၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး Drone ရိုက်ချက်ပြိုင်ပွဲအတွက် ဆုရစာရင်း

ဓာတ်ပုံပညာနဲ့ဗီဒီယိုလောကတွေမှာ drone အသုံးပြုခြင်းဟာ တော်တော်လေး ခေတ်စားလာခဲ့ပါတယ်။ ပြောင်းလဲတိုးတက်လာတဲ့ ခေတ်နဲ့အညီ ကမ္ဘာအနှံ့မှ drone ရိုက်ချက် လက်ရာကောင်းတွေကို ဖိတ်ခေါ်ကာ ၂၀၁၈ ခုနှစ်အတွက် ပြိုင်ပွဲတစ်ခု ကျင်းပပေးခဲ့ပါတယ်။

ဒီပွဲမှာအနိုင်ရရှိသွားသူကတော့ Deryk Baumgärtner ဖြစ်ပြီး ဆုအနေနဲ့ ဒေါ်လာ ၁၂,၀၉၀ တန်တဲ့ ကင်မရာကိုယ်ထည်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ တစ်နှစ်ကို လူပေါင်း ၃ သန်းလောက် အစဉ်အဆက်မပြတ်လာရောက်လည်ပတ်နေတဲ့နေရာတစ်ခုဖြစ်တဲ့ ပြင်သစ်နိုင်ငံ၊ Normandy မှ Saint Michael’s တောင်ကိုမှ drone ကို အသုံးပြုကာ မတူညီတဲ့ရှုထောင့်ကနေ ရိုက်ကူးဖမ်းနိုင်ခဲ့တာမို့ ဆုရရှိသွားခဲ့တာပါ။

Deryk Baumgärtner

ဒီအပြင် တခြားမတူညီတဲ့ ခေါင်းစဉ်တွေနဲ့ ဆုရရှိခဲ့သူတွေလည်း ရှိပြီး မြန်မာနိုင်ငံရဲ့ ပုဂံဒေသရှုခင်းတစ်ခုဟာလည်း ဆုရစာရင်းထဲ ပါနေတာကြောင့် ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

ဒါကတော့ People’s Choice အတွက် အနိုင်ရရှိသွားခဲ့တဲ့ “Red Train” ဖြစ်ပါတယ်။ ဆွစ်ဇလန်ရဲ့ Landwasser-viadukt ဒေသရှိ တောင်တန်းများမှာ ရိုက်ကူးထားခဲ့တာပါ။

READ
စက္ကူတွေကို ရင်သပ်ရှုမောဖွယ် အနုပညာလက်မှုပစ္စည်းအဖြစ်ပြောင်းလဲသော ပညာရပ်
sebastianmzh

Fun category အတွက် တတိယဆုရရှိခဲ့တဲ့ပုံလေးပါ။

邱 会宁

ဗိသုကာဓာတ်ပုံအတွက် ဒုတိယဆုရရှိခဲ့တဲ့ Witold Ziomek ရဲ့ “Bagan”

Witold Ziomek

နောက်ထပ် People’s Choice အတွက် “Infinity Road: Summer Vs. Winter” ပါ။ ဒီဓာတ်ပုံကို ရိုက်ဖို့အတွက် နွေရာသီနဲ့ ဆောင်းရာသီတို့ကို ၈ လစောင့်ကာ ရိုက်ကူးထားပြီး ပြန်ဆက်ထားတာပဲဖြစ်ပါတယ်။

Michal Sadowski

Nature category အတွက် ပထမဆုရ “Hungry Hippos”

Martin Sanchez

ဟောင်ကောင်ရဲ့အလှကို ပြဖို့အတွက် Phantom 4 Pro drone အမျိုးအစားကို အသုံးပြုကာ ရိုက်ချက်ပေါင်း ၄၃ ချက်နဲ့ပေါင်းစည်းထားတဲ့ပုံလေးပါ။ “Not A Small HK Island” ဆိုပြီး Architecture category မှာ ပထမဆုရရှိသွားခဲ့ပါတယ်။

Panvelvet

Source: Boredpanda

READ
ပရိုမဟုတ်ပေမယ့် ပရိုတွေလောက် အနေအထားရှိသူများရဲ့ အမိုက်စားရိုက်ချက်များ

Penny

SHARE