ကျန်းမာချင်လို့ အသီးတွေချည်းပဲ စားရာမှ မထင်မှတ်ထားတဲ့ပြဿနာ ကြုံခဲ့ရတဲ့ အမျိုးသား

အလုပ်ရှုပ်တဲ့သူ တော်တော်များများကတော့ အိမ်ပြန်ရောက်တဲ့အခါ ကိုယ်ကိုယ်တိုင်ကလွဲပြီး ထမင်းပြင်မယ့်သူ မရှိရင် ညစာကို ဖြစ်သလို စားတတ်ကြတာများပါတယ်။ တရုတ်နိုင်ငံ Hangzhou မြို့က ၂၁ နှစ်အရွယ် Xiao Mao ဆိုရင်လည်း သစ်သီးတွေ သိပ်ကြိုက်သူဖြစ်ပြီး သူဟာ အလုပ်ကနေ အိမ်ပြန်ရောက်တိုင်း ထမင်းချက်ဖို့ ပျင်းပါတယ်တဲ့။

ရုံးကနေ အိမ်ပြန်ရောက်ရင် ထမင်းချက်ဖို့က ပျင်း၊ အသီးအနှံစားရတာလည်း ကြိုက်တဲ့ Mao ကတော့ ညစာကို အသီးတွေချည်းပဲ စားဖို့ ရွေးချယ်လိုက်ပါတော့တယ်။ ညစာကို သေချာချက်ပြုတ်မစားပေမယ့် အသီးတွေ အစားထိုးစားလိုက်ရင် ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ Mao တစ်ယောက် ထင်နေခဲ့ပါတယ်။ ဒီလိုနဲ့ ညစာကို အသီးတွေချည်း စားတာ တစ်လလောက်ရှိလာပါတော့တယ်။ သူဟာ အလုပ်သွားရတာကြောင့် မနက်စာနဲ့ နေ့လည်စာကိုတော့ ပုံမှန်အတိုင်း စားဖြစ်ပြီး ညစာကိုပဲ သစ်သီးတွေ စားတာပါ။ ဟင်းချက်ရတာ သက်သာတော့ အိပ်ချိန်လည်း ပိုရလို့ သူ့အတွက် အဆင်ပြေနေခဲ့ပါတယ်။

READ
ဒေါ်နယ်ထရမ့် ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆုကို မျက်ရည်တွေနဲ့ လက်ခံခဲ့တဲ့ တိုက်ဂါးဝုဒ်
Shutterstock

Mao ဟာ ညစာအတွက် ဗိုက်ပြည့်စေဖို့ ငှက်ပျောသီးနဲ့ သခွားမွှေးသီးတို့ကို အဓိကစားသုံးခဲ့ပါတယ်။ ဒီလိုစားလာရင်း တစ်လလောက်လည်း ကြာရော Mao ဟာ ခေါင်းမူးခြင်း၊ အော့အန်ခြင်း၊ ခံတွင်းခြောက်ခြင်းနဲ့ အခြားထူးဆန်းရောဂါ လက္ခဏတွေ ခံစားလာရပါတယ်။ ဆေးရုံသွားပြီး စစ်ဆေးမှုတွေ ခံယူလိုက်ချိန်မှာတော့ သူ့ရဲ့ သွေးတွင်းသကြားဓာတ်ဟာ 79.98 mol/L နဲ့ သာမန်လူတွေထက် ၁၀ ဆ မြင့်နေခဲ့ပါတယ်။ သွေးတွင်း သကြားဓာတ်တွေ ကြာရှည်စွာ မြင့်မားနေမှုကြောင့် သွေးထဲမှာ အက်ဆစ်ဓာတ်တွေပါ ရှိနေခဲ့ပြီး ဒါဟာ ဆီးချိုရောဂါ type 1 ရဲ့ လက္ခဏာတွေ ဖြစ်ရာ အန္တရာယ် ရှိနေခဲ့ပါတယ်။

Shutterstock

Xiao Mao ဟာ အတွင်းလူနာဌာနသို့ ရွှေ့ပြောင်းကာ ကုသမှုတွေ ခံယူခဲ့ရပြီး သုံးရက်အကြာမှာတော့ အခြေအနေ ပုံမှန်ပြန်ဖြစ်လာတယ်လို့ သိရပါတယ်။ သစ်သီးစားခြင်းက ကျန်းမာရေးအတွက် ကောင်းပေမယ့် ထမင်းစားချိန်မှာ ထမင်းအစားထိုးအဖြစ်တော့ မစားသင့်ကြောင်း ဆရာဝန်က မှတ်ချက်ပေးခဲ့ပါတယ်။ ဒါ့အပြင် Mao ရွေးချယ်စားသောက်ခဲ့တဲ့ အသီးတွေက သကြားဓာတ်များတဲ့ အသီးမျိုးတွေ ဖြစ်နေခဲ့တာပါ။ ဒါကြောင့် သစ်သီးကြိုက်တဲ့ စာဖတ်ပရိသတ်တွေလည်း တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း ချင့်ချိန်ပြီး စားကြဖို့ တိုက်တွန်းတင်ပြလိုက်ရပါတယ်။

READ
အူဆီယံဘော့တ်လက်သစ်လို့ နာမည်ကြီးနေတဲ့ အပြေးသမားလေးရဲ့စကေး

Ref: World of Buzz

SHARE