အခင်အမင် မပြတ် အတူလျှောက်လည်ခဲ့ကြတဲ့ Reply 1988 ဇာတ်လမ်းသရုပ်ဆောင်များ

IG/kpopular

Reply 1988 ဆိုတဲ့ ဇာတ်လမ်းက ပရိသတ်ရင်ထဲ အရမ်းရောက်ခဲ့တဲ့ ကားလေး တစ်ခု ဖြစ်ပြီး အခုထိ လူကြိုက်နှစ်သက်မှုကို ရနေတဲ့ ဇာတ်ကားကောင်း တစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကလည်း တစ်ဦးနဲ့ တစ်ဦး အပြင်ဘဝမှာပါ ရင်းနှီးမှုရှိပြီး အခင်အမင် ရှိနေဆဲ ဖြစ်ကြောင်း ပြနေတဲ့ ပုံရိပ်တွေ ထွက်ခဲ့တယ်လို့ kstarlive ကနေ ရေးသားဖော်ပြထားခဲ့ပါတယ်။

ဇွန်လ ၂၂ ရက်နေ့မှာတော့ သရုပ်ဆောင် Go Kyungpyo နဲ့ Lee Donghwi တို့က သူတို့ ပြန်လည်တွေ့ဆုံခဲ့တဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ ဝေမျှထားခဲ့ပါတယ်။ ပုံတွေအရ အတူဆုံခဲ့ကြတဲ့သူတွေကတော့ Park Bogum, Hyeri, Go Kyungpyo, Lee Donghwi တို့နဲ့အတူ Ryu Hyeyoung လည်း ပါဝင်ခဲ့ပါတယ်။

View this post on Instagram

💚

A post shared by 이동휘🇰🇷 (@dlehdgnl) on

Go Kyungpyo ကတော့ သူ့ရဲ့ပုံမှာ ဒါက ခဏပေမယ့် တွေ့ရတာ ဝမ်းသာပါတယ် လို့ ရေးသားထားခဲ့ပါတယ်။ ပုံတွေအရတော့ သူတို့တွေ တူတူလည်ခဲ့ကြပုံ ရပြီး အပျော်ဓာတ်ပုံရိုက်တဲ့ရုံထဲမှာ ပုံတွေ အတူ ရိုက်ကူးခဲ့ကြတဲ့ပုံ ပါပဲ။

Reply 1988 ဇာတ်လမ်းကတော့ ၂၀၁၅ နိုဝင်ဘာမှာ ထုတ်လွှင့်ခဲ့တာ ဖြစ်ပြီး ၂၀၁၆ ဇန်နဝါရီမှာ ပြသလို့ ပြီးခဲ့ပါတယ်။ ရုပ်ရှင် ရိုက်ကူးပြီးတာ လေးနှစ်ကျော်တောင် ကြာသွားပြီ ဖြစ်ပေမယ့် အတူသရုပ်ဆောင်ခဲ့တဲ့သူတွေကတော့ အခုထိ ရင်းနှီးနေကြပုံပါပဲ။ Reply 1988 ကတော့ Reply ဇာတ်လမ်းတွဲတွေရဲ့သုံးခုမြောက် ဇာတ်လမ်းတွဲ တစ်ခု ဖြစ်ပါတယ်။

READ
ကျန်းမာရေးအခြေအနေ ပြန်ကောင်းမွန်လာတဲ့ အောင်ရင်

Kham

SHARE