(၂၀၁၈)ခုနှစ်အတွက် (၁၂)ရာသီခွင်အလိုက် ကံကြမ္မာဟောစာတမ်း

နှစ်ဟောင်းကို လွန်မြောက်လို့ နှစ်သစ်ကူး အခါသမယကို ရောက်ရှိခဲ့ပါပြီ။ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ခညောင်းကျစေဖို့ မိရိုးဖလာမြန်မာလူမျိုးတွေဟာ နှစ်ဦးအလှူတွေနဲ့ ကောင်းမှုကုသိုလ်နဲ့စတဲ့ နှစ်သစ်ကို စတင်ဖွင့်လှစ်ခဲ့ကြပြီး တစ်ချို့တွေကတော့ အပေါင်းအသင်းတွေကို နှစ်သစ်ကူးလက်ဆောင်တွေနဲ့ လာဘ်လာဘ စဖွင့်ကြပါတယ်။ ဒီနှစ်ရာသီခွင်ဟောစာတမ်းလည်း ထွက်လာပြီမို့ Shwemom ပရိသတ်ကြီးအတွက် ရာသီခွင်အလိုက် ဟောစာတမ်းနဲ့ ရာသီခွင်တစ်ဦးချင်းဆီရဲ့ အဆိုးအကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Aries ရာသီဖွားများ

မိဿရာသီဖွားတွေရဲ့ နမိတ်ပုံဟာ သိုးထီးပုံဖြစ်ပါတယ်။ ရာသီခွင်ရဲ့ ပထမဆုံးရာသီခွင်ဖြစ်ပြီး မတ်လ (၂၁)မှ ဧပြီ (၂၀) အတွင်း မွေးဖွားသူတွေဟာ မိဿရာသီဖွားတွေဖြစ်တယ်လို့ အကြမ်းဖျဉ်းအားဖြင့် ပြောလို့ရပါတယ်။ ယခုနှစ်ရာသီမှာ မိဿဖွားတွေဟာ ယခင်က မအောင်မြင်ခဲ့တဲ့ ကြံစည်သမျှ အောင်မြင်ဖို့ရှိပြီး၊ ကြီးမားတဲ့ ရင်းနီးမြှုပ်နှံမှုတွေ၊ လုပ်ငန်းခွင်စိန်ခေါ်မှုတွေ ခံရနိုင်ပါတယ်။

Pixabay

နယ်ပယ်အရပ်ရပ်မှာ အတိုက်အခံများမယ့် နှစ်ဆိုပေမယ့် ဒီနှစ်ကတော့ လက်မထောင်နေရမယ့် နှစ်လို့ ဆိုရမှာပါ။ ဒါပေမယ့် အတိုက်အခိုက်အနေနဲ့တော့ ကိုယ့်ပျော်ရွှင်မှုကြောင့် ပျက်စီးရနိုင်ချေရှိပြီး၊ ငွေကြေးနဲ့ပတ်သက်တဲ့ လိမ်လည်ခံရမှု၊ ဆုံးရှုံးမှုတွေလည်း မိမိဆန္ဒအလျှောက် ဖြစ်နိုင်တဲ့ နှစ်ပါ။

(၂) Taurus ရာသီဖွားများ

ဒုတိယမြောက် ရာသီခွင်ဖြစ်တဲ့ ဧပြီ (၂၀)မှ မေ (၂၁)အတွင်း မွေးဖွားခဲ့ကြတဲ့ ပြိဿရာစီဖွားတွေအတွက်တော့ ယခုနှစ်မှာ ယခင်ကထက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖိအားကင်းကင်း ဖြတ်ကျော်ရဖို့ ရှိပါတယ်။ ယခုနှစ်မှာ စီးပွားရေး၊ လူမှုရေးနဲ့ပတ်သက်တဲ့ နယ်ပယ်အသစ်တစ်ခုကို စတင်နိုင်ဖို့ရှိပြီး အောင်မြင်မှုတွေကလည်း စောင့်နေပါတယ်။

Pixabay

တစ်ခါတလေမှာ စိတ်အလိုမကျနိုင်တာတွေ၊ လက်ခံဖို့ခက်ခဲတဲ့အရှုံးတွေ ကြုံရနိုင်ပေမယ့် သင်ဟာ အတွေ့အကြုံတွေကို ကောင်းကောင်းပြန်လည် အသုံးချတတ်သူတစ်ယောက်ပါ။ ပညာရေးဘက်မှာ ပေါက်မြောက်အောင်မြင်ဖို့ရှိပြီး၊ အပေါင်းအသင်းနည်းသူတွေ အိမ်ထောင်မကျသေးတဲ့ ပြိဿတွေအတွက်တော့ အပေါင်းအသင်းအသစ်တွေ၊ လက်တွဲဖော်ကြင်ဘက်တွေ တွေ့ရဖို့ရှိပါတယ်။

