အမှိုက်ပုံးက အဖုံးနဲ့ တစ်ယောက်တစ်လှည့်စီ အရိုက်ခံပြီး ပျော်နေကြတဲ့ အကဲလေးများ

Youtube/RM Videos

ဒီနေ့ခေတ် အင်တာနက်ပေါ်မှာ ကြည့်စရာ အပန်းဖြေစရာတွေက အများသားပါ။ လူအများစုကတော့ ချစ်စရာကောင်းတဲ့ ပုံကလေးတွေ၊ ရယ်မောစရာဗီဒီယိုအတိုအထွာလေးတွေကို ပိုပြီးနှစ်သက်ကြပါတယ်။။ မကြာသေးခင်တုန်းကတော့ စာဖတ်သူတွေအတွက် ရင်သွေးခြင်္သေ့ပေါက်လေးကို ဒူးတုပ်ဝပ်ပြီး ပထမဆုံးတွေ့ဆုံခဲ့တဲ့ ခြင်္သေ့ကြီးရဲ့ ကြည်နူးစရာကောင်းတဲ့ ဗီဒီယိုဖိုင်ကို ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ အခုအခါမှာတော့ အင်တာနက်ပေါ်မှာထပ်ပြီး ရေပန်းစားနေပြန်တဲ့ ကလေးနှစ်ယောက်ရဲ့ ချစ်စဖွယ် ဗီဒီယိုဖိုင်လေးကို boredpanda ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

ဒါကတော့ အမှိုက်ပုံးတစ်ခုနဲ့ အလုပ်များနေကြတဲ့ ကလေးငယ်လေး နှစ်ယောက်ပဲ ဖြစ်ပါတယ်။

Youtube/RM Videos

ဗီဒီယိုထဲမှာတော့ လိမ္မော်နဲ့ အစိမ်းရောင်ဝတ်ထားတဲ့ သူတို့နှစ်ယောက်ကို တွေ့ရမှာပါ။ သူတို့နှစ်ယောက်က အမှိုက်ပုံးအဖုံးခွံကို အလှည့်ကျစီ အရိုက်ခံနေကြတာပါ။ စစချင်း ဗီဒီယိုကိုကြည့်ရင်တော့ စိုးရိမ်ဖွယ်ကောင်းသလို တွေ့မြင်ရမှာဖြစ်ပေမယ့် တကယ်တော့ မဟုတ်ပါဘူး။ ကလေးနှစ်ယောက်စလုံးဟာ အမှိုက်ပုံးခွံက သူတို့ခေါင်းကို ရိုက်လိုက်တိုင်းမှာ တခစ်ခစ်နဲ့ ရယ်ကာ အသံကိုနားထောင်ရင်း ပျော်နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဖုံးပွင့်ဖို့ နင်းရတဲ့ အမှိုက်ပုံးခြေနင်းကို ဘယ်သူနင်းမလဲလို့တောင် ခဏတာ အငြင်းပွားနေခဲ့တာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

READ
အူနှိပ်မတက်ရယ်ရမည့်ချစ်စဖွယ်ကလေးငယ်များ၏ ဂွတီးဂွကျဓာတ်ပုံများ

ကလေးပီပီ တွေ့တဲ့ပစ္စည်းအကုန်လျှောက်ဆော့ရင်း အပူပင်ကင်းစွာ ပျော်နေတဲ့ ကလေးနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်ကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

လင်းလင်း (ShweMom)

SHARE