မိခင်ကို ရင်းဂစ်(၁)သောင်း လက်ဆောင်ပေးပြီး အံ့သြစေခဲ့တဲ့ (၁၉)နှစ်အရွယ် မိန်းကလေး

cupcake_aisyah

မလေးရှားနိုင်ငံက Nur Aisyah Mohd Razip လို့ အမည်ရတဲ့ အသက်(၁၉)နှစ်အရွယ် Youtuber မိန်းကလေးတစ်ဦးဟာ သူမရဲ့မိခင်ကို ရင်းဂစ်(၁၀၀၀၀) (မြန်မာငွေ သိန်း ၃၅၀ ၀န်းကျင်ခန့်)နဲ့ အံ့သြအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ Youtube channelမှာတော့ Aisyahကို “Cupcake Aisyah”လို့ လူသိများပါတယ်။ သူမဟာ အရမ်းကိုချစ်စရာကောင်းတဲ့ မျက်နှာထား၊သူမရဲ့ ကောင်းမွန်တဲ့ ပင်ကိုယ်စရိုက်နဲ့ ကိတ်မုန့်ဖုတ်ရာမှာ ကျွမ်းကျင်တဲ့ သူမရဲ့အရည်အသွေးကြောင့် လူသိများလွန်းလှပါတယ်။

[email protected]_Aisyah

အခုလက်ရှိနောက်ဆုံးသူမတင်ထားတဲ့ ဗီဒီယိုဖိုင်လေးကတော့ “သေတ္တာထဲမှာ ဘာရှိသလဲ”ဆိုတဲ့ အစီအစဉ်ကို သူမအမေနဲ့အတူတူကစားတဲ့ အစီအစဉ်လေးပဲ ဖြစ်ပါတယ်။ဒီဗီဒီယိုလေးဟာ လက်ရှိအချိန်မှာတေ့ ကြည့်ရှု့သူ ၃သိန်းကျော်ရှိနေပြီး ကောင်းမွန်တဲ့ မှတ်ချက်ပေးသူဦးရေဟာလည်း ၃သောင်းနီးပါးရှိနေပြီ ဖြစ်ပါတယ်။ဗီဒီယိုထဲမှာတော့ Aisyahဟာ သူမရဲ့မိခင်အတွက် ရင်းဂစ်(၁၀,၀၀၀)ကို သေတ္တာထဲမှာ လက်ဆောင်အဖြစ်ထည့်ပေးထားပြီး သူမမိခင်ကို သေတ္တာထဲမှာ ဘာရှိသလဲဆိုတာမပြောဘဲ လက်နဲ့စမ်းခိုင်းပြီး ခန့်မှန်းစေတာ ဖြစ်ပါတယ်။

READ
အိမ်မက်ထဲက အိမ်လေးကို ရှာမနေတော့ဘဲ ကိုယ်တိုင်ဖန်တီးယူခဲ့တဲ့ အမျိုးသမီး

Aisyahကတော့ သူမရဲ့ မိဘတွေဟာ သူမဘဝအတွက် အသက်ရှုဖို့လေလိုမျိုးဖြစ်ပြီး သူမဘဝအတွက် မရှိမဖြစ်အရာတွေဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။သူမရဲ့ မိဘတွေဆီကလည်း ကိုက်ဆံကို လက်ဖြန့်မတောင်းချင်တဲ့အပြင် သူမကိုယ်တိုင်က မိဘတွေကို ထောက်ပံ့တဲ့သူဖြစ်ချင်ကြောင်း mstarသတင်းဌာနကို ဖွင့်ပြောခဲ့ကာတယ်။လက်ရှိမှာလည်း Aisyahတစ်ယောက် Instagramမှာ followe၄သိန်းကျော်ရှိပြီး သူမရဲ့ အဓိကဝင်ငွေကလည်း Instagramကပဲ ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။သို့သော်လည်း သူမဟာ မတင်းတိမ်ပဲ Londonမှာ ကျောင်းဆက်တက်ရင်း အချိန်ပိုင်းအလုပ်လုပ်ကိုင်နေကြောင်း သိရှိရပါတယ်။

Cupcake Aisyah

Pyi Hein Kyaw

SHARE