(၈.၈၃)မီတာအထိ ခုန်ပြီး စံချိန်အသစ် တင်နိုင်ခဲ့တဲ့ အဝေးခုန် အားကစားသမားလေး

atletismoperuano

အသက်(၁၉)နှစ်အရွယ် ကျူးဘားနိုင်ငံသားတစ်ဦးဖြစ်တဲ့ Juan Miguel Echevarria ဟာ အဝေးခုန်(ပြေးခုန်) အားကစားသမား တစ်ဦးဖြစ်ပြီး သူဟာ (၈.၈၃)မီတာအထိ အဝေးခုန်ကာ (၂၃)နှစ် ကြာကာလအတွင်း ဘယ်သူမှ မတင်နိုင်ခဲ့တဲ့ စံချိန်သစ်တစ်ရပ် တင်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဒီစံချိန်ကြောင့် သူဟာ အဝေးခုန်နိုင်ဆုံး ကစားသမားစာရင်းကို ရှားရှားပါးပါး ဝင်ရောက်နိုင်ခဲ့ပါတယ်။

athleticsweekly

အဆိုပါ အကွာအဝေးဟာ ပေအားဖြင့် (၂၈.၉၇)ပေ ဖြစ်ပါတယ်။ သူဟာ ဒီစံချိန်ကို ရရှိဖို့ တစ်စက္ကန့်ကို (၂.၁)မီတာနှုန်းနဲ့ ပြေးခဲ့ပြီး အခုဆိုရင် သူဟာ အဝေးဆုံး ခုန်နိုင်တဲ့ (၅)ဦးမြောက် အားကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့မီတာ အများဆုံး အဝေးခုန်နိုင်သူ ဘွဲ့ထူးကြီးကိုတော့ အဝေးခုန်သမား Mike Powell က ပိုင်ဆိုင်ထားပါတယ်။

IOL

Mike တင်ရှိထားတဲ့ စံချိန်ဟာ (၈.၉၅)မီတာဖြစ်ပြီး (၁၉၉၁)ခုနှစ်ကတည်းက တင်ရှိခဲ့တာကို ဘယ်သူမှ မချိုးနိုင်သေးပါဘူး။ Juan ဟာ စတော့ဟုမ်းမှာကျင်းပနေတဲ့ Diamond League မှာ ယခုစံချိန်ကို တင်နိုင်ခဲ့တာဖြစ်ပြီး၊ သူရဲ့အသက်အရွယ်အရ Mike Powell ရဲ့စံချိန်ကိုပါ ချိုးနိုင်လိမ့်မယ်လို့ တွေးဆနေပါတယ်။

READ
၃-၁၂-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဒါပေမယ့် အခုထွက်ပေါ်လာတဲ့ ရလဒ်ဟာ သူထင်မှတ်မထားတဲ့ ရလဒ်မို့ အံ့သြဝမ်းသာမိတယ်လို့ ဆိုပါတယ်။ Juan က ” ပြောရရရင် ကျွန်တော်က (၈.၅)မီတာလောက်ပဲ မှန်းထားတာပါ … ဒါပေမယ့် အခုလောက် ခုန်နိုင်လိမ့်မယ်လို့ ကျနော် တစ်ခါမှ မစဉ်းစားခဲ့မိပါဘူး … “လို့ ပြောခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : ladbible.com

SHARE