နည်းပညာကုမ္ပဏီကြီးတွေက အပြိုင်အဆိုင်ခေါ်ယူလိုနေကြတဲ့ (၂၂)နှစ်အရွယ် မီလျံနာလေး

အမေရိကန်နေ စွန့်ဦးတီထွင်သူ Michael Sayman အမည်ရ လူရွယ်လေးဟာ ဆယ်ကျော်သက်ကတည်းက မိုဘိုင်း application တွေ ရေးသားလာခဲ့တဲ့ Software engineer တစ်ဦးပါ။ သူ့အသက်(၁၇) နှစ်မှာ Facebook ကုမ္ပဏီက အလုပ်သင်လာဆင်းဖို့ Mark Zuckerberg ရဲ့  ခေါ်ယူဖိတ်ကြားခံရသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် Sayman ဟာ အသက်(၂၁) နှစ်မှာတော့ Google ကုမ္ပဏီမှာ သွားရောက်လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခုလို ထင်ရှားတဲ့ နည်းပညာကုမ္ပဏီကြီးတွေက Sayman ကို အပြိုင်အဆိုင်ခေါ်ယူလိုကြတဲ့ အကြောင်းရင်းက သူ့မှာ ပါရမီထူးတစ်ခုရှိလို့ ဖြစ်မယ်ထင်ပါတယ်။

Michael Sayman/Instagram

သူ အခုလို ထူးထူးခြားခြား အောင်မြင်ရတဲ့ အကြောင်းရင်းက သူများအပေါ်မှာ မှီခိုမှုကင်းတာပါလို့ Sayman က ဆိုပါတယ်။ Sayman ဟာ ငယ်စဉ်ကတည်းက  ကိုယ့်ဝမ်းကိုယ်ကျောင်းခဲ့ရသူ တစ်ဦးပါ။ (၂၀၀၈) ခုနှစ်တုန်းက အမေရိကန်မှာ စီးပွားရေးကျဆင်းပြီးတဲ့နောက် မိသားစု ကြက်ကြော်စားသောက်လေးဟာ ပိတ်သိမ်းဖို့ ဖြစ်လာခဲ့ရာကနေ Sayman ဟာ ကွန်ပြူတာ coding ပိုင်းမှာ တစိုက်မတ်မတ် အလုပ်လုပ်ဖြစ်ခဲ့တာပါ။

READ
ခရစ္စတီယာနိုရော်နယ်ဒို လိုဖြစ်ရမယ်လို့ အိပ်မက်မက်ခဲ့ဖူးတဲ့ လိပ်နင်ဂျာလေး(သို့) အမ်ဘက်ပီ
Instagram

စားဝတ်နေရေး ကျပ်တည်းလှတဲ့ အထဲမှာမှ Sayman ဟာ သူ့ရဲ့ Coding ရေးတဲ့ ပညာကို ပိုပြီးထူးချွန်အောင် လေ့လာခဲ့ပါတယ်။ သူဟာ မိုဘိုင်း app တွေကို ဖန်တီးရေးသားပြီး တစ်နေ့ကို ၀င်ငွေဒေါ်လာ (၂၀၀) လောက် ရအောင် ကြိုးစားခဲ့ပါတယ်။ ငယ်ရွယ်ချမ်းသာပြီး အရည်အချင်းရှိပေမယ့် Sayman ဟာ စွန့်စားလိုစိတ်နည်းပါးတဲ့ လူငယ်လေးတစ်ဦး ဖြစ်ပါတယ်။ အသက်(၁၈) နှစ်ကတည်းက ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ စိတ်ကူးခဲ့သေးပေမယ့် သူက ရှုံးမှာကြောက်ပြီး စီးပွားရေး မလုပ်ဖြစ်ခဲ့ပါဘူး။

Instagram

အသက်(၂၂) နှစ်ထဲနဲ့ မီလျံနာတစ်ဦးဖြစ်နေတဲ့ Sayman က သူ့ကိုယ်သူ တော်တတ်ကြောင်း ဂုဏ်ဖော်လေ့မရှိပါဘူး။ နည်းပညာနယ်ပယ်ထဲမှာ သူ့ထက် အရည်အချင်းရှိပြီး သူ့ရဲ့ coding ရေးနည်းထက် တော်ထက်တဲ့သူတွေ ရှိကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် သူနဲ့တန်းတူ လူငယ်တွေထက် ပိုမိုအောင်မြင်ရတဲ့ အကြောင်းရင်းက သူ့မှာ ရှိပါတယ်။ Sayman က သူဟာ ပါရမီရှင်တစ်ဦးမဟုတ်ပေမယ့် ကိုယ်စွမ်းကိုယ်စကို အစွမ်းကုန်အသုံးချကြောင်းနဲ့ အလုပ်နဲ့ စပ်ဆိုင်ရာတွေကိုလည်း စဉ်ဆက်မပြတ် လေ့လာဆည်းပူးခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

READ
မဖြစ်နိုင်ဘူးဆိုတာ မရှိကြောင်း အလုပ်နဲ့သက်သေပြခဲ့တဲ့ စွမ်းဆောင်ရှင်များ

လင်းလင်း (ShweMom)

Ref: Unilad

SHARE