COVID-19 ဖြစ်နေပေမယ့်လို့ Miss USA ကိုတော့ မနေ့ကပဲ ကျင်းပလို့ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။ တကယ်တော့ ၂၀၂၀ ခုနှစ်အတွက် Miss USA ရွေးချယ်ပွဲကို ပြီးခဲ့တဲ့လတွေထဲက ကျင်းပရမှာဖြစ်ပေမယ့်လို့ ကပ်ရောဂါဘေးကြောင့် ပွဲကို ယခုအချိန်ထိ ရွှေ့ဆိုင်းထားခဲ့တာပါ။
ဒါပေမဲ့လည်း မကျင်းပလို့ကလည်းမဖြစ်တော့တာကြောင့် တနင်္လာနေ့ကပဲ Miss USA 2020 ရွေးချယ်ပွဲကိုကျင်းပပြီးတော့ ရုပ်သံလိုင်းတွေကနေတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။
View this post on Instagram
ဒီနှစ်အတွက်ကိုတော့ First Runner-up အနေနဲ့ Idaho မှ Miss Kim Layne နဲ့ Second Runner-up ကိုတော့ Oklahoma မှ Miss Mariah Jane Davis က ရရှိခဲ့ကြပါတယ်။ ဒါပေမဲ့ Miss USA 2020 သရဖူကိုတော့ Mississippi မှ Miss Asya Branch မှ ရသွားခဲ့တာပါ။ သူမဟာ Booneville မှာ နေထိုင်တဲ့ African-American သူတစ်ဦးဖြစ်ပါတယ်။
View this post on Instagram
Asya Branch ဟာ အသက် ၂၂ နှစ်သာရှိနေသေးပြီးတော့ University of Mississippi မှ Broadcast Journalism နဲ့ ဘွဲ့ရထားခဲ့သူတစ်ဦးပါ။ လက်ရှိအချိန်မှာလည်း အဲဒီမေဂျာအထူးပြုပြီးတော့ doctor ဘွဲ့ကို ရယူဖို့ ကြိုးစားလျက်ရှိနေပါတယ်။ ၂၀၁၆ ခုနှစ်တုန်းကလည်း Miss Mississippi မှာ Lifestyle & Fitness Preliminary ဆုကိုလည်း ရထားခဲ့ဖူးပါတယ်။
View this post on Instagram
သူမသာ Miss USA သရဖူကို ဆောင်းခွင့်ရှိခဲ့မယ်ဆိုရင် ပထမတစ်ချက်အနေနဲ့ အမေရိကရဲ့ သေနတ်ကိုင်ဆောင်ခွင့်ကို ပြန်လည်စီစစ်ဖို့အတွက် တိုက်တွန်းမိမှာပါတဲ့လေ။ သေနတ်လိုင်စင်မထုတ်ပေးခင်မှာ သေချာတဲ့ training တွေကို ပေးပြီး စာချုပ်စာတန်းတွေနဲ့ လက်မှတ်ထိုးပြီးကာမှ လိုင်စင်ချပေးတာမျိုးတွေကို ဖြစ်စေချင်ပါတယ်တဲ့။ နောက်တစ်ချက်ကတော့ ကလေးသူငယ်ဆိုင်ရာ အနာဂတ်ရေးရာအတွက် တက်ကြွလှုပ်ရှားမှုတွေမှာလည်း အားတက်သရော ပါဝင်သွားမယ်လို့ ဖော်ပြထားပါတယ်။
View this post on Instagram
လက်ရှိအချိန်မှာတော့ Asya Branch စာ New York ကို Miss USA တာဝန်တွေထမ်းဆောင်ဖို့ ကပ်ရောဂါဖြစ်နေတဲ့ကြားထဲကမှ ထွက်ခွာသွားခဲ့ပြီပဲဖြစ်ပါတယ်။
View this post on Instagram
penny