အွန်လိုင်းပေါ်မှာ မုန့်ဖုတ်ပြနေတဲ့ ချစ်စဖွယ်ကလေးငယ်လေးရဲ့ ဗီဒီယိုဖိုင်

facebook/callie.boehme

အွန်လိုင်းပေါ်မှာ ချစ်စရာကောင်းတဲ့ ကလေးငယ်လေးတစ်ယောက်ရဲ့ မုန့်ဖုတ်နေတဲ့ဗီဒီယိုဖိုင်ကို rachfeed သတင်းစာမျက်နှာကနေတဆင့် အခုလို တွေ့ခဲ့ရပါတယ်။ ကိုဗစ်အတွင်းမှာ မိဘအများစုဟာ ကလေးတွေကို တီဗီရှေ့၊ ဖုန်းရှေ့မှာပဲ အချိန်မကုန်စေဖို့ ကြိုးစားလာကြပါတယ်။ ဒီလိုမိဘတွေထဲမှာတော့ Callie Bauleke ဆိုသူ အမျိုးသမီးတစ်ယောက်လည်း ပါဝင်ပါတယ်။

Callie ဟာ အခြားမိဘတွေလိုပဲ ကလေးတွေကို ပျော်အောင်ထားဖို့ကြိုးစားပါတယ်။ Callie ရဲ့ အသက် ၂နှစ်အရွယ် သမီးလေး Evie ကတော့ ကွာရန်တင်းကာလထဲ အွန်လိုင်းပေါ်မှာ မုန့်ဖုတ်ပြခဲ့တာဖြစ်ပါတယ်။ Evie ဟာ မုန့်ဖုတ်ဖို့အတွက် မိခင်ရဲ့အကူအညီနဲ့ပစ္စည်းတွေပြင်ဆင်ခဲ့ပါတယ်။

ဗီဒီယိုအစမှာတော့ Evie က ဂုဏ်ယူဝင့်ကြွားစွာနဲ့ “Welcome to my show” လို့ဆိုရင်း ကိတ်မုန့်ဖုတ်ဖို့အတွက် အမယ်တွေကိုစတင်ကာ တစ်ခုပြီးတစ်ခု ခွက်ထဲထည့်ပါတော့တယ်။ ပါဝင်ပစ္စည်းအမယ်တွေကို သူတတ်နိုင်သလောက် အသံထွက်ပြီး Evie က ရှင်းပြပြောဆိုနေတာပါ။ သူမရဲ့ ချစ်စဖွယ်ကောင်းတဲ့ဗီဒီယိုလေးတွေကိုတော့ တဖြည်းဖြည်းနဲ့ အားပေးသူပရိသတ်တွေများလာခဲ့တာ ဖြစ်ပါတယ်။

READ
အကောင်းမြင်တတ်သူနဲ့ အဆိုးမြင်တတ်သူကြား ကွာခြားချက်(၇)ချက်

Evie ဟာ ကွာရန်တင်းကာလတစ်လျှောက်လုံးမှာလည်း ပရိသတ်တွေပြုံးပျော်ရအောင် ချစ်စဖွယ် မုန့်ဖုတ်တဲ့ဗီဒီယိုလေးတွေကို ဖန်တီးနေတာဖြစ်ပါတယ်။ အခုခေတ်မှာတော့ ကလေးတွေကိုငြိမ်စေချင်တယ်ဆိုရင် သူတို့လက်ထဲ အီလက်ထရောနစ်ပစ္စည်း တစ်ခုခုပေးတာပဲဖြစ်ဖြစ်၊ တီဗီပေးကြည့်တာပဲဖြစ်ဖြစ် ပြုလုပ်ခိုင်းကြပါတယ်။ ဒါပေမဲ့ ကလေးတွေကို screen time လျော့စေလိုတဲ့မိဘတွေအတွက်တော့ ကလေးကို သူ့ဘာသာသူအလုပ်ရှုပ်နေအောင် ထားနိုင်မယ့် အခုလို တခြားနည်းလမ်းတွေလည်းရှိကြောင်း ဖော်ပြပေးလိုက်ပါတယ်။

ShweMom

SHARE