အရှိန်မထိန်းနိုင်တဲ့ကားနဲ့ တိုက်ခံရသူ လေပေါ်မှာ ပေလေးဆယ်လောက်အထိ မြောက်သွားခဲ့

တန်ဖိုးကြီးကားဖြစ်စေ၊ တန်ဖိုးနည်း ကားဖြစ်စေ လမ်းပေါ်မှာ သက်မှတ်မိုင်နှုန်းထက်ပိုမောင်းရင် အန္တရာယ်ရှိတာချင်းတော့ အတူတူပါဘဲ။ အင်္ဂလန်ကဲ့သို့သော နိုင်ငံတွေမှာ နေရာအနှံ့နီးပါး CCTV တွေ တပ်ဆင်ထားတာမို့ လမ်းပေါ်ကို
ရောက်ရင် လမ်းစည်းကမ်း၊ ယာဉ်ရပ်နားမယ်ဆိုရင်လည်း ယာဉ်ရပ်ခွင့်ပြုထားသလား စတဲ့အချက်တွေကို လိုက်နာရပါ
တယ်။

မလိုက်နာဘူးဆိုရင်လည်း ရဲမှတ်တမ်းဝင်သွားတာနဲ့အမျှ ချက်ချင်း ကွိဆို ဖမ်းမိနိုင်တဲ့နိုင်ငံ ဖြစ်ပါတယ်။ အခု ဖာရာရီကား အကောင်းစားကို မောင်းနှစ်လာတဲ့ ကားဒရိုင်ဘာဟာ Range Rover ကားတစ်စီးနဲ့ အပြိုင်ယှဉ်မောင်းရင်း ရုတ်တရက်
ဂငယ်ကွေ့ ကွေ့ချလိုက်ရာကနေ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်သမားတစ်ယောက်နဲ့ လမ်းလျှောက်ဆယ်ကျော်သက်
အုပ်စုကို ၀င်ရောက်တိုက်မိခဲ့ပါတယ်။

လူခြောက်ယောက် အရေးပေါ် ဆေးရုံပို့ခဲ့ရပြီး ပေါင် 208000 အထိပေးရတဲ့ Ferrari 458 လည်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့
ပြီး ဒရိုင်ဘာကို ယာဉ်မဆင်မဆင် မောင်းနှင်မှုနဲ့ဖမ်းဆီးထားပါတယ်။ လန်ဒန်မြို့ Battersea Dogs & Cats ဂေယာအနီးမှာ ဖြစ်ခဲ့တဲ့ ဒီယာဉ်မတော်တဆမှုမှာ ဒဏ်ရာရရှိသူတစ်ယောက်ရဲ့ အခြေအနေကတော့ စိုးရိမ်ရပါတယ်။

READ
မီးခိုးဖြစ်သွားတဲ့ ချစ်သူစုံတွဲနဲ့ မာယွန်မီးတောင်ရဲ့ နောက်ကွယ်က အချစ်ရာဇဝင်

ဒါ့အပြင် အစိမ်းရောင်တိုယိုတာကိုရိုလာတစ်စီးလည်း ရှေ့လေကာမှန် ကွဲအက်မှု ဖြစ်သွားခဲ့ပါတယ်။ မျက်မြင်သက်သေတစ်ယောက်ရဲ့ ပြောကြားချက်အရတော့ ” ဖာရာရီကားက Range Rover  ကားနဲ့ အပြိုင်မောင်းလာကြတာပါ … နောက် ဖာရာရီက ရုတ်တရက် ဂငယ်ကွေ့ ကွေ့ချလိုက်ပြီး စက်ဘီးသမားတစ်ယောက်နဲ့ လမ်းဘေးမှာ သွားလာနေတဲ့ ကလေး
တွေကို ၀င်တိုက်မိတာ … ပေ 40-50 လောက်အထိ လေထဲကိုလွင့်သွားသလားလို့တောင် ထင်ရတယ် “လို့ ပြောခဲ့ပါ
တယ်။

အမည်မဖော်လိုတဲ့ ဆောက်လုပ်ရေးလုပ်သားတစ်ယောက်ကလည်း ” လမ်းက ကျဉ်းတယ်ဗျ … ကျွန်တော်က လုပ်ဖော်ကိုင်ဘက်တစ်ယောက်ကို ပြောသေးတယ် … ဟိုမှာ ဖာရာရီနဲ့ Range Rover တော့ ပြိုင်းမောင်းလာကြပြီ … သူတို့
ကျော်တတ်ဖို့ ကြိုးစားနေတယ်ဆိုပြီးပေါ့ … မကြာဘူး စက်ဘီးသမားကို ဖာရာရီက ၀င်တိုက်မိတယ် … ပြီတော့ ဆက်
တိုက် လမ်းဘေးက လူတွေကို တိုက်မိတယ် … အတိုက်ခံရတဲ့ တစ်ယောက်ကတော့ စင်္ကြန်စည်းရိုးကနေ ကျော်ပြီး
အောက်က လမ်းပေါ်ကို ပြုတ်ကျတဲ့အထိပဲ “လို့ ပြောခဲ့ပါတယ်။

READ
ကိုယ်ပိုင်လေယာဉ်ပြုလုပ်နိုင်ခဲ့လို့ အိန္ဒိယဝန်ကြီးချုပ်ရဲ့ အသိအမှတ်ပြုခြင်း ခံခဲ့ရသူ

အခင်ဖြစ်နေရာကို လန်ဒန်အရေးပေါ်သူနာပြုအဖွဲ့၊ လန်ဒန်အရေးပေါ်လေကြောင်းသူနာပြုရဟတ်ယာဉ်နဲ့၊ ရဲတပ်ဖွဲ့ဝင်
တွေ ချက်ချင်းရောက်လာခဲ့ပြီး အခင်းဖြစ်နေရာမှာပဲ ဖာရာရီယာဉ်မောင်းကို ဖမ်းဆီးနိုင်ခဲ့သလို၊ ဒဏ်ရာရရှိတဲ့ လူနာတွေကို မိနစ်ပိုင်းအတွင်း ဆေးရုံပို့ပေးနိုင်ခဲ့ပါတယ်။

ညီလင်းထက် (Shwemom)

source : thesun.co.uk

SHARE