(၃) Gemini ရာသီဖွား

မေလ (၂၁)မှ ဇွန်လ (၂၀)အတွင်း မွေးခဲ့ကြတဲ့ မေထုန်ရာသီဖွားတွေအတွက်တော့ (၂၀၁၈)နှစ်သစ်ကြီးမှာ အရာတိုင်းကို ရင်ဆိုင်နိုင်မယ့် အားသစ်အင်သစ်တွေ ပိုင်ဆိုင်ထားလို့ ကြောက်စရာ မရှိပါဘူး။ လုပ်ငန်းခွင်မှာ အဆင်ပြေခြင်း အဆင်မပြေခြင်းတွေကြားက အကျိုးအမြတ် ဖြစ်ထွန်းဖို့ ရှိသလို၊ ယခုနှစ်မှာ ကြင်ဘက်နဲ့ နီးစပ်ဖို့ ရှိပါတယ်။

Pixabay

စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကင်းစင်နိုင်မယ့် နှစ်သစ်ဆိုပေမယ့် ရုပ်ပိုင်ဆိုင်းရာ ကျန်းမာရေးကတော့ သတိထားရမယ့် နှစ်ပါ။ ကောင်းမွန်ပြီး ကျန်းမာရေးအတွက် သင့်တော်တဲ့ အစားအသောက်ကလေးတွေ စားသုံးရင်း လေ့ကျင့်ခန်းမပြတ်လုပ်ဖို့ လိုပါတယ်။ လူမှုရေးမှာ ပေါက်မြောက်ပြီး စီးပွားရေးလည်း ယခုနှစ်မှာ အမြတ်အစွန်းတွေ ရဖို့ရှိပါတယ်။

(၄) Cancer ရာသီဖွားများ

ဇွန်လ (၂၁)မှ ဇူလိုင် (၂၀)အတွင်း မွေးဖွားကြတဲ့ Cancer ရာသီဖွားတွေအတွက်တော့ ယခုနှစ်မှာ လုပ်သမျှ အောင်မြင်မယ့်သဘောကို တွေ့ရပါတယ်။ ဒီတော့ မကောင်းတာပဲဖြစ်ဖြစ်၊ ကောင်းတာပဲဖြစ်ဖြစ် စိတ်ထဲကနေ ဆင်ခြင်စဉ်းစားဖို့လိုပြီး မမှားသင့်တာ မမှားအောင် မိမိကိုယ်ကို ထိန်းကြောင်းရမှာပါ။ အပြူသဘောဆောင်တဲ့ အပြူအမူတွေကို နဂိုအကျင့်အတိုင်း ခေါင်းမာစွာ ပယ်ရှားတတ်ခြင်းက သင့်ကို တစ်ခုခု ဆိုးကျိုးပေးပါလိမ့်မယ်။

READ
(Libra)တူရာသီဖွားတွေရဲ့ ဧပြီလ ကံကြမ္မာဟောစတမ်း
Pixabay

လူမှုရေးနယ်ပယ်မှာ အတိုက်အခိုက်တွေ တွေ့ရနိုင်ပြီး၊ အချစ်ရေးနယ်ပယ်မှာ ရတာမလို၊ လိုတာမရ ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် နှစ်မကုန်ခင်မှာ ဒီပြဿနာ ပြေလည်ဖို့ ရှိပြီး၊ စိတ်ရှည်သည်းခံခြင်းကြောင့် အကျိုးအမြတ်တွေ အများကြီး ရမယ့်နှစ်ပါဘဲ။ သွားကျန်းမာရေး၊ ဝမ်းဗိုက်ကျန်းမာရေး ဂရုစိုက်ပါ။

(၅) Leo ရာသီဖွားများ

သိဟ်ရာသီဖွားတွေလို့ ခေါ်တဲ့ Leo တွေကတော့ ဇူလိုင် (၂၁)မှ သြဂုတ် (၂၁)အတွင်း မွေးဖွားသူတွေ ဖြစ်ပါတယ်။ နှစ်သစ်မှာ အိမ်သစ်၊ သူငယ်ချင်းအသစ်တွေ ပိုင်ဆိုင်ရဖို့ရှိပြီး၊ ဒီနှစ်ကတော့ နိမ့်လိုက်မြင့်လိုက် လောကဓံကို ပထမပိုင်းမှာ ရင်ဆိုင်ရဖို့ရှိပြီး၊ နှစ်လယ်လောက်မှာ သင် အရာရာအတွက် အောင်ပွဲတွေဆက်တိုက် ခံရမှာပါ။

