ယာဉ်မောင်းလိုင်စင် အကျပေးလို့ အမောင်းစစ်သူကို ဓားနဲ့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား

မလေးရှားမှာ ယာဉ်မောင်းလိုင်စင်အောင်ဖို့ အရမ်းခက်ခဲပါတယ်။ မလေးလူမျိုးအများစုဟာ ယာဉ်မောင်းလိုင်စင်အောင်ဖို့အတွက် (၂) ကြိမ် (၃)ကြိမ်ထက်မက ကြိုးစားဖြေဆိုကြရပါတယ်။ ဖေ့စ်ဘုတ်မှာ တွေ့ရတဲ့ သတင်းတစ်ပုဒ်မှာတော့ အသက်(၁၈) နှစ်အရွယ် ကောလိပ်ကျောင်းသားတစ်ယောက်ဟာ လိုင်စင်ဖြေဆိုရာမှာ (၄) ကြိမ်တိုင်တိုင် ကျခဲ့တာကြောင့် ယာဉ်မောင်းစစ်သူကို ဓားနဲ့ထိုးဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

Facebook

၎င်းဖြစ်ရပ်ဟာ (၂၀၁၈)ခုနှစ် ဇန်န၀ါရီ(၈) ရက်နေ့တုန်းက မလေးရှားနိုင်ငံ နီလိုင်မြို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ သိရတာက ကျောင်းသားဟာ ယာဉ်စည်းကမ်းအများအပြားကို ချိုးဖောက်ခဲ့တဲ့အပြင် မီးနီမှာလည်း ဖြတ်မောင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အမောင်းစစ်သူက သူ့ကို ကားလမ်းဘေးတစ်နေရာမှာ ကားရပ်ပြီး အမှတ်ပေးဖို့ ပြင်ဆင်တဲ့အခါ ထိုကျောင်းသားဟာ စင်တီမီတာ(၃၀) အရှည်ရှိတဲ့ ဓားကို ထုတ်ယူလိုက်ပါတယ်။ ပြီးတဲ့အခါ ယာဉ်မောင်းစစ်သူရဲ့ ညာနံရုံးကို ထောက်ပြီး သူ့ကိုအအောင်ပေးဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။

Facebook

ဒါပေမယ့် ကံကောင်းချင်တော့ ယာဉ်မောင်းစစ်သူဟာ ကားတံခါးကို ဖွင့်ထွက်ကာ လွတ်မြောက်သွားခဲ့ပါတယ်။ ဓားထိုးမှုကျူးလွန်သူ ရာဇ၀တ်သားဟာ ကွာလာလမ်ပူကဖြစ်ပါတယ်။ သူ့ကို ဆီးစစ်ကြည့်တဲ့အခါမှာလည်း ဆေးဝါးတစ်စုံတစ်ရာ သုံးစွဲတာမျိုး မတွေ့ရပါဘူး။ လက်ရှိမှာတော့ ၄င်းအမှုကို ဆက်လက်စစ်ဆေးနေဆဲလို့ သိရပါတယ်။

READ
Meme တွေထဲက ကီးဘုတ်တီးနေတဲ့ဆယ်လီကြောင်ကလေးသေဆုံးပြီလို့သိရ
Facebook

လင်းလင်း (ShweMom)

Ref: worldofbuzz

SHARE