GMC Pick-Up Truckကားကိုတစ်ယောက်တည်းမပြီး အဖေကိုကယ်ခဲ့တဲ့ကောင်မလေး

Charlotte Heffelmire ဆိုသူ အသက်၁၉ နှစ်အရွယ်ကောင်မလေးဟာ သူ့အဖေရဲ့အသက်ကို ကယ်ခဲ့ရုံမက
မိသားစုတစ်ခုလုံးကို မီးဘေးထဲမှာ မသေဆုံးအောင်လည်း ကယ်တင်နိုင်ခဲ့လို့ Fairfax Countyမီးသတ်ဌာနက
ချီးမြှင့်တဲ့ Life-Saving Award ချီးမြှင့်ခံခဲ့ရပါတယ်။

ဖြစ်ပုံကတော့ သူမရဲ့အဖေဖြစ်သူဟာ ကားဂိုဒေါင်ထဲမှာ GMC Pick up truck ကားကို ဘီးလဲမလို့ Jackကိုအသုံး
ပြုနေတုန်း ကားကချော်ပြီး သူမဖအေဖြစ်သူကို ပိစေခဲ့တာပါ။ ကားက ဆီတွေကလည်း ယိုစိမ့်ထွက်လာပြီး မီး
စတင်လောင်ပါတော့တယ်။

Charlotte-Heffelmire

ကံကောင်းစွာပဲ သမီးဖြစ်သူ အသက်၁၉ နှစ်အရွယ် Charlottteဟာ ဖအေဖြစ်သူကို ကားကို ကြီးမားတဲ့အားနဲ့
မနိုင်ပြီးကယ်တင်နိုင်ခဲ့ပါတယ်။ Propane တွေထည့်တာ တိုင်ကီမီးမလောင်ခင်မှာ ကယ်တင်နိုင်ခဲ့တာပါ။ သူမ
ဟာ ၅ပေနဲ့ ၆လက်မအရက်မြင့်ပြီး အလေးချိန်ကတော့ ပေါင်၁၂၀ပဲရှိပါတယ်။

READ
သားဖြစ်သူရဲ့အခိုးခံရတဲ့ကင်မရာပစ္စည်းတွေကို သူခိုးအိမ်ထိသွားတောင်းခဲ့တဲ့ဖခင်

ဖခင်ဖြစ်သူ Eric Heffelmire ပြောခဲ့တာကတော့ ” ကျွန်တော်တို့မှာ  Propane တိုင်ကီတွေ အများကြီးရှိနေခဲ့
ပါတယ်။ ကျွန်တော့်သမီးက “အဖေသမီးမနိုင်တယ်ထင်တယ် ရွေ့သွားတာသတိထားမိတယ်လို့ပြောတဲ့အချိန်မှာ”
ကျွန်တော်က “အေးရတော့မယ်သမီး”လို့ပြောခဲ့ပြီး ”  ကျွန်တော်ကားအောက်ကနေ လွတ်မြောက်သွားခဲ့ပါတယ်။

Eric-Heffelmire

မီးတွေရဲ့အန္တာရယ်ကိုတော့ Charlotee ဟာ လျှင်မြန်စွာပဲ ပါးပါးနပ်နပ်ဖြေရှင်းခဲ့ပါတယ်။ အရင်ဆုံးသုံးဘီးပဲရှိ
တော့တဲ့ ကားနဲ့ သူ့အဖွားရယ်၊ သူ့အဖေရယ်၊ သူ့တူမလေးရယ်ကို အိမ်နဲ့ဝေးရာဆီကို အရင်မောင်းပို့လို်က်ပါ
တယ်။ ထို့နောက်မှာတော့ မီးသတ်ဌာနာကိုဖုန်းဆက်ပြီး မီးသတ်ဌာနက မလာခင်မှာ ပန်းခြံကိုဖျန်းတဲ့ရေပိုက်နဲ့
အရင်မီးကိုတတ်နိုင်သလောက် ငြိမ်းသတ်ခဲ့ပါတယ်။

US Air Force Academy မှာတက်ရောက်နေတဲ့ သူမက အခုလောလောဆယ်မှာတော့ နောက်ကျောနာတဲ့
ဝေဒနာကိုခံစားနေရပါတယ်။ သူမရဲ့ခြေထောက်လဲအပူလောင်သွားခဲ့ပါတယ်။ “အခုစစ်တပ်မထဲက တာဝန်
တွေ မထမ်းဆောင်နိုင်တော့ဘူးဆိုရင်တော့ ကျွန်မအခြားအစိုးရအလုပ်တစ်ခုခုကိုပြောင်းမှာပါ။ အခုလော
လောဆယ်တော့ သက်သာဖို့ကြိုးစားနေပြီး မိသားစုအဆင်ပြေအောင် ဂရုစိုက်နေပါတယ်။”

READ
ပေါင်တန်ဖြောင့်စင်းပြီး ရုပ်အလွန်လှတဲ့ ကျောင်းသူတွေကို ကင်ဂျုံအန်က ရွေးချယ်လေ့ရှိဟုဆို

Myanmar Online Media

Source: Mirror

SHARE