(၂၀၁၉)ခုနှစ် ထူးထူးခြားခြား ကမ္ဘာ့ဂင်းနစ်စံချိန်သစ်များ

ခန္ဓာကိုယ်ထွင်းဖောက်မှု အများဆုံးပြုလုပ်ခဲ့သူ

(၂၀၁၉)ခုနှစ် ကမ္ဘာ့ဂင်းနစ်စံချိန်ဝင်သူတွေထဲမှာ ခန္ဓာကိုယ် ပြုပြင်မှုပေါင်း (၅၀၀) ကျော်ပြုလုပ်ခဲ့တဲ့ အမျိုးသားကတော့ အထူးဆန်းဆုံးထဲက တစ်ဦးပါ။ Rolf Buchholz ဆိုသူဟာ အံ့သြစရာကောင်းလောက်အောင် ပြုပြင်မှုပေါင်း (၅၁၆)ခု ပြုလုပ်ခဲ့ပြီး သူ့အနေနဲ့ ထပ်မံပြီးတောင် တိုးချဲ့ဖို့ အစီအစဉ်ရှိပါတယ်။ အသက်(၅၉)နှစ်အရွယ် Rolf ဟာ နောက်ဆုံးထုတ်ဝေမယ့် ဂင်းနစ်စာအုပ်ထဲမှာ ကမ္ဘာ့စံချိန်သစ်တွေတင်ပြီး ပါဝင်မှာပါ။

တစ်မိနစ်အတွင်း နောက်ပြန်မီးအများဆုံးမှုတ်ထုတ်နိုင်သူ

Ryan Luney/Twitter

အသက် (၂၂) နှစ်အရွယ် Ryan Luney ဟာ (၈) နှစ်သားအရွယ်ကတည်းက နောက်ပြန်မီးမှုတ်တတ်တဲ့ အလေ့အကျင့်ကို သင်ယူထားတာပါ။ သူဟာ တစ်မိနစ်မှာ (၁၄)ခါ နောက်ပြန် မီးမှုတ်နိုင်ပါတယ်။

ကမ္ဘာ့အသက်အကြီးဆုံး ကောင်းကင်ကျွမ်းဘား ပညာရှင်

Betty Goedhart ဟာ အသက်အကြီးဆုံး ကောင်းကင်ကျွမ်းဘားကစားသမား ဖြစ်လာတဲ့အချိန်မှာ အသက် (၈၄) နှစ်ရှိပြီး (၇၈)နှစ်ကမှ ကျွမ်းဘားပညာကို လေ့လာလိုက်စားခဲ့တာ ဖြစ်ပါတယ်။

READ
ဝလွန်းလို့မိန်းမနဲ့အတူမနေနိုင်တာကြောင့် အိမ်ထောင်ပြိုကွဲခဲ့ပြီး ဘဝကိုပြောင်းလဲပစ်ခဲ့

အမြန်ဆုံးနှုန်းနဲ့ ပြိုင်ကားငယ်မောင်းနှင်နိုင်သူ

အသက်(၂၆)နှစ်အရွယ် ဗြိတိန်လူမျိုး Tom Bagnall ဆိုသူဟာ စက်တပ်ယာဉ် ပြိုင်ကားငယ်ကို အမြန်ဆုံးနှုန်းနဲ့ မောင်းနှင်ခဲ့သူပါ။ တစ်နာရီကို (၁၁၂.၂၉) မိုင်နှုန်း ကြောက်စရာအရှိန်နဲ့ မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။

အမြင့်ဆုံးခုန်နိုင်တဲ့ ခွေး

Guinness World Records/YouTube

Feather လို့အမည်ရတဲ့ အမေရိကန် မေရီလန်းပြည်နယ်က ခွေးတစ်ကောင်ဟာ အမြင့်ဆုံး (၁၉၁.၇) စင်တီမီတာထိ ခုန်နိုင်တဲ့ ခွေးတစ်ကောင်ဖြစ်ပါတယ်။

အကြိမ်ရေတွက် အများဆုံး နှစ်ပင်လိမ်ကြိုးခုန်နိုင်တဲ့ ခွေး

Guinness World Records/YouTube

Geronimo အမည်ရတဲ့ ခွေးမလေးတစ်ကောင်ဟာ ဒတ်ခ်ျစတိုင် နှစ်ပင်လိမ်ခုန်တဲ့ကြိုးကို အကြိမ်ရေတွက် အများဆုံးခုန်နိုင်သူပါ။ တစ်မိနစ်မှာ (၁၂၈)ကြိမ် ကြိုးခုန်နိုင်ခဲ့ပါတယ်။

အသက်အကြီးဆုံး ကလပ် DJ

ဂျပန်နိုင်ငံ တိုကျိုမြို့နေ အသက်(၈၂)နှစ်အရွယ် Sumiko Iwamuro ဟာ ကမ္ဘာ့အသက်အကြီးဆုံး ကလပ် DJ တစ်ဦးဖြစ်ပြီး DJ Sumirock လို့ လူသိများပါတယ်။

READ
ဂြိုဟ်သားနဲ့တူတဲ့ သမီးကို မပြုစုလိုဘူးဆိုပြီး မွေးမွေးချင်း ငြင်းပယ်ခဲ့တဲ့ မိခင်

ကမ္ဘာ့အရှည်ဆုံး သိုးမွှေးထိုးအပ်

အသက်(၃၁)နှစ်အရွယ် Elizabeth Bond ဆိုသူဟာ (၄.၄) မီတာအရှည်ရှိတဲ့ သိုးမွှေးထိုးအပ်တွေကို ဖန်တီးခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး လူစီးစက်ရုပ်

အင်္ဂလန်နိုင်ငံ ၀င်ချက်စတာမြို့က Matt Denton ဟာ ကမ္ဘာ့အကြီးဆုံး လူစီးနိုင်တဲ့စက်ရုပ်ကြီးဖြစ်ပါတယ်။ (၂.၉) မီတာ အမြင့်ရှိပြီး (၅) မီတာ အကျယ်ရှိပါတယ်။

တစ်မိနစ်အတွင်း ၀က်အူချောင်း အများဆုံးလုပ်နိုင်သူ အမျိုးသား

အိုင်းရစ်လူမျိုး သားသတ်သမား Barry John Crowe ဟာ တစ်မိနစ်ကို ၀က်အူချောင်းပေါင်း (၇၈) ခုပြုလုပ်နိုင်ပါတယ်။ Barry ဟာ အသက် (၁၀) နှစ်အရွယ်ကတည်းက မိသားစုပိုင် အသားဆိုင်မှာ မိဘတွေကို ကူညီရင်းနဲ့ ၀က်အူချောင်းပြုလုပ်နည်းကို သင်ယူခဲ့တာပါ။

လင်းလင်း (ShweMom)

Ref: Mirror

SHARE