အသက်(၂၀)ကျော်မှ စွန့်ပစ်ခံရလို့ နေစရာအိမ်မရှိတဲ့ သနားစဖွယ် ကြောင်ညီနောင်

[email protected]_Northants

ကြောင်ကလေးတွေဆိုတာ လူတွေအပေါ် ပွတ်သီးပွတ်သပ်အလုပ်ဆုံးနဲ့ လူတွေအပေါ် အချွဲနိုင်ဆုံး ချွဲစိန်လေးတွေပဲ ဖြစ်ပါတယ်။ များသောအားဖြင့် လဲလျောင်းနေတတ်ပြီး ဗိုက်ဆာလာတဲ့အခါကျမှ သခင်တွေအနား တိုးဝှေ့ကာ တညောင်ညောင်နဲ့ လုပ်တတ်ကြတဲ့ ကောင်လေးတွေပဲ ဖြစ်ပါတယ်။ အခုပြောပြချင်တဲ့ ကြောင်နှစ်ကောင်ကတော့ ညီအကိုတွေဖြစ်ပြီး တော်တော်လေးကို အသက်ကြီးနေတဲ့ စွန့်ပစ်ခံ ကြောင်အိုကြီးတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မကြာသေးခင်အချိန်ကပဲ သူတို့ညီနောင်နှစ်ကောင်လုံးကို မွေးစားဖို့ ပိုင်ရှင်ပေါ်လာခဲ့သလို သူတို့နှစ်ကောင်စလုံး မခွဲပဲ အတူတူနေသွားနိုင်ပြီဖြစ်ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အဆိုပါ ကြောင်ကြီးနှစ်ကောင်ကတော့ အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Leon နဲ့ Nikita တို့ပဲ ဖြစ်ပါတယ်။ Leon နဲ့ Nikita နှစ်ကောင်စလုံးဟာ မွေးကတည်းကနေ တောက်လျှောက်အတူတူ ရှိလာခဲ့တဲ့ ညီအကိုတွေပဲ ဖြစ်ပါတယ်။ သူတို့နှစ်ကောင်စလုံးဟာ အင်္ဂလန်နိုင်ငံက မိသားစုတစ်စုမှာ အတူတူ ရှိလာခဲ့ပြီး လွန်ခဲ့တဲ့ တစ်လလောက်ကမှ အဆိုပါ မိသားစုက RSPCA တိရစ္စာန်စောင့်ရှောက်ရေးအဖွဲ့အစည်းသို့ လာရောက်စွန့်ပစ်ခဲ့တာဖြစ်ပါတယ်။ အကြောင်းကတော့ Leon နဲ့ Nikita နှစ်ကောင်စလုံးဟာ အသက်အရွယ်တော်တော်လေးကြီးနေတာကြောင့် သူတို့မိသားစုအနေနဲ့ ဆက်လက်ပြီး ဂရုမစိုက်နိုင်တော့တာပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ RSPCA အဖွဲ့အစည်းဟာ Leon နဲ့ Nikita နှစ်ကောင်စလုံးကို မွေးစားနိုင်မယ့်သူ ရှိမရှိ ဆိုရှယ်မီဒီယာပေါ်တင်ခဲ့သလို တစ်ဖက်မှာလည်း စိုးရိမ်းစရာတစ်ခု ရှိခဲ့ပါတယ်။ အဲဒါကတေ့ နှစ်ကောင်စလုံးဟာ အရမ်းအသက်ကြီးနေပြီဖြစ်တာကြောင့် သူတို့ကို စောင့်ရှောက်ဖို့ကိစ္စတွေ၊ ကျန်းမာရေးကိစ္စကို မွေးစားမယ့် မိသားစုက တာဝန်ယူနိုင်မယူနိုင် အစရှိတာတွေကို တော်တော်လေး စိုးရိမ်ခဲ့ပါတယ်။

READ
ချစ်သူကို သ၀န်တိုမှုများစွာနဲ့ စိတ်ရှိလက်ရှိ လက်သီးနဲ့ထိုးသတ်ခဲ့တဲ့ အမျိုးသား
[email protected]_Northants
[email protected]_Northants

“ကံကောင်းတာတစ်ခုက သူတို့အကြောင်းတင်ပြီး ခဏအကြာမှာ မွေးစားချင်တဲ့မိသားစု ၁၀၀ ကျော်လောက်က Leon နဲ့ Nikita ကို မွေးစားဖို့ လျှောက်လွှာတွေ တောက်လျှောက်တင်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ နောက်ဆုံးမှာတော့ သူတို့အတွက် အသင့်တေယ်ဆုံးလို့ ထင်နိုင်မယ့် ပိုင်ရှင်အသစ်ကို တွေ့ခဲ့ရပါတယ်။ Leon နဲ့ Nikita ဟာ ဂေဟာ မရှိသင့်ပဲ သူတို့ပိုင်ရှင်ရဲ့လက်ထဲမှာပဲ နောက်ဆုံးအချိန်အထိ ရှိသင့်တဲ့ ကြောင်နှစ်ကောင်ပါ။ လူလည်း အရမ်းယဉ်သလို အရမ်းလည်း အလိုက်သိတတ်ပါတယ်”လို့ RSPCA အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE