ကိုမာဖြစ်ပြီး ကလေးတစ်ယောက်မိခင်အဖြစ် ပြန်နိုးလာခဲ့တဲ့ (၁၈) နှစ်သမီးလေး

Instagram/ SWNS

Oldham, Greater Manchester မှ အသက် (၁၈) နှစ်အရွယ် Ebony Steveson ဟာ ၂၀၁၈ ဒီဇင်ဘာ (၂) ရက်နေ့လောက်မှစကာ ခေါင်းကိုက်တာကို သိတိထားမိခဲ့ပါတယ်။ အရင်ရက်တွေတုန်းကလည်း ကိုယ်လက်မအီမသာဖြစ်ပြီး ခေါင်းမူးသလို ခေါင်းကိုက်သလိုဖြစ်နေတာ ကြာပြီဖြစ်ပေမယ့် အဲဒီနေ့ကတော့ တောတော်လေးကို ဆိုးဆိုးရွားရွားခေါင်းကိုက်နေခဲ့တာပါ။

Instagram

ညမှာတော့ Ebony ဟာ သူ့အမေကို အော်ခေါ်ခဲ့ပြီးနောက် ကြမ်းပြင်ပေါ်မှာ တက်နေခဲ့ပါတယ်။ မိခင်ဟာ Royal Oldham Hospital သို့ အရေးပေါ်တင်ခဲ့ရပါတယ်။

SWNS

အခုနောက်ပိုင်းမှာက ဆေးပညာနဲ့ တမင်ကိုမာဖြစ်အောင်လုပ်ပြီး ကုတဲ့ကုထုံးတွေ ပေါ်ပေါက်လာတာမို့ Ebony ကိုလည်း တမင်ကိုမာဖြစ်အောင်ပြုလုပ်ကာ (၂) ရက်အကြာနေစေခဲ့ပါတယ်။ ဒီဇင်ဘာ (၂) ရက်နေ့ကနေ (၈) ရက်နေ့အထိပြုလုပ်ခဲ့ပါတယ်။

SWNS

Ebony ကိုမာဖြစ်စဉ်မှာ ဆရာဝန်တွေ စစ်ဆေးလိုက်တဲ့ အခါမှာတော့ ကိုယ်ဝန်ရှိနေပြီဆိုတာ သိခဲ့ရပါတယ်။ မိခင်ဖြစ်သူကတော့ Ebony ဟာ ဗိုက်လည်းမထွက်လာ၊ ရာသီသွေးလည်း ပုံမှန်လာနေတာကြောင့် မဖြစ်နိုင်ဘူးလို့ပြောခဲ့ပါတယ်။ သို့ပေမယ့် Ebony မှာက ကိုယ်ဝန်ရှိနေတာ အမှန်ပါ။

READ
စောင့်ရတာ ဘယ်လိုမှ စိတ်မရှည်တဲ့အဆုံး မီးပွိုင့်ကို ဖြိုလှဲပစ်ခဲ့တဲ့ ကားဒရိုင်ဘာ
SWNS

Ebony ဟာ အမျိုးသမီး (၃၀၀၀) မှာ (၁) ယောက်သာဖြစ်နိုင်တဲ့ သားဥအိမ် (၂) စုံပါရှိနေတာပါ။ ကိုယ်ဝန်ရှိနေစဉ် ရာသီသွေးဆင်းခြင်းဟာ သန္ဓေတည်တဲ့သားဥအိမ်ကသက်သက်၊ ရာသီသွေးကိုဖြစ်ပေါ်စေတဲ့ သားဥအိမ်ကသက်သက်မို့ ဖြစ်ပါတယ်။

ကိုမာအနေအထားနဲ့ဖြစ်နေတဲ့ Ebony ရဲ့ ဝမ်းထဲက ကလေးကို ချက်ချင်းမွေးထုတ်ရမှာ ဖြစ်တယ်လို့ ဆရာဝန်တွေက ပြောလာတဲ့ အခါမှာတော့ Ebony ရဲ့မိခင်ဟာ သဘောတူညီမှု လက်မှတ်ထိုးပေးကာ မွေးထုတ်စေခဲ့ပါတယ်။ ဒီဇင်ဘာ (၈) ရက်နေ့၊ Ebony နိုးလာတဲ့ အချိန်မှာတော့ သူမဟာ မိခင်တစ်ယောက်ဖြစ်နေပြီ ဆိုတာကို တအံ့တသြ သိခဲ့ရပါတယ်။

SWNS

ကလေးလေးဟာ (၇) ပေါင်နဲ့ (၁၀) အောင်စရှိပြီး မိန်းကလေးပါ။ Ebony ဟာ သမီးလေးရဲ့နာမည်ကို Elodie လို့ နာမည်ပေးပြီး အခုအချိန်မှာတော့ ပျော်ရွှင်စွာနေထိုင်နေပါတယ်။

READ
စိတ်မနှံ့သူလို့ထင်ရတဲ့ဆယ်ကျော်သက်တစ်ယောက်က စာသင်ကျောင်းကိုအနုကြမ်းစီးမှုဖြစ်ပွား
SWNS
SWNS

Source: Daily Mail, Lad Bible

Penny

SHARE