တောင်ကိုရီးယားရဲ့ လက်ရှိအအောင်မြင်ဆုံး K-pop group ကိုပြောပါဆိုရင်တော့ BLACKPINK လို့ပဲ ဆိုရမှာပါပဲ။ ကောင်မလေး ၄ ယောက်နဲ့ ဖန်တီးထားတဲ့ BLACKPINK ဟာ ၂၀၂၀ ခုနှစ်အတွင်းမှာတော့ ခပ်ကြမ်းကြမ်းပဲ သူတို့ရဲ့အနုပညာလမ်းကြောင်းတစ်လျှောက်မှာ မှတ်တိုင်ပေါင်းများစွာကို စိုက်ထူသွားနိုင်ခဲ့ပါတယ်။ (၂၀၂၀)ခုနှစ်ဟာ အခြားအဖွဲ့ပေါင်းများစွာအတွက် ရုန်းကန်ရတဲ့ နှစ်ဖြစ်ခဲ့ပေမယ့် BLACKPINK အတွက်ကတော့ အောင်မြင်မှုပေါင်းများစွာ သိမ်းပိုက်နိုင်ခဲ့တဲ့နှစ် ဖြစ်ခဲ့ပါတယ်။
(၂၀၁၆) ခုနစ်ရဲ့ Boombayah ကစတင်ပြီးတော့ ပရိတ်သတ်တွေရဲ့ ရင်ကို သိမ်းပိုက်ခဲ့တဲ့ BLACKPINK ဟာ ၄ နှစ်တာကာလအတွင်း တခြားအနုပညာရှင်တွေနဲ့ယှဉ်ရင် သီချင်းအပုဒ်တွ အဲလောက် မများခဲ့ပါဘူး။ (၂၀၁၆) ခုနှစ်မှာ Boombayah, ၂၀၁၈ ခုနှစ်မှာ DDU-DU DDU-DU, ၂၀၁၉ ခုနှစ်မှာ Kill This Love အစရှိသဖြင့် တစ်ပုဒ်ချင်းစီပဲ ထွက်လာခဲ့ကြတာပါ။
View this post on Instagram
ကြားထဲ ရှိုးလေးတွေ၊ tour လေးတွေနဲ့ (၂၀၁၉) ခုနှစ် ဧပြီလကတုန်းကလည်း Coachella မှာ ဝင်ရောက်ဖျော်ဖြေခွင့်ရရှိခဲ့ပါတယ်။
ဒီအပြင် (၂၀၂၀) ထဲမှာဆိုရင် Selena Gomez နဲ့ပေါင်းပြီး Ice-cream သီချင်းကို ထုတ်ခဲ့ကာ How You Like That ဆိုတဲ့ album ကိုလည်း ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီအထဲမှာဆိုရင် ကမ္ဘာကျော် အမျိုးသမီးနံပါတ် ၁ rapper တစ်ဦးဖြစ်တဲ့ Cardi B ကိုပါ featuring အနေနဲ့ ခေါ်ထားခဲ့တာပါ။
View this post on Instagram
ဒီအပြင် Netflix မှာလည်းပဲ documentary ထွက်လာခဲ့တယ်ဆိုတာ အားလုံးလည်း သိထားကြမှာပါပဲ။
ထပ်ပြီး member တစ်ယောက်ဖြစ်တဲ့ Jisoo ဟာဆိုရင်လည်း ရုပ်ရှင်ဖက်ကို ခြေလှမ်းစခဲ့ပြီး ဒရာမင်းသမီးတောင်ဖြစ်နေခဲ့ပါပြီ။ Jennie တစ်ယောက် solo ထွက်ပြီးပြီဆိုတော့ ကျန်တဲ့ member ၃ ယောက်ဖြစ်တဲ့ Lisa, Rose နဲ့ Jisoo တို့ကိုလည်း solo အနေနဲ့ debut လုပ်ပေးဖို့ကိုလည်း YG က အတည်ပြုခဲ့ပါတယ်။
View this post on Instagram
ကောင်မလေးတွေဟာ YouTube ရဲ့ viewer နဲ့ subscriber အများဆုံးဖြစ်နေတဲု့girl group တစ်ခုဖြစ်တဲ့အပြင်ကိုမှ billboard ထဲမှာလည်း အတော်ကြာအောင် ဗိုလ်စွဲထားခဲ့ပါသေးတယ်။ ၂၀၂၀ ကတော့ BLACKPINK ရဲ့ လက်ရှိအချိန်ထိ အအောင်မြင်ဆုံးနှစ်လို့ ဆိုရမှာပါပဲ။
View this post on Instagram
penny