နည်းပညာတွေ အဆင့်မြှင့်ထားမယ့် Mercedes ရဲ့ 2019 CLA ကား 

Mercedes-Benz ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၂ နှစ်ကတည်းက ပထမတန်းစား ကားတွေကို ထုတ်လုပ်နေခဲ့တဲ့ ကမ္ဘာကျော် ဂျာမန်ကားကုမ္ပဏီပါ။ အခုဆိုရင် Mercedes ကုမ္ပဏီကနေ အဆင့်မြှင့်ထားတဲ့ နည်းပညာတွေကို ကားတွေမှာ ထည့်သွင်းထုတ်လုပ်နေပါပြီ။

Mercedes ရဲ့ CLA ကားကို လတ်တလော လတ်စ်ဗီးဂတ်စ်မှာ ကျင်းပနေတဲ့ CES နည်းပညာထုတ်ကုန်ပြပွဲမှာ ပြသလိုက်တာပါ။ ပုံစံကတော့ ပိုပေါ့ပါး၊ ပိုရှည်လျားလာတဲ့ ကားဘော်ဒီသွင်ပြင်ရှိပြီး ကားအတွင်းဘက်မှာလည်း နည်းပညာ မြှင့်တင်ထားပါတယ်။ အမေရိကန် ဈေးကွက်ကို အဓိကထိုးဖောက်မယ်လို့လည်း သိရပါတယ်။

Mercedes-Benz

ကားအတွင်းပိုင်းမှာတော့ MBUX စနစ်ကို သုံးထားပါတယ်။ MBUX စနစ်ကို Mercedes ရဲ့ A Class ကားမှာ စတင်ထည့်သွင်းခဲ့တာပါ။ အခုဆို CLA Class မှာပါ ထည့်သွင်းလာပြီး GLE-Class SUV မှာလည်း MBUX စနစ်ကို ထည့်သွင်းထားပါတယ်။

READ
AI စနစ် တွင်ကျယ်လာမှုကြောင့် နိုင်ငံများကြား စစ်ပွဲတွေဖြစ်ပွားမှာ စိုးရိမ်နေတဲ့ တရုတ်နိုင်ငံ
Mercedes-Benz

MBUX စနစ်အကြောင်းကို ဖော်ပြရမယ်ဆိုရင်.. ကားထဲမှာ အသံထိန်းချုပ်မှုစနစ်နဲ့ လက်ဟန်ပြ ထိန်းချုပ်မှုစနစ်တို့ ပါဝင်ပါတယ်။ အမှောင်ထဲမှာဆို နောက်ကြည့်မှန်ကို လက်ပြလိုက်ရင် စာကြည့်မီး ဖွင့်တာ ပိတ်တာ လုပ်နိုင်ပြီး ဘေးနားက passenger seat မှာ လူမပါတဲ့အခါ လက်ကို ဘေးခုံပေါ် ပြလိုက်ရင်လည်း ဘေးခုံမှာ မီးပွင့်လာတဲ့ feature တွေ ပါဝင်ပါတယ်။ ကိုယ်သွားလိုတဲ့ နေရာတွေကိုလည်း စကားနဲ့ ဖော်ပြကာ လမ်းညွှန်စနစ်ကို စေခိုင်းအသုံးပြုနိုင်ပါတယ်။ Voice assistant ကို အသုံးပြုမယ်ဆို သဘာဝဆန်ဆန် စကားပြောသလိုပဲ ပြောနိုင်ပြီး “Hey Mercedes” လို့ စခေါ်လိုက်ရုံပါပဲလို့ Mercedes-Benz ရဲ့ တာဝန်ရှိသူတစ်ဦးက ရှင်းပြထားပါတယ်။

Mercedes-Benz

နောက် feature တစ်မျိုးကတော့ ကားမောင်းနှင်သူက Mercedes က ထုတ်ထားတဲ့ smart watch ကို ပတ်ထားတယ်ဆိုရင် နာရီနဲ့ ကားကိုပါ တစ်ခါတည်း ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါတယ်။ နာရီနဲ့ ကားချိတ်ဆက်ထားတဲ့အခါ နာရီပတ်ထားသူရဲ့ စိတ်ဖိစီးမှု level တွေ၊ ဘယ်လောက် အိပ်ရေးဝထားတယ် ဆိုတာတွေကို ကားရဲ့ media display မှာ မြင်နေရမှာပါ။

READ
CES နည်းပညာပြပွဲမှာ ပြသခဲ့သော အတိတ်က နည်းပညာပစ္စည်းများ
Mercedes-Benz

ကားအမျိုးအစားကိုတော့ ဓာတ်ဆီကားနဲ့ ဒီဇယ်ကား ၂ မျိုးလုံး ထုတ်လုပ်မှာပါ။ အရေးကြုံတဲ့ အခြေအနေတွေမှာ အသုံးပြုနိုင်မယ့် အလိုအလျောက် မောင်းနှင်စနစ်လည်း ထည့်သွင်းထားတဲ့ Mercedes ရဲ့ ပထမဆုံး ကားအမျိုးအစားလည်း ဖြစ်ပါတယ်။ ကားမှာ ပါဝင်တဲ့ ကင်မရာနဲ့ ရေဒါစနစ်တွေကြောင့်လည်း မောင်းနှင်စဉ် အရှေ့ မီတာ ၅၀၀ အထိပါ ကြိုကြည့်နိုင်ပါတယ်။

Mercedes-Benz

CLA ကားကို ဟန်ဂေရီနိုင်ငံမှာ ထုတ်လုပ်မှာဖြစ်ပြီး ၂၀၁၉ မေလမှာ ဈေးကွက်ထဲ ဝင်ရောက်မှာ ဖြစ်ပါတယ်။

Mercedes-Benz

Ref: Tech Crunch

SHARE