နေ့စဉ်ဘဝထဲက သတိမမူမိတဲ့ အမှားများ

ကျွန်တော်တို့တွေဟာ နေ့စဉ်နဲ့အမျှ မိသားစုအရေး၊ သားရေး၊ သမီးရေး၊ လူမှုရေးတွေနဲ့ ရုန်းကန်လှုပ်ရှားနေရတယ်။ ဒီ
လို လှုပ်ရှားရုန်းကန်နေရင်းနဲ့ပဲ နေ့စဉ်ပုံမှန်လုပ်နေကျအလုပ်တွေဟာ မူမှန်မှုမရှိဘဲ အမှားအယွင်းလေးတွေဖြစ်ပေါ်
တတ်ပါတယ်။ ဒီအမှားလေးတွေကို ပြင်ဆင်နိုင်ဖို့အတွက် Bright Side၀က်ဘ်ဆိုက်ကနေ ဗဟုသုတအဖြစ်နဲ့ရေးသား
ထားတာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

၁။ ဖုန်းဘက်ထရီမြန်နှုန်းမြင့်အားသွင်းနည်း

သင့်ရဲ့စမတ်ဖုန်းကို မသိလိုက်မသိဘာသာ ဒီအတိုင်းပဲ အားသွင်းနေတတ်ကြတယ်။ တကယ်လို့များ သင့်ရဲ့ဖုန်းကို
Flight Modeလုပ်ပြီး အားသွင်းမယ်ဆိုရင် အားအမြန်ပြည့်တယ်ဆိုတာ သင်မသိတဲ့အချက်ပါပဲ။

၂။ သော့အရောင်ခွဲနည်း

သင့်အနေနဲ့ သော့တွဲတွေများလို့ သော့ဖွင့်ခါနီးတိုင်း အလုပ်ရှုပ်ဖူးလား။ ဒါဆိုရင်တော့ သင်အသုံးပြုမယ့် သောတံတွေ
ကို အရောင်တွေနဲ့ ဆိုးထားမယ်ဆိုရင် သော့ဖွင့်ခါနီးတိုင်း ရှာရမယ့်အလုပ်ကို ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။

၃။ ကြက်ဥပြုတ်အခွံခွာနည်း

ကြက်ဥပြုတ်အခွံခွာတဲ့အခါ အခွံတွေကို အချပ်လိုက်ခွာစေဖို့အတွက် နည်းလမ်းကောင်းရှိပါတယ်။ ကြက်ဥမပြုတ်ခင်
ဆိုဒါ လက်ဖက်ရည်တစ်ဇွန်းခန့်ကို ရေမှာဖျော်ပြီး ကြက်ဥကို ခဏစိမ်လိုက်ပါ။

၎။ မီးပူမပါဘဲ မီးပူတိုက်နည်း

ခင်းဗျားဟာ မီးပူတိုက်လေ့မရှိသူဆိုပါစို့။ ဒါဆို ဒီနည်းလမ်းလေးကို သုံးကြည့်လို့အဆင်ပြေမယ်ထင်တယ်။ အ၀တ်အ
ခြောက်ခံတဲ့စက်ထဲကို သင့်ရဲ့အ၀တ်အစားအချို့နဲ့အတူ အရွယ်အစားအလောတော်လောက်ရှိတဲ့ ရေခဲတုံး(၃)တုံးကို
ပါ တစ်ခါတည်းထည့်လိုက်ပါ။ ပြီးရင် (၁၅)မိနစ်လောက်အခြောက်ခံပြီး စောင့်နေပါ။ ရေခဲတုံးကထွက်တဲ့ ရေနွေးငွေ့
ဓာတ်သတ္တိက သင့်ရဲ့အ၀တ်တွေကို ပြန့်စေပါတယ်။ သတိထားရမှာပါ။ အ၀တ်တွေတစ်ပုံကြီး မလုပ်လိုက်ဖို့ပါပဲ။

