Ironman Triathlon ပြိုင်ပွဲမှာ ပန်းဝင်ခဲ့တဲ့ ပထမဆုံး Down Syndrome ဝေဒနာရှင်

[email protected] chrisnikic

Ironman Triathlon ပြိုင်ပွဲတွေကိုတော့ လူတော်တော်များများသိကြမှာပါ။ သာမန် အားကစားပြိုင်ပွဲတွေထက် ပိုပြီးပင်ပင်ပန်းပန်း ပြိုင်ဆိုင်ရတဲ့ ပြိုင်ပွဲတစ်ခုဆိုလည်း မမှားပါဘူး။ အဆိုပါ ပြိုင်ပွဲမှာ အားကစား ၃ မျိုးပါဝင်ပါတယ်။ ၂.၄ မိုင်ကို ရေကူးပြိုင်၊ ကုန်းပေါ်ရောက်တာနဲ့ အသင့်ရှိနေတဲ့ စက်ဘီးနဲ့ ၁၁၂ မိုင် နင်းပြီး နောက်ထပ်သတ်မှတ်ထားတဲ့ နေရာရောက်တာနဲ့ ၂၆.၂၂ မိုင်တိတိ အပြေးပြိုင်ပြီး နောက်ဆုံးမှ ပန်းဝင်တဲ့ အားကစားတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ပြိုင်ပွဲတွေကို အမေရိကန်နိုင်ငံမှာ တစ်နှစ်တစ်ခါ ပုံမှန်ကျင်းပပြုလုပ်လေ့ ရှိပါတယ်။ အခုလည်း ပြီးခဲ့တဲ့ Ironman Triathlon ပြိုင်ပွဲမှာ Down Syndrome ဝေဒနာခံစားနေရတဲ့ ကောင်လေးတစ်ယောက်ကတော့ အဆိုပါပြိုင်ပွဲကို ပြီးဆုံးတဲ့အထိ ပါဝင်ယှဉ်ပြိုင်ပြီး မှတ်တမ်းတစ်ခု ပိုင်ဆိုင်သွားခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အဆိုပါ ကောင်လေးကတော့ အမေရိကန်နိုင်ငံ၊ Florida ပြည်နယ်ရှိ Maitland မြို့မှာ နေထိုင်တဲ့ အသက် ၂၁ နှစ်အရွယ် Chris Nikic အမည်ရ ကောင်လေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ Chris ဟာ မွေးရာပါ Down Syndrome ဝေဒနာရောဂါကို ခံစားခဲ့ရပေမယ့် အားကစားကို အင်မတန် စိတ်အားထက်သန်တဲ့ လူငယ်လေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ Ironman Traithlon ပြိုင်ပွဲမှာ Chris ဟာ ရေကူး၊စက်ဘီးစီးနဲ့ အပြေးပြိုင်တဲ့ ပြိုင်ပွဲ ၃ ခုစလုံးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး Down Syndrome ရောဂါခံစားနေရတဲ့ လူတစ်ယောက်အနေနဲ့ ပထမဦးဆုံး Ironman Traithlon ပြိုင်ပွဲကို အနိုင်ရရှိခဲ့တဲ့ winner တစ်ယောက်အနေနဲ့ မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။ ပြိုင်ပွဲစဉ်တစ်လျှောက် Chris တစ်ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ရတဲ့ အချိန် စုစုပေါင်းကတော့ ၁၆ နာရီ၊ ၄၆ မိနစ်နဲ့ ၉ စက္ကန့် တိတိပဲ ဖြစ်ပါတယ်။ Chris ရဲ့ အောင်ပွဲအတွက် Chris ရဲ့ နည်းပြဖြစ်သူ Dan Grieb နဲ့ Chris ရဲ့ ဖခင်ဖြစ်သူ Nik Nikic တို့က တော်တော်လေး ပျော်ရွှင်ခဲ့ပြီး ဂုဏ်ယူခဲ့ကြောင်း သိရပါတယ်။

READ
တစ်ခြားရောဂါသည်တွေ စိတ်ဓာတ်မကျဖို့ အားပေးလိုက်တဲ့ ကင်ဆာဝေဒနာရှင်မလေး

 

 

View this post on Instagram

 

And we are off. 17 hours to IRONMAN. @rodsracing @specialolympics #inclusion

A post shared by Chris Nikic (@chrisnikic) on

“ကျွန်တော့်အတွက်တော့ ဒီ Ironman Triathlon ပြိုင်ပွဲက တော်တော်လေးကို ခက်ခဲခဲ့ပါတယ်။ ပြိုင်ပွဲ မစခင်ကတည်းက ကျွန်တော့်အနေနဲ့ တော်တော်လေးကို ကြိုးစားခဲ့ရပါတယ်။ ဒါကြောင့်လည်း ကျွန်တေယ့်လို လူတစ်ယောက်အနေနဲ့ ဒီပြိုင်ပွဲကို ပြီးဆုံးတဲ့အထိ တောက်လျှောက် ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့တာပါ။ ဒီအတွက် ကျွန်တော့်ကို စိတ်ဓာတ်ခွန်အားပေးခဲ့တဲ့ ကျွန်တော့်ရဲ့ အဖေဖြစ်သူနဲ့ ပြိုင်ပွဲစဉ်တစ်လျှောက် အစစအရာရာ ကူညီပေးခဲ့တဲ့ ကျွန်တော့်ရဲ့ နည်းပြကို ကျွန်တော်တစ်ကယ် ကျေးဇူးတင်ပါတယ်။ Orlando မှာ မကြာခင် ပြုလုပ်ကျင်းပမယ့် 2022 Special Olympics U.S.A Games ကိုလည်း ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့လို့လည်း တော်တော်လေးကို ဝမ်းသာကျေနပ်မိပါတယ်”လို့ Chris က ပြောကြားခဲ့ပါတယ်။

READ
အားလုံးနဲ့ ဝေးရာမှာ တသီးတသန့်တည်ဆောက်ထားတဲ့ နေချင်စဖွယ် အိမ်ငယ်လေးများ

 

 

View this post on Instagram

 

2 mikes to go and Ironman is going live in Facebook now.

A post shared by Chris Nikic (@chrisnikic) on

Pyi Hein Kyaw

SHARE