သန်းပေါင်းများစွာကြွယ်ဝချမ်းသာတဲ့ အိန္ဒိယနိုင်ငံ ဂျေပူးက (၂၁) နှစ်အရွယ်ဘုရင်လေး

instagram/pachojaipur

ပက်ဒ်မာနက်ဘ်ဆင်းဟာ အိန္ဒိယနိုင်ငံရဲ့အနောက်မြောက်ဘက်မြို့တစ်မြို့ဖြစ်တဲ့ ဂျေပူးရဲ့စော်ဘွားဘုရင်တစ်ဦး ဖြစ်ပါတယ်။ ဆင်းရဲ့ဘုရင်ဘွဲ့ကို အိန္ဒိယဥပဒေကြောင်းအရ သတ်မှတ်ထားခြင်းမရှိပေမယ့် မင်းစိုးရာဇာတွေကို ဦးစားပေးတဲ့ အိန္ဒိယမှာတော့ တော်ဝင်မိသားစုဝင်တွေကို အလေးထားပြီးဆက်ဆံကြဆဲ ဖြစ်ပါတယ်။ ဆင်းမိသားစုရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ (၆၉၇) သန်းကနေ (၂.၈) ဘီလီယံကြားရှိမယ်လို့ ခန့်မှန်းရပါတယ်။ အခုအခါမှာတော့ Business Iniser ကနေတဆင့် ငယ်ရွယ်တဲ့ ဘုရင်ကလေးရဲ့ဘ၀အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ဒါကတော့ အိန္ဒိယနိုင်ငံ ဂျေပူးမြို့က (၂၁) နှစ်အရွယ် ဘုရင်လေး ပက်ဒ်မာနက်ဘ်ဆင်း ဖြစ်ပါတယ်။

View this post on Instagram

@pachojaipur ‘A dapper young Maharaja, so sharp in thoughts and humble at soul, I see him as the next young fashion icon Internationally and I wish this stalwart the very best in achieving his visions and make the country proud as the National Polo player. Proud of you Pacho’ – Tarun Khiwal Photographer – @tarun_khiwal Photography Assistant – @nithin_1990 Post Production – Tarun Khiwal Studio / @hussam.wahid Senior Special Correspondent @theweek_magazine – @nehasbajpai Location – @sujanluxury & @thecitypalace . . . . . . #Fashion #Photographer #tarunkhiwal #Indian #hasselbladmaster #iamnikon #nikonindia #broncolor#theweekmagazine #relaisandchateau #sujanluxury #sujanrajmahalpalace

A post shared by Tarun Khiwal (@tarun_khiwal) on

မိသားစုနဲ့ သူငယ်ချင်းတွေက ပါချိုလို့ ချစ်စနိုးခေါ်ကြပြီး ဂျေပူးတော်ဝင်မိသားစုရဲ့ (၃၀၃) ဦးမြောက် အမွေဆက်ခံသူ ဖြစ်ပါတယ်။

View this post on Instagram

🤯

A post shared by Padmanabh Singh (@pachojaipur) on

(၂၀၁၁) ခုနှစ် အဖိုးဖြစ်သူ ဂျေပူးမဟာရာဂျာကြီးသေဆုံးပြီးနောက်မှာ ဘုရင်ဖြစ်လာတာပါ။

View this post on Instagram

@mariotestino @vogueparis May, 2017

A post shared by Padmanabh Singh (@pachojaipur) on

ဂျေပူးဟာ အိန္ဒိယအနောက်မြောက်ပိုင်းမှာရှိတဲ့ ရာဂျက်စ်သန်ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပါတယ်။

Shutterstock/Saurav022

တော်ဝင်မိသားစုဟာ (၁၇၂၇) ခုနှစ်ကတည်းက တည်ထောင်ထားတဲ့ မြို့နန်းတော်ထဲမှာပဲ နေထိုင်ကြပါတယ်။

Shutterstock/saiko3p

ဆင်းဟာ ပိုလိုကစားနည်းမှာ ၀ါသနာထုံပါတယ်။

Forbes ရဲ့ အသက် (၃၀) နှစ်အောက် အာရှရဲ့ အကြွယ်ဝဆုံးလူငယ် (၃၀) ထဲမှာလည်း (၂၀၁၈) ခုနှစ်က ဖော်ပြခြင်းခံခဲ့ရပါတယ်။ ဆင်းဟာ အနှစ်(၂၀) အတွင်း အင်္ဂလန်မှာ ပထမဆုံးအိန္ဒိယပိုလိုအဖွဲ့မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

View this post on Instagram

@rkpolophoto

A post shared by Padmanabh Singh (@pachojaipur) on

သူဟာ ဖက်ရှင်ဘက်မှာလည်း ၀ါသနာထုံပါတယ်။ (၂၀၁၈) ခုနှစ် ဇွန်လမှာတော့ အီတလီက Dolce & Gabanna ရှိုးမှာ runway လျှောက်ခဲ့ပါတယ်။

ဆင်းဟာ ကမ္ဘာလှည့်ပြီးခရီးသွားရတာကို နှစ်ခြိုက်သူတစ်ဦးဖြစ်ပြီး ဓာတ်ပုံတွေကို အင်စတာဂရမ်ပေါ်တင်လေ့ရှိသူပါ။

View this post on Instagram

⛰⛰

A post shared by Padmanabh Singh (@pachojaipur) on

နယူးယောက်တက္ကသိုလ်မှာ ပညာသင်ကြားဖူးပေမယ့် ဘွဲ့ရတယ်လို့ မကြားရပါဘူး။ (၂၀၁၈) ခုနှစ် စက်တင်ဘာလမှာတော့ အီတလီ ရောမမြို့က တက္ကသိုလ်မှာ အနုပညာဘာသာရပ်ကို လေ့လာသင်ယူနေပါတယ်။

View this post on Instagram

@jornaloglobo

A post shared by Padmanabh Singh (@pachojaipur) on

ဆင်းမှာ Ram Niwas အမည်ရတဲ့ ခမ်းနားတဲ့ကိုယ်ပိုင်တိုက်ခန်းတွေလည်း ရှိပါတယ်။

(၂၀၁၁) ခုနှစ်တုန်းကတော့ ဆင်းမိသားစုဟာ ဒေါ်လာ (၆၂၁.၈) သန်းကြွယ်ဝပြီး ယနေ့မှာတော့ ဒေါ်လာ (၆၉၆.၇) သန်း ချမ်းသာကြွယ်ဝမယ်လို့ ခန့်မှန်းရပါတယ်။

လင်းလင်း (ShweMom)

SHARE