READ
လူအများစုချစ်သူရည်းစားကို Baby, Babe, Baeလို့ခေါ်ရသည့်အကြောင်းအရင်း

၅။ သင့်ရဲ့ဖုန်း စိုစွက်မှုမှကင်းဝေဖို့

သင့်ရဲ့ဖုန်းကို ရေ ဒါမှမဟုတ် စိုစွတ်မှုတွေနဲ့ မထိနိုင်စေဖို့ ကာကွယ်ဖို့လိုအပ်ပါတယ်။ ကမ်းခြေသွားတာဖြစ်ဖြစ်
ရေချိုးတဲ့အခါဖြစ်ဖြစ် အလုံပိတ်ပလပ်စတစ်အိတ်ထဲ ထည့်ထားရင် အဆင်ပြေတယ်မဟုတ်ပါလား။

၆။ ကီးဘုတ်ကိုင်တဲ့ လက်တွေအတွက်ကျန်းမာရေး

ခင်ဗျားအနေနဲ့ အလုပ်မှာ အမြဲတမ်းကွန်ပြူတာကိုင်နေရမယ်ဆိုရင် ကီးဘုတ်အောက်ခြေက ဒေါက်တွေကို ထောက်ဖို့
မမေ့ပါနဲ့။ ကီးဘုတ်ကို ဒေါက်ထောက်ခြင်းအားဖြင့် ကီးဘုတ်မှာရှိတဲ့ Fontတွေကို သင်အလွယ်တကူမြင်နိုင်သလို သင့်
လက်ကောက်ဝေကိုက်ခဲမှုကိုလည်း သက်သာစေပါတယ်။

၇။ နှုတ်ခမ်းနီအစွန်းများ ချွတ်နည်း

သာမန်ဆိုရင်တော့ အ၀တ်မှာ နှုတ်ခမ်းနီတွေ စွန်းသွားရင် Hair Sprayနဲ့ ဖျန်းပြီး ၁၀မိနစ်လောက် ခဏထားရင်
အစွန်းတွေပျောက်ပါတယ်။ နောက်တစ်ခုကတော့ စိုစွတ်တဲ့မှိုနဲ့ နှုတ်ခမ်းနီအစွန်းကို ပွတ်တိုက်ပါ။ လျှောက်လိုက်တဲ့အခါ
မှာတော့ အစွန်းတွေချွတ်သွားပါလိမ့်မယ်။

READ
နာမည်ကြီး မျက်လှည့်ကွက်တွေရဲ့ အဓိကလျှို့ဝှက်ချက်များ

၈။ အေးခဲမှု ပိုမြန်တဲ့နည်း

ဇလုံကြီးကြီးထဲမှာ ရေခဲနဲ့ ရေ အညီအမျှ ထည့်ပါ။ နောက်ပြီးတော့ ဆား လက်ဖက်ရည်ဇွန်း(၂)ဇွန်း (မှတ်ချက် ၁လီတာ
ရေတစ်ဗူးကို ဆာ(၂)ဇွန်း)ထည့်ပါ။ ပြီးရင် သင်အအေးခံမယ့် ၁လီတာဗူးကို ထည့်လိုက်ပါ။ (၂)မိနစ်လောက်အုပ်ထား
မယ်ဆိုရင် သာမန်ထက် (၈)ဒီဂရီ၊ (၁၀)ဒီဂရီ အေးခဲတာကို သင်တွေ့ရမှာပါ။

၉။ ရေခဲမုန့် အထားခံဖို့ အကောင်းဆုံးနည်းလမ်း

သင့်ရဲ့ရေခဲမု့န်ကို မအေးခဲသွားစေဘဲ နဂိုမူလအတိုင်းပဲစားချင်တယ်ဆိုရင်တော့ ကော်ဗူးထဲမှာထည့်ပြီး ထားတာ အ
ကောင်းဆုံးနည်းလမ်းပါ။

၁၀။ ဖုန်းနားကြပ်တွေ ရှုပ်မထွေးစေဖို့

ခင်ဗျားအနေနဲ့ ပေါင်မုန့်တွေကို ထုတ်ပိုးထားတဲ့ ပလပ်စတစ်အိတ်ရဲ့ထိပ်မှာ အပေါက်ပါတဲ့ ကော်အပြားသေးသေးလေး ကိုတွေ့မှာပါ။ အဲဒါရှိရင် သင့်ရဲ့ဖုန်းနားကြပ်တွေ ရှုပ်မနေအောင် ဖြေရှင်းပေးပါတယ်။

M2T (Shwemom)
Source ; Bright Side
SHARE