Silicon Valley က သန်းချီတန်လုပ်ငန်းစုကိုဦးဆောင်နေတဲ့ ၂၂ နှစ်အရွယ်လူငယ်လေး

Alexandr Wang/Facebook

Silicon Valley ဆိုတာ ဆန်ဖရန်စစ္စကိုတောင်ပိုင်းမှာရှိနေတဲ့ နိုင်ငံတကာ ခေတ်မီနည်းပညာစနစ်သစ်တွေနဲ့ပတ်သက်လို့ ကုမ္ပဏီအဖွဲ့အစည်းတွေပြည့်နှက်နေတဲ့ နေရာတစ်ခုပါ။ Silicon Valley မှာ အလုပ်လုပ်ရတယ်ဆိုရင်ပဲ ဂုဏ်တစ်ခုရှိတဲ့အထိကို ကြီးကျယ်လျက်ရှိနေတာပါ။ ဒီလိုတစ်ကမ္ဘာလုံးက အရေးတယူရှိနေခဲ့တဲ့ Silicon Valley မှာတော့ အသက် ၂၂ နှစ်တည်းနဲ့ CEO ဖြစ်နေတဲ့ လူငယ်လေးတစ်ယောက်ရှိလို့နေပါတယ်။

Alexandr Wang/Facebook

သူကတော့ Alexandr Wang ပါ။ Scale AI ရဲ့ CEO တစ်ယောက်အဖြစ် တာဝန်ယူထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ Scale AI ဟာ AI စက်ရုပ်တွေ၊ self-driving ကားတွေကို လေ့ကျင့်ပေးဖို့အတွက် ရုပ်ပုံထောက်ပံ့မှုတွေပေးတာမျိုးတွေ၊ ဘာသာစကားဆိုင်ရာလိုမျိုးတွေကို အကြီးအကျယ်လုပ်နေတဲ့ developing software ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်။ ဥာဏ်အားပိုများတဲ့ Alexandr Wang ဟာ လုပ်ငန်းစုတော်တော်များများရဲ့ထုံးစံအတိုင်း အကောင်အထည်တွေဖြစ်မြောက်ဖို့လိုအပ်တဲ့ ငွေကြေးကိုတော့ ရင်းနှီးမြှုပ်နှံသူတွေဆီကနေတစ်ဆင့် ရှာခဲ့ရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုပမာဏဟာ အခုဆိုရင်တော့ ဒေါ်လာ သိန်း ၁၀၀ အထိ မြင့်တက်လာခဲ့ပြီး အသားတင်ငွေကိုတော့ ဒေါ်လာ ၁ သန်းလောက်ရှိနေခဲ့ပြီလို့ ကမ္ဘာကျော် Bloomberg သတင်းဌာနရဲ့ ဖော်ပြချက်ကြောင့် သိခဲ့ရပါတယ်။

READ
တောင်ကိုရီးယားသမ္မတရဲ့ ရိုမန်တစ်ဆန်လွန်းတဲ့ ကြည်နူးစရာ ချစ်ဇာတ်လမ်း
Alexandr Wang/Facebook

ရင်းနှီးမြှုပ်နှံသူတွေထဲမှာ နာမည်ကြီးကုမ္ပဏီတွေဖြစ်တဲ့ Peter Thiel’s Founders Fund, Accel, Coatue Management, Index Ventures, Spark Capital, Thrive Capital တို့အပြင် Instagram ရဲ့ founder နှစ်ယောက် Kevin Systrom, Mike Krieger နဲ့ Quora ရဲ့ CEO Adam d’Angelo တို့လည်းပါဝင်နေခဲ့တာပါ။

Alexandr Wang ဟာ ဒီကုမ္ပဏီကို အကောင်အထည်ဖော်နေခဲ့တာ ၃ နှစ်ကျော်တောင်ရှိသွားခဲ့ပါပြီ။ ကုမ္ပဏီရဲ့အဓိကရည်ရွယ်ချက်ကတော့ လက်ရှိဈေးကွက်ထဲအသုံးပြုနေတဲ့ AI နဲ့ဆက်စက်နေတဲ့ application တွေကို တစ်ဆင့်ပြီးတစ်ဆင့်တတ်စွမ်းသလောက်မြှင့်တင်ပေးဖို့ပဲဖြစ်ပါတယ်။ အခုဆိုရင် ခေတ်မီတဲ့လုပ်ငန်းခွင်တွေ၊ အထူးသဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေမှာ AI တွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြပြီဖြစ်ပြီး ဒီလိုအသုံးပြုလာတာနဲ့အညီ AI တွေကိုထိန်းချုပ်ဖို့၊ သင်ကြားပေးဖို့ တစ်ဆင့်ခံ app ဟာလည်း AI ဈေးကွက်နောက်ကနေ တပ်ကြပ်မကွာလိုက်လာလို့နေခဲ့ပါပြီ။

Alexandr Wang/Facebook

Alexandr Wang ဟာ New Mexico မှာ ကြီးပြင်းလာခဲ့တဲ့ အာရှလူမျိုးတစ်ယောက်ပဲဖြစ်ပါတယ်။ ဖခင်နဲ့မိခင်တို့ဟာ ရူပဗေဒပညာရှင်တွေဖြစ်ကြပြီး သူ့လက်ထက်မှာလည်း ဆယ်ကျော်သက်သာသာအရွယ်ကတည်းက coding ပိုင်းတွေမှာ ကျွမ်းကျင်စွာ တတ်မြောက်နေပြီဖြစ်ပြီး တစ်ဖက်ကျာင်းတက်ရင်း တစ်ဖက်မှာတော့ coding ပိုင်းဆိုင်ရာတွေကို လုပ်ငန်းကြီးတွေနဲ့ လက်တွဲလုပ်ကိုင်နေခဲ့ပါပြီ။ ဒါကြောင့်ပဲ Massachusetts နည်ပညာတက္ကသိုလ်မှ ထောက်ခံချက်ကောင်းတွေနေဲ့ နှစ်အပြည့်တက်စရာမလိုသည့်တိုင်အောင် ကျောင်းကိုစောပြီးခဲ့ပါတော့တယ်။

READ
အောင်မြင်တဲ့လူတိုင်း ပေးဆပ်ခဲ့ရသောအရာများ

ကျောင်းပြီးပြီးချင်းပဲ Silicon Valley ကို ၁၉ နှစ်သားလေးက သိထားတဲ့နည်းပညာပါရမီဥာဏ်ရည်တွေနဲ့ စတင်ထိုးဖောက်ခဲ့ကာ အခု ၂၂ နှစ်အရွယ်မှာ ကြိုးစားခဲ့တဲ့အသီးအပွင့်တွေနဲ့ သစ်ပင်ကြီးကို ခိုင်ခိုင်မာမာနဲ့ပြုစုပျိုးထောင်နိုင်သွားခဲ့တာပါ။ သူ့အတွက် လုပ်ငန်းပြိုင်တွေထဲမှာ သိပ်ခက်ခဲစေတာကတော့ Google နဲ့ Facebook တို့ဖြစ်တယ်လို့ Bloom Berg မှာ ဖော်ပြထားခဲ့ပါတယ်။

📷 Joseph Lee Photography

Posted by Alexandr Wang on Thursday, 7 April 2016

Alexandr Wang/Facebook

Penny

SHARE