ကလေးတွေဟာ အနုပညာဓာတ်ခံ ပါကြကြောင်း ပြသနေတဲ့ ပန်းချီကားများ

ကလေးတွေဟာ ငယ်ရွယ်စဉ်မှာ သူတို့ရဲ့အနုပညာစိတ်ကူးတွေကို အကောင်းဆုံး ပုံဖော်နိုင်ကြသူတွေပါ။ အသက်ကြီးလာချိန်မှာတော့ ဘ၀ရဲ့ ရုန်းကန်လှုပ်ရှားမှုတွေမှာ မျောပါသွားကြရင်း သူတို့ စိတ်ထဲက အနုပညာစိတ်ကူးတွေကြောင်းကို မေ့သွားကြရပါတယ်။

သင့်မှာသာ ကလေးတစ်ယောက်ရှိမယ်ဆိုရင် သူ့ကို ပုံဆွဲစက္ကူတွေနဲ့ ခဲတံအချို့ပေးထားကြည့်လိုက်ပါ။ သူတို့ဟာ သူတို့ ခံစားချက်တွေအတိုင်း ပုံပေါ်အောင် ရေးဆွဲနိုင်စွမ်း ရှိကြပြီး အဲဒါဟာ မလှမပတွေ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ရသတစ်ခုခုကတော့ ပါဝင်နေမှာ အမှန်ပါပဲ။

ကလေးတွေဟာ အနုပညာရှင်တွေပဲလို့ ပြောရင် သင် ရယ်ကောင်းရယ်နေမှာဖြစ်ပေမယ့် ဒီအောက်မှာ ဖော်ပြထားတဲ့ ပုံတွေကို ကြည့်ရင်ပဲ အဲဒီစကားကို လက်ခံလာနိုင်ဖို့ ရှိနေပါတယ်။

ဒါက (၅)နှစ်အရွယ်ကလေးတစ်ယောက် ဆွဲထားတဲ့ပုံဖြစ်ပြီး သူ့အမေ အီးပေါက်တဲ့ပုံပါတဲ့
Imgur
သူ့အမေစိတ်ဆိုးနေတဲ့ပုံကိုဆွဲထားတဲ့ ကလေးတစ်ယောက်ရဲ့ပန်းချီကား
Imgur
သူ့အမေပုံကို ဆွဲခဲ့ရမယ်လို့ အိမ်စာပေးလိုက်လို့ပါတဲ့
Imgur
စားသောက်ဆိုင်တစ်ခုကတောင် ဂရုတစိုက်နဲ့ ကပ်ပေးထားရတဲ့ ကလေးတစ်ယောက်ရဲ့လက်ရာ
Imgur
အနာဂတ်မှာ သူ့ဘာသာသူ ဘယ်လိုဖြစ်မလဲဆိုတာ တွေးပြီး ဆွဲထားတာတဲ့
Imgur
ပထမဆုံး ပန်းချီသင်တန်းချိန်ရဲ့ အတွေ့အကြုံလေး
Imgur
ဆေးလိပ်သောက်ရင် ဒီလိုဖြစ်မယ်ဆိုတဲ့ ပညာပေး ပန်းချီကားကြီး
Imgur
ဘ၀ပျက်နေတဲ့ ဂျယ်လီငါးတစ်ကောင်
Imgur
ကလေးတစ်ယောက် မြင်ခဲ့ရတဲ့ သွားဆရာဝန်တစ်ယောက်ရဲ့ဆေးခန်း
Imgur
သူ့အမေ ၀ိုင်သောက်နေတဲ့ပုံတဲ့ 
Imgur
ဂျက်ဆိုတဲ့ (၅)နှစ်အရွယ် ကလေးလေးရဲ့ လက်ရာ
Imgur
ဂြိုဟ်သားတွေရှိနိုင်တယ်ဆိုတာ ငယ်ငယ်ကတည်းက စိတ်ကူးယဉ်ခဲ့သူ
Imgur
Kiki Challenge နဲ့တောင် ကြောင်ကို ပုံဖော်ထားသေး
Imgur

Linn

READ
သမီးလေးကြောင့် ဆေးသမားအဖြစ်ကနေ ဘ၀တစ်ဆစ်ချိုးပြောင်းလဲခဲ့တဲ့ အမျိုးသမီး

Source : brightside

SHARE