PUBG ကစားကောင်းပြီး ရေအမှတ်နဲ့သောက်လိုက်တဲ့အရာကြောင့် သေဆုံးသွားခဲ့သူ

Freepik-freepik, PUPG

ဂိမ်းကစားနေရင် ယားတာတောင် မကုတ်အားဘူးဆိုတဲ့ ခံစာချက်ကို အားလုံး သိကြတယ်မဟုတ်လား။ အထူးသဖြင့် အချိန်နဲ့တပြေးညီ ဆော့ရတဲ့ဂိမ်းတွေမှာတော့။ ဥပမာ ပြောရရင် ယနေ့ခေတ်လူငယ်တိုင်းလိုလို ကစားဖူးကြတဲ့ PUBG တို့လို battle ဆိုင်ရတဲ့ ဂိမ်းတွေမှာဆို ပိုဆိုးပါတယ်။ Knock out မဖြစ်သွားဖို့၊ မသေသွားဖို့၊ Chicken Dinner စားရဖို့ဆိုတာ ပတ်ဝန်းကျင်နဲ့ map ကို အမြဲတမ်း မျက်ခြေမပြတ်စောင့်ကြည့်နေမှ ရမှာမဟုတ်လား။

PUPG

ဂိမ်းမှာ စိတ်နှစ်မှုအားကောင်းလို့ ဆရာကျတာတော့ ကောင်းပေမယ့်လို့ အခုလူငယ်လေးတစ်ယောက်ကတော့ ဒီလို စိတ်နှစ်မှုအားကောင်းလွန်းလို့ပဲ အသက်သေဆုံးသွားခဲ့ရရှာပါပြီ။ ဒီအကြောင်းကို World of Buzz မှာ ဖတ်ခဲ့ရတာဖြစ်ပြီး ဆင်ခြင်နိုင်အောင် ကိုးကားဖော်ပြပေးလိုက်ပါတယ်။

သေဆုံးသွားတဲ့အမျိုးသားဟာ Saurabh Yadav လို့ သိရပြီး အသက် ၂၀ အရွယ်သာရှိနေသေးတဲ့ အိန္ဒိယသားတစ်ဦးပါ။ သူဟာ Santosh Sharma ဆိုတဲ့ သူငယ်ချင်းနဲ့အတူတူ Madhya Pradesh မှ Agra သို့ ရထားနဲ့ခရီးနှင်လာခဲ့ပါတယ်။ တစ်နယ်ကနေတစ်နယ်သွားတဲ့ရထားမလို့ ဘူတာတစ်ခုနဲ့တစ်ခုဆိုတာ မြို့ပတ်ရထားတွေလောက် မစိပ်ပါဘူး။

READ
သင့်အနာဂတ်ဖူးစာရှင်ကို ရှာတွေ့ပြီဆိုတာကို သိစေနိုင်မဲ့အချက်များ

နောက် ခရီးကလည်း အကြာကြီးနှင်ရမှာကြောင့် Saurabh Yadav ဟာ ဖုန်းလေးထုတ်ပြီး PUBG စကစားပါတော့တယ်။ ဂိမ်းဆော့တာ နည်းနည်းလေးကြာလာတဲ့အတွက် ရေဆာလာဟန်တူပါတယ်။ ဒါကြောင့် အိတ်ထဲကရေဗူးကို ထုတ်သောက်ခဲ့ပါတယ်။ မကြာပါဘူး။ ချက်ချင်းပဲ သူ့လည်ချောင်းထဲ တစ်ခုခုဖြစ်လာခဲ့တယ်။

ပူလောင်နေတဲ့ ခံစားမှုဟာ လည်ချောင်းကနေတစ်ဆင့် ဝမ်းဗိုက်၊ နောက် ကိုယ်တွင်းကလီဆာတွေ အကုန်လုံး လောင်ကျွမ်းနေသလိုလို တစ်ဆစ်ဆစ်နဲ့။ သူ့လက်ထဲက ဗူးကို ပြန်ကြည့်လိုက်တဲ့အခါ ရေသန့်ဗူးပါဘူး။ အစွန်းချွတ်ဆေးဗူးကြီး ဖြစ်နေပါတော့တယ်။ အစွန်းချွတ်ဆေးဆိုတဲ့အရာက တစ်ငုံသောက်လိုက်ရင်တောင် ချက်ချင်း အဆိပ်သင့်ပြီး အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ဓာတုအရည်ပါ။ အစွန်းတွေတောင် ချွတ်နိုင်တဲ့အစွမ်းရှိတယ်ဆိုတော့ စဉ်းစားကြည့်စရာတောင်မလိုဘူးလေနော်။

