ဂိမ်းကစားချိန် ကန့်သတ်တဲ့ အမိန့်ကို မကျေနပ်လို့ အစိုးရကို တရားပြန်စွဲခဲ့တဲ့ (၁၇)နှစ်သားလေး

Twitter/AnimalCrossing

ပြီးခဲ့တဲ့ မတ်လလောက်တုန်းက ဂျပန်နိုင်ငံ၊ Kagawa ပြည်နယ်မှာ အမိန့်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအမိန့်ကတော့ အသက် ၁၈ နှစ်အောက်ကလေးတွေကို ကန့်သတ်ချက်တစ်ခုနဲ့ ဂိမ်းပေးဆော့တာပဲ ဖြစ်ပါတယ်။ ဒီအမိန့်ဟာ ဂျပန်နိုင်ငံအတွင်းရှိ ပြည်နယ်တစ်ခုမှာ ပထမဦးဆုံး ဂိမ်းဆော့တာနဲ့ ပတ်သတ်ပြီး အမိန့်ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။

Pixabay-11333328

ဒီအမိန့်မှာ အသက် (၁၈) နှစ်မပြည့်သေးတဲ့ ကလေးများဟာ ကျောင်းဖွင့်ရက်တွေမှာ ဂိမ်းကစားပါက တစ်နေ့ကို ၁ နာရီထက်ပိုမဆော့ဖို့နဲ့ ကျောင်းပိတ်ရက်တွေမှာဆိုရင်လည်း တစ်နေ့ကို ၁နာရီခွဲထက် ပိုပြီး ဂိမ်းမကစားရဘူးဆိုတဲ့အမိန့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အသက် ၁၈ နှစ်အောက်ကလေးများ ဖုန်းသုံးပါကလည်း ည ၉ နာရီကျော်ရင် ဖုန်းသုံးခွင့် မရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီအမိန့်အပေါ်မှာ အမကျေမနပ်ဖြစ်ပြီး အစိုးရကို တရားဆွဲခဲ့တဲ့သူကတော့ အသက် ၁၇ နှစ်အရွယ် Wataru  လို့ အမည်ရတဲ့ ကောင်လေးဖြစ်ကြောင်း Sora news24 သသသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
ဒိုင်ဗင်ထိုးပြီး ပန်းဝင်ဖို့ကြိုးစားတဲ့ အပြေးသမားရဲ့အဖြစ်ဆိုး

“ဒါကြီးက လူ့အခွင့်အရေးကို တော်တော်ကြီးချိုးဖောက်တာပါ။ ဂိမ်းဆော့တာ အသက်အရွယ်နဲ့ မဆိုင်ပါဘူး။ ကိုယ်ကြိုက်ရင်ကိုယ်ဆော့မယ်။ ကိုယ်မကြိုက်ရင် ကိုယ်မဆော့ဘူးလေ။ ကိုယ့်ကိုမွေးထားတဲ့ မိဘတွေတောင် ဘာမှမပြောတာ ဒီလိုမျိုးအမိန့်ထုတ်ချင်တိုင်းထုတ်လို့ရမလား။ တစ်နေ့တစ်နာရီပဲဆော့ဆိုတော့ အခန်းဆက်နဲ့ ဆော့ရတဲ့ ဂိမ်းတွေကို ဘယ်လို ခံစားချက်မျိုးနဲ့ သွားဆော့ရမှာလဲ။ DOTA 2, PUBG, Mobile Legends တို့တောင် တစ်နာရီနဲ့ ကစားလို့မရဘူး။ ကျွန်တော်တို့ဆော့တဲ့ ဂိမ်းတွေက Candy Crush တို့၊ Temple Run တို့မဟုတ်ပါဘူး” လို့ Wataru က ပြောကြားခဲ့ပါတယ်။

Wataru ဟာ ဒီအမိန့်ထုတ်ထုတ်ပြီးချင်းမှာ ဘယ်သူတွေ ကန့်ကွက်မလဲစောင့်ကြည့်ရာကနေ စိတ်မရှည်တော့ပဲ သူကိုယ်တိုင် အစိုးရရဲ့ အမိန့်ကို တရားစွဲဆိုခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။

READ
(၂၂၂)ပေါင်အလေးချိန်ရှိ ကမ္ဘာ့အကြီးဆုံး ငါးကြင်းကြီးကို ဖမ်းမိတဲ့ဗြိတိန်တံငါသည်

Pyi Hein Kyaw

SHARE