အသက် ၂၀ မှာ ရွှေဖရုံသီးရောင်းပြီး တစ်ခါရိတ်သိမ်းရုံနဲ့ လေဒ်ါလာသောင်းချီမြတ်နေသူ

Twitter-James Maxey

ဒီလို အောက်တိုဘာလရောက်တာနဲ့ ရွှေဖရုံသီးစိုက်ခင်းကြီးရိတ်သိမ်းကာ ဒေါ်လာသောင်းချီအမြတ်ငွေရနေပြီဖြစ်တဲ့ အသက် ၂၀ အရွယ် လယ်သမားလေးတစ်ယော်ကအကြောင်းပြောပြချင်ပါတယ်။

Twitter-James Maxey
Twitter-James Maxey

သူ့နာမည်ကတော့ James Maxey ပါ။ Nottinghamshire ရဲ့ Kirklington မှာ ဧကဝက်မြေလေးပေါ်မျာ ရွှေဖရုံသီးတွေစိုက်ရင်း အသက်မွေးဝမ်းကျောင်းပြုနေပါတယ်။ သူ့ရဲ့ရွှေဖရုံသီးစိုက်ခင်းလေးဟာ ဟောလိုးဝဝင်းပွဲတော်အတွက် ရွှေဖရုံသီးတွေကို အစားအသောက်အတွက်ရော အလှဆင်ဖို့အတွက်ရော လှိုင်လှိုင်သုံးကြတဲ့ အောက်တိုဘာလမှာပဲ ရိတ်သိမ်းလေ့ရှိပြီး သူများတွေလို ဈေးဆိုင်မှာ တင်ရောင်းတာမျိုးမဟုတ်ဘဲ ဝယ်သူတွေကိုယ်တိုင် စိုက်ခင်းထဲကိုဆင်း၊ ကိုယ်တိုင်ခူးပြီး ဝယ်ခိုင်းတဲ့အတွက်ကြောင့် လူတွေက သိပ်သဘောကျနေတဲ့ စိုက်ခင်းတစ်ခင်းပါ။ ဒါကြောင့်လည်း အဲဒီနယ်တစ်ဝှက်မှာတော့ နာမည်ကြီးပဲပေါ့။

Twitter-James Maxey
Twitter-James Maxey

မိဘတွေကလည်း အရင်ကတည်းက လယ်ယာမြေသမားတွေဆိုတော့ အပင်စိုက်တဲ့ဝါသနာဟာ James ရဲ့သွေးကြောထဲမှာ စီးစင်းနေပုံပါပဲ။ ဘာကြောင့်လဲဆိုရင် ဒီ ရွှေဖရုံသီးစိုက်ခင်းကို James လုပ်ခဲ့တာ အရွယ်ရောက်ပြီးမှမဟုတ်ပါဘူး။ အသက် ၁၃ နှစ်ကတည်းက လယ်ယာမြေအလွတ်ကိုတောင်းပြီး ကိုယ်တိုင်တစ်ယောက်တည်း စိုက်ကာ နီးစပ်ရာလူကြီးတွေဆီမှာ ပြန်လည်ရောင်းချခဲ့တာပါတဲ့။ ကျောင်းစာကို စိတ်မဝင်စားဘူးဆိုတာ အရင်ကတည်းက သေချာနေပြီး အခုလို မိဘခွင့်ပြုချက်ကြောင့် ရွှေဖရုံသီးလေးစမ်းစိုက်ကြည့်ရင်း တစိုက်မတ်မတ်လုပ်ကိုင်လာခဲ့တာ ၁၆ နှစ်အရွယ်မှာ ကျောင်းထွက်နိုင်ခဲ့တဲ့အထိ စီးပွားရေးဟာ အရှိန်တက်လာခဲ့တာပါ။ အမြတ်ငွေထဲကမှ အလုပ်သမားစုစုပေါင်း ၃၅ ယောက်ကိုငှားရမ်းကာ စိုက်ခင်းကို ဂရုစိုက်စေခဲ့တာပါ။ သူကတော့ စိုက်ခင်းပိုင်ရှင် လယ်သမားကြီးပေါ့။

READ
ကမ္ဘာ့အသက်အငယ်ဆုံး အမျိုးသမီးနိုင်ငံရေးခေါင်းဆောင်ဖြစ်တဲ့ နယူးဇီလန်ဝန်ကြီးချုပ်
Twitter-James Maxey
Twitter-James Maxey

ရွှေဖရုံသီးတစ်လုံးကို ၂ ဒေါ်လာမှ အများဆုံး ၁၀ ဒေါ်လာအထိပေါက်ဈေးရှိနေပြီး ဒီလိုရိတ်သိမ်းချိန်မှာပဲ တစ်ထိုင်နက်တည်း အလုံးပေါင်း ၂၅၀၀ လောက် အများဆုံးရောင်းနေခဲ့ရလို့ James ရဲ့ ဆောင်းဦးဝင်ငွေဟာ ဒေါ်လာ ၁ သောင်းနဲ့အထက်မှာပဲ အမြဲတမ်းရှိနေခဲ့တာပါ။ ဧကဝက်နဲ့စခဲ့တဲ့မြေလေးဟာ အခုဆိုရင်တော့ တဖြေးဖြေးချင်း တိုးချဲ့လာခဲ့တာ ၆ ဧကတောင်ရှိလို့နေပါပြီ။

Penny

SHARE