ရဲစခန်းထဲမှာ ရှာဖွေပုံစံနဲ့သိမ်းထားတဲ့ ဖုန်းအလုံး(၁၈၀)ကျော်ကို ပြန်ခိုးသွားတဲ့အဖြစ်

Youtube

သူခိုးတွေဆိုတာ ဈေးဆိုင်တွေ၊ နေအိမ်တွေ၊ လွယ်လွယ်ကူကူခိုးလို့ရတဲ့နေရာတွေက ပစ္စည်းတွေကိုပဲ ခိုးကြတယ်လို့ များသောအားဖြင့် သိထားကြပေမယ့် အခု ဖတ်ရမယ့် အဖြစ်အပျက်ကြီးကတော့ တကယ်ပဲ ကြမ်းလွန်းပါတယ်။

ရဲစခန်းတစ်ခုထဲမှာ ရှာဖွေပုံစံနဲ့ သိမ်းဆည်းထားတဲ့ ဖုန်းအလုံး (၁၈၀)ကျော်ကို သူခိုးတွေက လာရောက်ခိုးယူသွားခဲ့တာဖြစ်ပြီး တော်တော်လုံခြုံရေးကောင်းတဲ့ ရဲစခန်းလို့တောင် ဆိုရမှာပါပဲ။

Youtube

အိန္ဒိယနိုင်ငံ အနောက်ဖက် ၊ မဟာရာရှထာပြည်နယ်ထဲမှာရှိတဲ့ ကိုလ်ဟာပါးမြို့ ရဲစခန်းမှာ အခုလို ဖြစ်ပွားခဲ့တာပါ။ အဲဒီရဲစခန်းရဲ့တာဝန်ရှိသူတွေဟာ ဖုန်းခိုးခံရတဲ့အမှုတွေ ၊ လူဆိုးဖမ်းရာက ရလာတဲ့ ဖုန်းတွေကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းပြီး ဖုန်းအလုံး (၁၈၅)လုံးကို အခန်းတစ်ခုထဲမှာ စုစည်းထားခဲ့ပါတယ်။

အဲဒီအခန်းကို ရဲစခန်းရဲ့ အထူးအခန်းတစ်ခုအဖြစ် သတ်မှတ်ထားခဲ့တာဖြစ်ပြီး တာဝန်ရှိသူကလွဲလို့ တခြားသူတွေ ၀င်ခွင့်မရှိတဲ့နေရာပါ။

READ
ဗြိတိန်အချမ်းသာဆုံး ပိုက်ပြင်သမားရဲ့ကားတွေကြောင့် စိတ်အောက်နေရတဲ့ သူဌေးရပ်ကွက်

ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ဒီရဲစခန်းရဲ့ အထူးခန်းကြီး ဖောက်ထွင်းခံခဲ့ရပါတယ်။ ရလဒ်ကတော့ အထဲမှာ ရှိနေတဲ့ ဖုန်းပေါင်း (၁၈၅)လုံးအထိ ပါသွားခဲ့တာပါ။

Pixabay

ရဲစခန်းမှာ CCTV ကင်မရာတွေလည်း တပ်ဆင်ထားခြင်းမရှိတာကြောင့် အဖြစ်အပျက်တွေကို ပြန်လည်ကြည့်ရှုလို့လည်းမရခဲ့ပါဘူး။ တစ်ဦးထက်ပိုတဲ့ သူခိုးတွေက အခန်းတံခါးကိုချိုးဖျက်ပြီး ဖုန်းတွေကို ခိုးသွားခဲ့တယ်လို့သာ ရဲတပ်ဖွဲ့က ထုတ်ပြန်နိုင်ခဲ့တာပါ။

ရဲဌာနရဲ့ အရာရှိတစ်ယောက်ဖြစ်တဲ့ ဘိုရီဂစ်ဒီ ကတော့ စုံစမ်းမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပြီး မကြာခင် ဒီဖုန်းတွေကို ပြန်ရအောင် ကြိုးစားသွားမယ်လို့ Hindustan Times ကိုပြောပါတယ်။ ဒါပေမယ့်လည်း ခိုးမှုကျုးလွန်သူတွေကတော့ တော်တော်လေး သေသေသပ်သပ်လုပ်သွားခဲ့လို့ နှစ်ရက်၊သုံးရက်ကြာတဲ့အထိ ဘာသတင်းမှ မကြားရသေးပါဘူး။

Youtube

ဒီဖြစ်ရပ်ကို သိလိုက်ရတဲ့သူတွေကတော့ သူခိုးတွေဟာ အတွင်းသိတွေဖြစ်မယ်လို့ မှတ်ချက်ပေးနေကြပြီး ရဲစခန်းထဲက အထူးအခန်းကို ၀င်ဖောက်ဖို့ဆိုတာ အတွင်းလူတစ်ယောက်မပါပဲ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စလို့ ဆိုနေကြပါတယ်။

READ
ဒီဇိုင်းပိုင်းအပြင်လွန်ပြီး ရယ်စရာဖြစ်ခဲ့ရတဲ့ ဂျပန်ခေါက်ဆွဲဘူးကြော်ငြာ

ဘယ်လိုပဲဖြစ်ဖြစ် ရဲစခန်းထဲကိုမှ ၀င်ခိုးသွားတဲ့ သူခိုးတွေကတော့ တော်တော်သတ္တိကောင်းကြတယ်လို့ ချီးကျူးရမလား၊ တော်တော်လေးမိုက်ရူးရဲဆန်တယ်လို့ မှတ်ချက်ပေးရမလားပါပဲ။

Linn

SHARE