားလေး

အသက် ၁၆ နှစ်အရွယ်သာရှိသေးတဲ့ လန်ဒန်၊ Tottenham မှ ကျောင်းသားလေးတစ်ယောက်ဟာ ပေါင် ၁၀ ကိုအရင်းပြုပြီး အချိန်ခဏလေးအတွင်းမှာတင် ပေါင် ၆၃,၀၀၀ ရှာနိုင်ခဲ့တဲ့သတင်း မွှေးနေခဲ့ပါတယ်။

Edward Ricketts ဆိုသူ အထက်တန်းကျောင်းသားလေးဟာ သူ့ရဲ့ Instagram ပေါ်မှာ ကားပုံတွေနဲ့ ဒီဇိုင်နာထုတ်အဝတ်အစားတွေကို ပုံတင်ကာ အခုလက်ရှိလုပ်နေတဲ့ စီးပွားရေးအဆင်ပြေကာ ဝင်ငွေသိပ်ကောင်းနေတယ်ဆိုပြီး လူသိများနေခဲ့ပါတယ်။ ဘယ်လောက်တောင်အောင်မြင်နေလဲဆိုရင် Edward ထက်အသက်ကြီးပြီး စီနီယာကျတဲ့ တက္ကသိုလ်ကျောင်းသားတွေကတောင်မှပဲ Edward ဆီမှာ အကြံဥာဏ်လာတောင်းရတဲ့အထိပါပဲ။

SWNS

တကယ်တော့ Edward ဟာ နိုင်ငံတကငွေတွေကို ကုန်သွယ်ရေးသဘောမျိုး အရောင်းအဝယ်လုပ်တဲ့ လုပ်ငန်းကို လုပ်ကိုင်တာဖြစ်ပါတယ်။ စီးပွားရေးနဲ့သက်ဆိုင်တဲ့ ဗဟုသုတတွေ၊ ဆုံးဖြတ်ချက်မှန်ကန်အောင်ချနိုင်ဖို့အတွက်နဲ့ စိတ်ဓာတ်မြင့်တင်ရေးတွေကိုတော့ YouTube နဲ့ Brexit တို့လိုမျိုး ဟောပြောပွဲတွေကတစ်ဆင့် ပညာတွေယူခဲ့ရပါတယ်။

အဓိကလုပ်ငန်းလည်ပတ်မှုကတော့ နိုင်ငံတကာက ငွေတွေကို ဈေးနိမ့်တဲ့အချိန်ဝယ်ထားပြီး မြတ်တဲ့အချိန်မှာ ပြန်ရောင်းခဲ့တာပဲဖြစ်ပါတယ်။ ပြောရရင်တော့ ငွေကစားတာပေါ့။ ဒီအလုပ်ကိုမလုပ်ခင်တုန်းက Instagram ရဲ့ စီးပွားရေးသမားတစ်ယောက်ဆီကို သူ့အကြံစည်ကို ပြောပြကာအကြံတောင်းခဲ့ဖူးပါသေးတယ်။ ပြန်ရလိုက်တဲ့ အကြံပေးချက်ကတော့ မဖြစ်နိုင်ဘူးဆိုတာပါပဲ။ ဒါပေမဲ့လည်း Edward တစ်ယောက် ဟောပြောပွဲတွေကို သေသေချာချာနားထောင်ရင်းနဲ့ သူ့ရဲ့ စီးပွားရေးလေးကို အကောင်အထည်ဖော်ကြည့်ခဲ့ပါတယ်။

READ
ကင်ဆာဝေဒနာသည်မိခင်ကို စောင့်ရှောက်ဖို့အတွက် ကျောင်းထွက်ခဲ့တဲ့ လူငယ်လေး
SWNS

၈ လအတွင်းမှာပဲ ပေါင် ၁၅၀ ဆိုတဲ့ ငွေကြေးပမာဏကိုအရင်းပြုပြီး ပေါင် ၆၃,၀၀၀ အဖြစ် ပြောင်းလဲကာ အမြတ်ထွက်အောင် စီစဉ်နိုင်ခဲ့ပါတယ်။ ဒီလိုအောင်မြင်သွားတာကြောင့်ပဲ Edward တစ်ယောက်ဟာ Forex ရဲ့ ကုန်သည်တွေထဲ အသက်အငယ်ဆုံးလို့တောင် သတ်မှတ်လို့ရနိုင်သွားခဲ့ပါတယ်။ အခုဆိုရင်တော့ Edward ဆီမှာ ပင်တိုင် ဖောက်သည်အယောက် ၁၀၀ နီးနီးရှိနေခဲ့ပါပြီ။

