ဖိနပ်အဟောင်းတွေကို ပြန်ဆေးခြယ်တဲ့အလုပ်လုပ်ရင်း ၀င်ငွေဖြောင့်နေတဲ့ အမျိုးသား

Instagram/adidashull

အမျိုးသားတစ်ယောက်ဟာ ဖိနပ်ဟောင်းတွေကို ပြန်ဆေးခြယ်တဲ့ အလုပ်လုပ်ကိုင်ခဲ့ရာမှာ စီးပွားရေးအတော်လေး အောင်မြင်နေကြောင်း mirror သတင်းအရ သိရပါတယ်။ ၄င်းအမျိုးသားဟာ အသက်(၂၁) နှစ်အရွယ် ဘီလီဂေးလ်ဆိုသူပါ။ ဘီလီဟာ ကောလိပ်မှာ ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီး ပညာသင်ကြားနေစဉ် ဆယ်ကျော်သက်အရွယ်မှာ ကတည်းက Adidas ဖိနပ်တွေကို ပြန်လည်ပြုပြင်တဲ့ အလုပ်လုပ်ခဲ့တာပါ။

Instagram/adidashull

(၄) နှစ်လောက်ကြာတဲ့အခါမှာတော့ ဘီလီရဲ့ စီးပွားရေးမှာ အခြေအနေအတော်ကောင်းလာပါပြီ။ အင်စတာဂရမ်ပေါ်မှာ follower (၂၁, ၀၀၀) နဲ့ ဖေ့စ်ဘုတ်ပေါ်မှာ follower ပေါင်း (၁၉,၀၀၀) လောက် ရှိနေပြီ ဖြစ်ပါတယ်။ ဘီလီက ဖိနပ်ဟောင်းတွေကို ဆေးခြယ်တာနဲ့ ပတ်သက်လို့ သူအကြံဥာဏ်ရခဲ့ပုံကို ပြန်လည်ပြောပြပါတယ်။

Instagram/adidashull

 

“ကျွန်တော်က Adidas ဖိနပ်တွေကို အရမ်းကြိုက်ပါတယ်။ လက်ရှိမှာ ကျွန်တော်စုထားတဲ့ ဖိနပ်အရံပေါင်း(၆၀) လောက်ရှိတယ်။ ကျွန်တော်ကြိုက်တဲ့ ဖိနပ်ဆိုရင် ခဏခဏစီးဖြစ်တော့ ကြာလာတဲ့အခါ ဖိနပ်က ပျက်စီးပြီး ရွံ့တွေ ပေလာတယ်၊ သားရေပြားတွေလည်း လန်လာတယ်။ အဲဒါနဲ့ ဖိနပ်တွေကို ဘယ်လိုပြင်မလဲဆိုပြီး Youtube ကနေ ကြည့်ဖြစ်တယ်။ အဲ့ဒီကတည်းက စပြီး ညစ်ပတ်နေတဲ့ အရောင်မွဲပြီး ပျက်စီးနေတဲ့ ဖိနပ်တွေကို အသစ်အတိုင်းပြန်လုပ်ရတာကို စိတ်ဝင်စားလာခဲ့တာပဲ….”

READ
ပေ(၃,၀၀၀) အမြင့်ရှိတဲ့ ကျောက်သားနံရံကို ကြိုးမပါပဲ လက်ဗလာနဲ့တက်ခဲ့တဲ့ အမျိုးသား
Instagram/adidashull

ဘီလီဟာ သူငယ်ချင်းတွေရဲ့ ဖိနပ်ဟောင်းတွေကို အရင်ဆုံးပြန်လည်ပြုပြင်ပေးပါတယ်။ ထို့နောက်မှာတော့ သူပြင်ထားတဲ့ဖိနပ်တွေကို ဆိုရှယ်မီဒီယာပေါ်မှာ ပြန်လည်ကြော်ငြာခဲ့ပါတယ်။ အဲ့ဒီကနေစပြီး ဘီလီရဲ့ စီးပွားရေးဟာ တရှိန်ထိုးတိုးတက်ခဲ့ပါတယ်။ ဘီလီဟာ ဖိနပ်တွေကို ပြန်သန့်ပေးတာ၊ ပြန်ပြုပြင်ပေးတာနဲ့ မိမိလုပ်ချင်တဲ့ ဒီဇိုင်းတွေကို ပြန်လုပ်ပေးတာစသည်တို့ကို ဒေါ်လာ(၃၀) ကနေ စတင်ပြီး ပြုလုပ်ပေးလျက် ရှိနေကြောင်းလည်း သိရပါတယ်။

Instagram/adidashull

လင်းလင်း (ShweMom)

SHARE