လိုင်းဆွဲအားပိုမိုကောင်းမွန်မယ့် 5G ကို ထုတ်လွှင့်ဖို့အတွက် ပြင်ဆင်နေကြပြီ

Health Impact News

2G မှ 3G, တစ်ဖန် 4G, LTE များအဖြစ် ဖုန်းလိုင်းအားများတစ်ဆင့်ပြီး တစ်ဆင့်တိုးတက်လာကြရာ ယခုဆိုလျှင်တော့ လိုင်းဆွဲအားပိုမိုကောင်းမွန်တဲ့ 5G ကွန်ယက်ကို ကမ္ဘာအနှံ့နှံ့မှဖွံ့ဖြိုးပြီးနိုင်ငံများက စမ်းသပ်နေပြီပဲဖြစ်ပါတယ်။ 5G တာဝါတိုင်တွေကို ပေ ၅၀၀ တိုင်း တစ်တိုင်ထူထောင်ဖို့အတွက် စီစဉ်နေကြပြီး ယခင်ဖုန်းကွန်ယက်တွေအတိုင်း ပုဂ္ဂလိကအဆောက်အအုံတွေ၊ စာသင်ကျောင်း၊ ဘတ်စ်ကားမှတ်တိုင်၊ ပန်းခြံများ၊ ကိုယ်ပိုင်ခြံတွေနဲ့ပါ ငြှိနှိုင်းပြီး စတဲ့နေရာတွေမှာ စိုက်ထူသွားမယ်လို့သိရပါတယ်။

Waking Times

FCC (Federal Communications Commission) မှ Elon Musk ဦးဆောင်တဲ့ SpaceX အတွက် မတ်လ (၂၉) ရက်နေ့၊ ၂၀၁၈ ခုနှစ်တုန်းက ဂြိုဟ်ထုပေါင်း (၄, ၄၂၅) ခု လွှင့်တင်ဖို့ခွင့်ပြုခဲ့ပါတယ်။ သို့ပေမယ့် ဒီ 5G ကွန်ယက်ကို မိုဘိုင်းဖုန်းတွေမှာ အသုံးပြုဖို့အတွက်ဆိုလျှင်တော့ ကုမ္ပဏီများစုပေါင်းပြီး ဂြိုဟ်ထုပေါင်း (၂) သောင်းလောက် ကမ္ဘာပတ်လမ်းမှာလိုအပ်မှာဖြစ်ပါတယ်။

READ
ခေတ်တစ်ခေတ်ကို ပြောင်းလဲစေခဲ့တဲ့ သမိုင်းမှတ်တမ်းဓာတ်ပုံများ

အခုအချိန်မှာတောင်မှ 5G အတွက်လျာထားတဲ့ ဂြိုဟ်ထုများဟာ SpaceX မှ (၁၂,၀၀၀)၊ OneWeb မှ (၄,၅၆၀)၊ Boeing မှ (၂,၉၅၆) နဲ့ Spire Global မှ (၉၇၂) ခုတို့ အသီးသီးဟာ ကမ္ဘာပတ်လမ်းကြောင်းမှာ ရှိနေကြပြီပဲဖြစ်ပါတယ်။

5G ကွန်ယက်ဟာ ယခုအသုံးပြုနေတဲ့ 4G ကွန်ယက်တွေထက် (၁၀) ဆပိုမိုကောင်းမွန်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီအပြင် ကွန်ပြူတာအမျိုးအစားအသစ်တွေ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေနဲ့ automobile တွေနဲ့ပါ ချိတ်ဆက်အသုံးပြုနိုင်တော့မှာပါ။

အိမ်သုံးWi-Fi hub တွေနဲ့ microwave beams အသုံးပြုပုံတွေကို ယှဉ်ကြည့်မယ်ဆိုလျှင်တော့ 4G ကွန်ယက်တွေထက် Wi-Fi Hub တွေဟာ အဆပေါင်း (၁၅၀) ပိုများပြီး 5G ကွန်ယက်နဲ့ကတော့ သိပ်မကွာပဲ (၁၅) ဆသာပိုများနေကြပါတယ်။

READ
ထူးထူးဆန်းဆန်းဓလေ့များရှိတဲ့ ကွယ်ပျောက်လုဆဲ အာဖရိကမျိုးနွယ်စုတစ်ခု
Health Impact News

သို့ပေမယ့် လုပ်ဆောင်ချက်မြင့်တက်မှုကြောင့် တစ်ဖက်ကကြည့်လျှင်ကောင်းပေမယ့် အခြားသောဘေးထွက်ဆိုးကျိုးတွေလည်း ရှိနေပြန်ပါသေးတယ်။ ယခင်ကွန်ယက်တွေတုန်းက သာမန် microwaves လှိုင်းတွေပဲ ထုတ်လွှင့်တာကြောင့် ခန္ဓာကိုယ်ထဲ ထိုလှိုင်းတွေဝင်သွားတဲ့အခါ ကိစ္စသိပ်မရှိပေမယ့် 5G မှ ထုတ်လွှင့်လိုက်တဲ့ လှိုင်းတွေဟာ ထိုလှိုင်းတွေထက် ပြင်းအားပိုများတဲ့အတွက် လူ့ခန္ဓာကိုယ်ကိုတစ်နည်းမဟုတ်တစ်နည်းနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်ပေါ်စေမှာပါ။

Ground-based 5G systems တွေကို ယခုအခါ အဓိကမြို့ကြီးပေါင်းများစွာမှာ တပ်ဆင်ထားပြီးပြီဖြစ်ပြီး အခြားသောမြို့များမှလည်း လက်ခံဖို့အတွက် သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ 5G ကွန်ယက်ကို ချပြဖို့အတွက် အပြင်းအထန်လုပ်ဆောင်ကြတော့မှာပဲဖြစ်ပါတယ်။

Source: Waking Times, Health impact News

Penny

SHARE