Pixabay

သင့်ရဲ့ ဆိုးရွားတဲ့အတွေ့အကြုံတွေဟာ သင့်အတွက် အကောင်းဆုံးအကြံပေးနဲ့ ဆရာတွေ ဖြစ်ပါတယ်။ တစ်ခါတလေ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ဦးစားပေးလွန်းလို့ နစ်နာနိုင်ပြီး၊ ကိုယ့်ဘာသာ အတ္တနဲ့ဆုံးဖြတ်တဲ့ ကိစ္စရပ်တွေက သင့်ကို သင်္ခန်းစာတွေပေးဖို့ စောင့်ကြိုနေပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ အောင်မြင်မှုရဖို့ သေချာနေတဲ့နှစ်ပါ။

(၆) Virgo ရာသီဖွားများ

ကန်ရာသီဖွားတွေကတော့ သြဂုတ် (၂၂)နဲ့ စက်တင်ဘာ (၂၂)အတွင်း မွေးဖွားသူတွေကို ခေါ်ပါတယ်။ လူလူချင်းဆက်ဆံရေးမှာ ကိုယ့်ရဲ့အရိုးခံစိတ်ရင်းသဘောထားက ပထမပိုင်းတော့ ကောင်းသယောင် ရှိပေမယ့် နောက်ပိုင်းမှာ သင့်ကို ပော့ရဆိုရခက်သူ လက်ပေါက်ကပ်သူအဖြစ် အမြင်ခံရနိုင်ပါတယ်။ ဒါပေမယ့် အချစ်ရေးမှာတော့ ဒီအချက်တစ်ခုတည်းကြောင့်ပင် အောင်မြင်မှု ရနိုင်ပါတယ်။

Pixabay

ကြံစည်ထားသမျှ အောင်မြင်ဖို့ရှိပြီး မည်သည့်နယ်ပယ်မှာမဆို အောင်မြင်နိုင်ပါတယ်။ အရာရာတိုင်း အောင်ပွဲခံနိုင်ဖို့ရှိပေမယ့် သင့်ရဲ့ အတ္တနဲ့ မရောင့်ရဲနိုင်မှုတွေက သင့်ရဲ့ပျော်ရွှင်မှုတွေကို ဖျက်ဆီးပစ်တတ်ပါတယ်။ ဒါပေမယ့် အနာဂတ်ကိုသာ အာရုံစိုက်တိုက်ပွဲဝင်နေရင် သင့်အတွက် အရာရာ သာသာယာယာ ရှိပါလိမ့်မယ်။

(၇) Libra ရာသီဖွားများ

စက်တင်ဘာ (၂၃)နဲ့ အောက်တိုဘာ (၂၂)အတွင်း မွေးကြတဲ့ တူရာသီဖွားတွေအတွက်ကတော့ (၂၀၁၈) နှစ်မှာ သာမန်အားဖြင့် အကောင်းတွေချည်း ကြုံရလိမ့်မယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အိမ်တွင်းရေးပြဿနာတွေဟာ သင့်ကို ထင်မှတ်မထားတဲ့ အနေအထားနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ ပေးဖို့ရှိပါတယ်။ လုပ်တိုင်းမအောင်မြင်လို့ စိတ်မညစ်ဖို့ လိုပါတယ်။

Pixabay

ရေရှည်မှာ အောင်မြင်မယ့်လမ်းကြောင်းအမှန်ကို တွေ့ရဖို့ရှိပြီး လုပ်ငန်းခွင်နယ်ပယ်မှာ သင်ရဲ့အောင်မြင်မှုဟာ မှတ်ကျောက်တင်စရာ ဖြစ်လာမှာပါ။ နည်းလမ်းသစ်တွေ၊ တီထွင်ဖန်တီးနိုင်မှုအသစ်တွေကနေ အကျိုးအမြတ်တွေ ရရှိနိုင်ပြီး အချစ်သစ်နဲ့ ဆုံစည်းရကိန်းလည်း ရှိနေပါတယ်။ သို့မဟုတ် ငယ်ချစ်ဟောင်းနဲ့ မထင်မှတ်ပဲ ပြန်ဆုံတတ်ပါတယ်။

