ဆိတ်အကောင်(၂၀၀)ကျော်လောက် လမ်းပေါ် ရောက်လာလို့ မြို့ခံလူတွေ အလန့်တကြားဖြစ်ခဲ့

[email protected]_roelands

ဆိတ်အကောင်ရေ ၂၀၀ ထက်မနည်းတဲ့ ဆိတ်အုပ်ကြီးဟာ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းရှိ San Jose မြို့မှာ လမ်းပေါ်လျှာက်သွားပြီး တွေ့သမျှအပင်တွေကို စားခဲ့တာကြောင့် မြို့ခံလူတော်တော်များများမှာ အလန့်တကြားဖြစ်ခဲ့ရကြောင်း  USA Today သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အဆိုပါဆိတ်တွေရဲ့ ပိုင်ရှင်ကတော့ San Jose မြို့မှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် Zach Roelands လို့ အမည်ရတဲ့ ကောင်လေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ Zach ဟာ ဆိတ်တွေကို နေအိမ်အနောက်ဖက်ရှိ ခြံဝင်းထဲမှာ သေသေချာချာ သော့ခတ်ပြီး မြို့ထဲမှာ စားစရာသွားဝယ်ပြီး အိမ်ပြန်လာတဲ့အချိန်မှာ သူ့ရဲ့ဆိတ်တွေဟာ လမ်းပေါ်မှာ လျှောက်သွားနေတာကို တွေ့ခဲ့ရပါတယ်။

READ
အတွဲရှာပြီး ဒိတ်သွားတဲ့ ကျောင်းသူကျောင်းသားတွေကို အမှတ်ပိုပေးတဲ့ ကောလိပ်ပရောဖက်ဆာ
[email protected]_roelands

အိမ်အမြန်ပြန်ပြီး ခြံတံခါးကို ကြည့်လိုက်တဲ့ အချိန်မှာတော့ ခြံတံခါးဟာ ဆိတ်တွေကြောင့် ပျက်စီးနေတာကို တွေ့လိုက်ရပါတယ်။ ဒါနဲ့ သူလည်း ဆိတ်တွေကို ကြိုးစားပြီး လိုက်ဖမ်းသော်လည်း ဆိတ်တွေမှာ San Jose မြို့အနှံ့လျှောက်သွားပြီး တွေ့သမျှအပင်တွေ လိုက်စားနေတာကြောင့် တော်တော်အခက်တွေ့သလို့ မြို့ခံလူတွေမှာလည်း ဆိတ်အုပ်ကြီးရဲ့ အသံတွေကြောင့် အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။

[email protected]_roelands

“ ဆိတ်တွေက ကျွန်တော် ဒီမြို့ထဲခေါ်လာတာ ရှားပါတယ်။ ဒီဆိတ်အကုန်လုံးကို ကျွန်တော်အိမ်အနောက်ဖက်မှာရှိတဲ့ တောင်ကုန်းတွေပေါ်မှာ မွေးထားတာပါ။ ဒီရက်ပိုင်း မြို့ထဲက အိမ်ကို ခေါ်လာတာကလည်း အိမ်နားတစ်ဝိုက်မှာ မြက်ခြောက်တွေ များနေလို့ မီးဘေးအန္တရယ်လည်း ကာကွယ်ပြီးသားဖြစ်၊ ဆိတ်တွေကိုလည်း အစာကျွေးပြီးသားဖြစ်အောင် တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုပြီး ခေါ်လာလိုက်တာပါ။ အခုလိုဖြစ်ခဲ့ရတဲ့အတွက် စိတ်မကောင်းပါဘူး။ မြို့ထဲက လူတော်တော်များများကိုလည်း ကျွန်တော်တောင်းပန်ခဲ့ပြီးပါပြီ” လို့ Zach က ပြောကြားခဲ့ပါတယ်။

READ
ဖိုတိုရှောပ့်နဲ့ ခရီးစဉ်အတုတွေဖန်တီးပြီး အင်စတာဂရမ်မှာ prank လုပ်ရင်း အောင်မြင်သွားသူ

Pyi Hein Kyaw

SHARE