လုပ်ငန်းအမြတ်နဲ့ ပေါင် ၃ သောင်းတန် Mercedes A-Class တစ်စီးကို ဝယ်ထားပြီး တစ်ယောက်တည်းရှိတဲ့ဖခင်နဲ့ သူ့ရဲ့ညီအစ်ကိုမောင်နှမတစ်သိုက်ကို အမေရိကသို့ အလည်ခရီးပို့ဖို့အတွက် စီစဉ်နေပြီပဲဖြစ်ပါတယ်။ ဖခင်ဖြစ်သူဟာ အသက် ၅၄ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး လုံခြုံရေးတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်နေကာ မောင်နှမအနေနဲ့ အသက် ၂၇ နှစ်အရွယ် Earnest ဆိုတဲ့ အစ်ကိုတစ်ယောက်ရယ်၊ အသက် ၂၅ နှစ်ရွယ် Anitaျှိုတဲ့ အစ်မတစ်ယောက်ရယ် ရှိပါတယ်။

READ
ဝန်ထမ်းတွေအားလုံးကို လနဲ့ချီပြီး နိုင်ငံခြားအပျော်ခရီးစဉ်တွေ ပို့ပေးတဲ့ ကုမ္ပဏီ
SWNS

အခုအချိန်မှာ Edward ရဲ့ လုပ်ငန်းလေးဟာ အောင်မြင်နေပြီဖြစ်တာကြောင့် အရင်တုန်းက လုပ်ငန်းနဲ့ပတ်သက်ပြိး ဖြစ်နိုင်မဖြစ်နိုင်ကို အကြံသွားတောင်းခဲ့တဲ့ Instagram က ကုန်သည်ကတောင် အံ့သြတကြီးဖြစ်နေကာ ချီးကျူးစကားဆိုခဲ့ပါသေးတယ်။ အထက်တန်းကျောင်းလည်း တက်နေရတာဖြစ်တဲ့အတွက်ကြောင့် ကိုယ်ပိုင်စီးပွားရေးလေးကိုတော့ နေ့လည်စာစားပြီး အနားယူချိန်နဲ့ ညနေကျောင်းပြန်လာလို့ စာတွေလုပ်ပြီးတဲ့အချိန်မှ အလုပ်လုပ်လေ့ရှိတယ်လို့သိရပါတယ်။

Edward တစ်ယောက် အခုလိုအောင်မြင်နေတာဖြစ်ပေမယ့်လို့ စီးပွားရေးစစလုပ်ခြင်းတုန်းက ၁၉၆ ပေါင်တောင် ဆုံးရှုံးခဲ့ရပါသေးတယ်။ တဖြည်းဖြည်းနဲ့ပြန်ကြိုးစားရင်းနဲ့မှပဲ တစ်လတစ်လကို ပေါင် ၁ သောင်းကျော်လောက်ဝင်လိုက်၊ ၆ သောင်းကျော်ဝင်လိုက်နဲ့ တဖြည်းဖြည်းအောင်အောင်မြင်မြင်ဖြစ်လာခဲ့တာပါ။ ရနေတဲ့အမြတ်ငွေတွေကိုတော့ ကလေးဖြစ်ပေမယ့် မလိုအပ်တဲ့နေရာတွေမှာ အသုံးမပြုဘဲစုထားခဲ့ပြီး အခုအချိန်အထိ ကြီးကြီးမားမား ဝယ်ဖူးတာဆိုလို့ ပေါင် ၃ သောင်းတန် ကားတစ်စီးနဲ့ ၃၅၀ တန် LV ပိုက်ဆံအိတ်လေးတစ်လုံး၊ ပေါင် ၈၀၀ တန် ဖိနပ်တစ်ရံနဲ့ ပေါင် ၂၀၀၀ တန် ရွှေဆွဲပြားတစ်ခုတို့ပဲဖြစ်ပါတယ်။

SWNS

Source: The Sun

Penny

 

SHARE