(၈) Scorpius ရာသီဖွားများ

အောက်တိုဘာ (၂၃)နဲ့ နိုဝင်ဘာ (၂၂)အတွင်း မွေးဖွားသူတွေဟာ ဗြိစ္ဆာရာသီဖွားတွေဖြစ်ပါတယ်။ ဒီနှစ်မှာ အစစ အဆင်ပြေနိုင်ပေမယ့် အချစ်ရေးမှာတော့ တစ်ယောက်ကိုတစ်ယောက် မယုံကြည်မှုတွေ၊ သဝန်တိုမှုတွေ ခံစားရနိုင်ပြီး မလိုလားအပ်တဲ့ အပ်ကြောင်းလေးတွေလည်း ရင်ဆိုင်ရဖို့ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးဒေါက်ထောက်ကြည့်ပြီး အပြစ်ရှာရင်း ကိုယ့်အပြစ်ကိုယ့်မမြင် ဖြစ်မဲ့ကာလ အပိုင်းအခြားတွေပါ။

Pixabay

စီးပွားရေး၊ လူမှုရေးနယ်ပယ်ဘက်မှာတော့ အရိုးခံစိတ်ရင်းကြောင့် ယုံကြည်သူတွေများပြီး အကျိုးအမြတ် ဖြစ်ထွန်းရဖို့ရှိပါတယ်။ ပညာရေးဘက်မှာလည်း အတက်ဘက်ကို ပြနေပါတယ်။ ဒါပေမယ့် ယခုနှစ်မှာ ကိုယ့်ရဲ့ မဆင်မချင်အပြောအဆိုလေးတွေက ကိုယ့်ရဲ့အောင်မြင်မှုလမ်းကြောင်းကို ပိတ်စေနိုင်သည်အထိ သက်ရောက်မှုတွေရှိတယ်ဆိုတာ သတိထားပါ။

READ
တနလာင်္သမီးတွေကို ချစ်မိရင် သတိထားရမယ့်အချက်များ

(၉) Sagittarius ရာသီဖွားများ

နိုဝင်ဘာ(၂၃) ဒီဇင်ဘာ (၂၀) အတောအတွင်းမှာ မွေးဖွားခဲ့ကြသူများကို ဓနုရာသီဖွားများ (Sagittarius)လို့ ခေါ်ပါတယ်။ ယခုနှစ်မှာတော့ ဓနုရာသီဖွားတွေဟာ အေးအေးဆေးဆေး သက်တောင့်သက်သာနဲ့ ကျော်ဖြတ်ရဖို့ ရှိပါတယ်။ လုပ်ငန်းခွင်ပိုင်းမှာ ကိုယ့်ခြေကိုယ့်လက် ဖြစ်သည်အထိ အလုပ်ရှင်တွေရဲ့ ယုံကြည်မှု ခံရဖို့ရှိပြီး၊ ကိုယ်ပိုင်လုပ်ငန်းတွေမှာ အစုအစပ်တွေ အကျိုးရှိမယ့် နှစ်ပါ။

Pixabay

ဒါပေမယ့် လုပ်ချင်တဲ့ဆန္ဒက စောနေပြီး၊ ရလာတဲ့ရလဒ်တွေကို မကျေနပ်တဲ့ စိတ်ခံစားမှုတွေ ခံစားရနိုင်ပြီး၊ အချစ်ရေး အိမ်ထောင်ရေးမှာလည်း တစ်ယောက်နဲ့တစ်ယောက် ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေက အကျယ်အကျယ် ဖြစ်သွားနိုင်ပါတယ်။ ငွေရေးကြေးရေးနဲ့ပတ်သက်တဲ့ စိတ်ဖိအားတွေ ဝင်လာနိုင်ပြီး၊ ကြံ့ကြံ့ခံရင်ဆိုင်ဖို့ လိုပါတယ်။

(၁၀) Capricorn ရာသီဖွားများ

ဒီဇင်ဘာ (၂၁)နဲ့ ဇန်နဝါရီလ (၁၉)ရက်အတွင်းမှာ မွေးဖွားသူတွေဟာ မကာရရာသီဖွားတွေဖြစ်ပါတယ်။ ယခုနှစ်မှာတော့ သက်ဆိုင်ရာ နယ်ပယ်တိုင်းမှာ အတိုက်အခိုက် အပြိုင်အဆိုင်တွေရှိပြီး၊ ကိုယ့်ဘက်က ကြိုးစားအားထုတ်မှုမရှိဘူးဆိုရင် ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ သင့်အတွေးအခေါ်ကို ပြောင်းလဲနိုင်စွမ်းရှိမယ့် လူမိတ်ဆွေအသစ်နဲ့ ပေါင်းဖော်ရဖို့ ရှိပြီး ဘဝတိုးတက်ရေးအတွက် လမ်းစတွေ ရနိုင်ပါတယ်။

