ကင်ဆာကြိတ်ရှိနေပေမယ့် (၁၂) ပတ်ထဲနဲ့ ခန္ဓာကိုယ်အချိုးအစား ပြောင်းလဲခဲ့တဲ့အမျိုးသား

ရက်သတ္တပတ်(၁၂) ပတ်ထဲနဲ့ ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်စွမ်းအာင် ပြောင်းလဲနိုင်တယ်ဆိုတာ အံ့သြချီးမွမ်းစရာပါ။ ဒါပေမယ့် အသက်(၂၂) နှစ်အရွယ် အိုလီဂျိုဝက်ဆိုသူကတော့ ဦးနှောက်မှာ ကင်ဆာကြိတ်ရှိနေပေမယ့် (၁၂) ပတ်ထဲနဲ့ ၄င်းခန္ဓာကိုယ်ကို ကျစ်လစ်နေအောင် အခုလို အသွင်ပြောင်းခဲ့တာ ဖြစ်ပါတယ်။ အိုလီကို အသက်ရှင်ဖို့ အချိန်(၅) နှစ်ပဲ ကျန်တော့မယ်လို့ ဆရာဝန်တွေက ပြောခဲ့ပါတယ်။

joe

ထိုအချိန်တွေတုန်းကတော့ အိုလီဟာ လှေကားတက်ဖို့တောင် မနည်းကြိုးစားရတဲ့ အခြေအနေထိ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အိုလီဟာ အသက်ရှင်ဖို့ အချိန်အနည်းငယ်ပဲ ကျန်တော့တဲ့အချိန်မှာ စိတ်ပျက်အားလျော့မနေပဲ သူဖြစ်ချင်တာကို ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ အိုလီဟာ တင်းကြပ်တဲ့ အစားအသောက် စားသောက်ပုံစနစ်နဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်ပြီး အလွန်လှပကျစ်လစ်တဲ့ ကိုယ်ခန္ဓာအချိုးအစားကို ရယူနိုင်ခဲ့ပါတယ်။

SWNS

(၁၂) ပတ်အတွင်းမှာပဲ အိုလီဟာ (၁၀) ကီလိုဂရမ် ကိုယ်အလေးချိန်လျှော့ချနိုင်ခဲ့ပြီး ကြွက်သားတွေကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ကိုယ်ကာယလေ့ကျင့်ရေးဆရာတစ်ယောက်အဖြစ် အလုပ်လုပ်နေတဲ့ အိုလီဟာ သူ့ဆီမှာ ဦးနှောက်ကင်ဆာအကြိတ်ရှိနေမှန်း သိပြီးနောက် စိတ်ပျက်ဝမ်းနည်းခဲ့ရတာ ဖြစ်ပါတယ်။ “အမှန်အတိုင်း ပြောရရင် ကျွန်တော့်မှာ ရောဂါရှိတယ်ဆိုတာ သိသိချင်း တုန်လှုပ်ခဲ့ရတာပါ။ ကျွန်တော်တတ်နိုင်တာက ငိုဖို့ပဲလေ။ အခုလိုမျိုး ပြောင်းလဲပစ်ဖို့ဆိုတာ ကျွန်တော့်ရဲ့ မကောင်းမြင်စိတ်ထားအကုန်လုံးကို ပြောင်းပြန်လှန်ပစ်ခဲ့ရတာပါ။ ဘ၀ဆိုတာ ရပ်မနေဘူး။ လူတိုင်းလူတိုင်းဟာ ပြဿနာတွေနဲ့ချည်းဆိုတော့ ကျွန်တော်လည်း အထူးတလည် ၀မ်းနည်းမနေတော့ပါဘူး…” လို့ ဆိုပါတယ်။

READ
ကျိကျိတက်ချမ်းသာပေမယ့် ရိုးရိုးရှင်းရှင်းနဲ့ပဲ ဘဝကိုဖြတ်သန်းနေတဲ့ သန်းကြွယ်များ
SWNS

“ကိုယ်ကာယလေ့ကျင့်ရေးဆရာတစ်ယောက်အနေနဲ့ လူတွေဟာ ၀ိတ်ကျဖို့ ဘယ်လောက် ကြိုးစားရသလဲဆိုတာ ကျွန်တော်သိတယ်။ သူတို့က ၀ိတ်တော့ ကျချင်တယ်။ ဒါပေမယ့် အချိန်မပေးနိုင်ဘူး။ ကိုယ့်ကိုကိုယ်လည်း ပြုပြင်နိုင်မယ်ဆိုတဲ့ စိတ်စွမ်းအား မရှိဘူး။ ဒါကြောင့် ကျွန်တော်က ကျွန်တော်ရဲ့ အဖြစ်လေးကို အခြားသူတွေဆီ ဝေမျှချင်တာပါ။ လူတစ်ယောက်ဟာ ကျန်းမာရေးမကောင်းဖြစ်နေတယ်ဆိုရင်တောင်မှ စိတ်သာရှိရင် ခန္ဓာကိုယ်ကို အကောင်းဆုံးတည်ဆောက်နိုင်တယ်ဆိုတာကို ပြောပြချင်တာပါ…” လို့ ဆိုပါတယ်။

SWNS

အိုလီက သူဟာ အရမ်းငယ်သေးတာကြောင့် ကင်ဆာအတွက် ဓာတုကုထုံးနဲ့ ရေဒီယိုဒြပ်မှုန်အားကုထုံးတို့ဟာ သိပ်အဆင်မပြေကြောင်း ဆိုပါတယ်။ သူ့ရောဂါအခြေအနေဟာ နောင်နှစ်မှာ ပိုဆိုးလာနိုင်သလို ကံကောင်းပြီးလည်း နောက်ထပ် အနှစ်(၂၀) ထိ အသက်ရှင်လည်း ရှင်သွားနိုင်တယ်လို့ ပြောပြခဲ့ပါတယ်။ ဒါ့အပြင် အိုလီက “ကျွန်တော်က ကိုယ့်ကိုကိုယ် လက်လျော့တော့မယ့်ဆဲဆဲမှာ အမြဲသတိပေးပါတယ်။ ခန္ဓာကိုယ်မှာ six-pack ရဖို့က တကယ်အရေးကြီးတဲ့ ရည်ရွယ်ချက်မဟုတ်ပါဘူး။ အရေးကြီးတာက ကျွန်တော့်ရဲ့ အဖြစ်ကို သင်ခန်းစာယူပြီး လူတွေအနေနဲ့ ကိုယ်ဖြစ်ချင်တာကို လုံ့လထုတ်ပြီး ကြိုးစားကြဖို့ ပြောချင်တာပါ..” လို့ ဆိုပါတယ်။

READ
အဖေ့မွေးနေ့မှာ သူတစ်လျှောက်လုံး အိပ်မက်မက်ခဲ့ရတာကို ဖြည့်ဆည်းပေးခဲ့တဲ့ သားလိမ္မာ

လင်းလင်း (ShweMom)

Ref: ladbible, joe

SHARE