Pixabay-congerdesign

သူငယ်ချင်းဖြစ်သူကလည်း Saurabh Yadav ရဲ့ အဖြစ်အပျက်ကို ချက်ချင်းသိသွားခဲ့လို့ ရထားပေါ်က ဝန်ထမ်းတွေကို အကူအညီတောင်းခဲ့ပေမယ့် ရထားရပ်ပေးလိုက်ရင်လည်း လမ်းခုလတ်ကြီးမလို့ ဆေးရုံသွားဖို့မလွယ်၊ ရထားဆိုတာ အရှိန်လည်းမြှင့်လို့မရတာကြောင့် နောက်ဘူတာအထိရောက်တာကို စောင့်ရုံကလွဲပြီး ဘာမှလုပ်ပေးလို့မရခဲ့ပါဘူး။ ဒါပေမဲ့ ရဲနဲ့ဆေးရုံကားကိုတော့ အကျိုးအကြောင်းပြောပြီး အသင့်စောင့်ခိုင်းထားခဲ့ပါတယ်။

နောက်ဘူတာဟာ Saurabh Yadav ဆင်းမယ့် Agra ဘူတာပါ။ Agra ဘူတာလည်းရောက်ရော Saurabh Yadav ဟာ အသက်မရှိတော့ပါဘူး။ ရဲတွေက အစွန်းချွတ်ဆေးဗူးကြီးကို ဘာလို့ အခုလို ကိုယ်နဲ့မကွာဆောင်ထားတာလဲ၊ ဒါဟာ သက်သေတဲ့အမှုလား၊ လုပ်ကြံတဲ့အမှုလားဆိုပြီး သူငယ်ချင်း Santosh Sharma ရယ်၊ နောက်ထပ် အတူရထားစီးလာခဲ့ကြတဲ့ Saurabh Yadav ရဲက စစ်ဆေးမေးမြန်းတဲ့အချိန်မှာတော့ Saurabh Yadav နဲ့ သူတို့တွေဟာ ရတနာပွဲစားတွေဖြစ်တာကြောင့် ရတနာပွဲစားတိုင်းရဲ့အိတ်ထဲ အစွန်းချွတ်ဆေးဆိုတာ အသင့်ဆောင်ထားတတ်ကြပါတယ်တဲ့။ တကယ်လည်း ရတနာပွဲစားတွေဟာ သူတို့ရဲ့ ပစ္စည်းတွေကို သန့်ရှင်းနေရတာမလို့ အစွန်းချွတ်ဆေးကို အခုလို ဆောင်ထားတတ်ကြပါတယ်။

READ
သားဖြစ်သူကို ကမ္ဘာမှာ ဘယ်သူမှမပေးဖူးတဲ့ နာမည်အဆန်းကြီး ပေးခဲ့တဲ့ Elon Musk
Pixabay-Taken

ဒါကို Saurabh Yadav ဟာ PUBG ထဲ အာရုံရောက်နေတဲ့အတွက် ရေဗူးမှန်း အစွန်းချွတ်ဆေးဗူးမှန်းမသိဘဲ သောက်လိုက်မိတာပဲဖြစ်ပါတယ်။ အသက်မဆုံးရှုံးသင့်မှန်း ဆုံးရှုံးခဲ့ရတဲ့ အသက် ၂၀ အရွယ် လူငယ်လေးပါ။ ဒါပေမဲ့ Saurabh Yadav ရဲ့မိဘတွေကတော့ Saurabh Yadav ရဲ့ သူငယ်ချင်း Santosh Sharma ကို သံသယမကင်းဖြစ်နေခဲ့ပါတယ်။ သူဟာ Saurabh Yadav တစ်ယောက် ဗူးဖွင့်နေတယ်ဆိုတာ မြင်လျက်နဲ့မပြောခဲ့တာဆိုပြီး စွပ်စွဲနေခဲ့ကြပေမယ့် ဒီလိုမပြောဘဲနေနေတာကို မျက်မြင်လည်းမရှိတာကြောင့် အမှုကတော့ မတော်တဆသေဆုံးမှုနဲ့ပဲ ပိတ်သွားခဲ့ပါတော့တယ်။

PUPG

Penny

SHARE