Pixabay

ကိုယ့်အားကိုယ်ကိုးတာ ကောင်းပေမယ့် တစ်ခါတရံမှာ လုပ်ငန်းမတွင်ကျယ်မှုတွေ၊ အစက ပြန်လုပ်ရမှုတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေဟာ သင်ကြုံတွေ့နေကျအခက်အခဲတွေဖြစ်ပြီး၊ စိတ်အားမငယ်ပဲ ပန်းတိုင်ကိုရောက်ဖို့အတွက် နောက်ကို အားပြန်ယူတာလို့ပဲ မှတ်ယူပါ။

(၁၁) Aquarius ရာသီဖွားများ

ဇန်နဝါရီ (၂၀)နဲ့ ဖေဖော်ဝါရီ (၁၈)အတွင်းမှာ မွေးဖွားတဲ့သူတွေကို ကုံရာသီဖွားတွေလို့ သတ်မှတ်ပါတယ်။ ယခုနှစ်မှာ လုပ်ငန်းကိုင်ငန်းတွေ အဆင်ပြေနိုင်ပြီး၊ ရာထူုးတိုး၊ နယ်ပြောင်း၊ လစာဝင်ငွေကောင်းတဲ့အလုပ်အကိုင်တွေ လုပ်ရဖို့ ရှိပါတယ်။ အိမ်ထောင်မကျသေးသူများအဖို့ အချစ်ရေးမှာ နှောင့်နှေးနိုင်ပြီး၊ လမ်းစုံလမ်းခွမှာ တွေဝေနေတဲ့သဘော ဖြစ်တတ်ပါတယ်။

Pixabay

အခြားနယ်ပယ်တွေမှာတော့ အောင်မြင်မှုကို မနာလိုမရှုစိမ့်တာတွေ ခံရနိုင်သလို၊ ရေလိုက်မှားပြီး ထင်မှတ်မထားတဲ့ အရှုံးတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ခြေထိုးပြီးလှဲလိုသူတွေ ကုန်းတိုက်သွေးခွဲသူတွေဟာ ယခုနှစ်မှာ စိတ်ဖိအားအများဆုံး ပေးသူများ ဖြစ်ပြီး အနိုင်မခံအရှုံးပေးတဲ့စိတ်နဲ့သာ အနိုင်ယူပါ။

(၁၂) Pisces ရာသီဖွားများ

ဖေဖော်ဝါရီ (၁၉)နဲ့ မတ်လ (၂၀)အတွင်းမှာ မွေးဖွားကြတဲ့သူတွေကို Pisces (မိန်ရာသီဖွား)တွေလို့ ခေါ်ပါတယ်။ ယခုနှစ်မှာတော့ မိမိအတ္တအလျှောက် ပြုမူမိတဲ့ ကိစ္စရပ်တွေမှာ အမှားအယွင်းရှိနိုင်ပြီး၊ နောက်ဆုံးမှာ မျှော်လင့်ချက်မဲ့၊ ဦးတည်ရာမဲ့တဲ့ စိတ်ခံစားမှုတွေ ခံစားရနိုင်ပါတယ်။ အခြေအနေနဲ့ အချိန်အခါကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းဖို့ လိုပါတယ်။

Pixabay

အချစ်ရေးနဲ့ပတ်သက်ရင်တော့ လိုက်လေဝေးလေးဘဝ၊ ရတာမလို လိုတာမရတဲ့ဘဝကနေ လွတ်ကင်းတော့မှာပါ။ အရာရာ သာသာယာယာရှိပြီး၊ လက်တွဲဖော်အစစ်အမှန်နဲ့ ဆုံရမယ့် နှစ်ပါဘဲ။ စီးပွားရေးလုပ်ငန်းခွင်နယ်ပယ်တွေမှာ လုပ်ငန်းကိုင်ငန်းအသင့်အတင့်ဆိုပေမယ့် ဝန်ထမ်းဘဝကို ပိုင်ဆိုင်ထားသူတွေကတော့ အခွင့်အလမ်းအသစ်တွေ ရဖို့ရှိပါတယ်။

ညီလင်းထက် (Shwemom)

 

SHARE