လက်နှိပ်စက်နဲ့ ပန်းချီဆွဲနေတဲ့ ထူးထူးခြားခြား ပန်ချီဆရာလေး

[email protected] jamescookartwork

ပန်းချီကားတစ်ချပ်ဆွဲတယ်ဆိုတာ တော်ရုံလူ မလုပ်နိုင်တဲ့ အလုပ်တစ်ခုပါပဲ။ ပန်ချီးကားတစ်ချပ် ရေးဆွဲရင် အဲဒီပန်းချီပေါ်မှာ စိတ်ကိုနှစ်ပြီး အဲဒီလူရဲ့ အတွင်းထဲက အနုပညာစိတ်နဲ့ ပေါင်းစပ်လိုက်မှ ပြီးပြည့်စုံတဲ့ ပန်းချီကားတစ်ချပ် ထွက်လာမှာပဲ ဖြစ်ပါတယ်။ အခုလည်း တစ်ကယ်ကို တော်တဲ့ အနုပညာရှင် ပန်းချီဆရာတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။ အဲဒီပန်းချီဆရာဟာ တစ်ခြားပန်းချီဆရာတွေလို စုတ်တံတွေသုံးပြီး ရေးဆွဲတာမျိုးမဟုတ်ပဲ လက်နှိပ်စက်ကို အသုံးပြုပြီး ပန်းချီဆွဲတာဖြစ်ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

အဆိုပါ ပန်းချီဆရာကတော့ အသက် ၂၃ နှစ်အရွယ် James Cook လို့ အမည်ရတဲ့ အမျိုးသားပဲ ဖြစ်ပါတယ်။ James ဟာ ပန်းချီဆွဲတဲ့အခါမှာ လက်နှိပ်စက်ကိုသာ အသုံးပြုပြီး လူပုံတူတွေ၊ အဆောက်အဦးပုံတွေနဲ့ တိရစ္ဆာန်လေးတွေရဲ့ ပုံကို ဖန်တီးလေ့ရှိကြောင်း သိရပါတယ်။ James ရဲ့ လက်နှိပ်စက်ပန်းချီဟာ ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်လေးခေတ်စားနေပြီး လူတော်တော်များများကလည်း James ရဲ့ အနုပညာလက်ရာတွေကို ချီးမွမ်းနေကြပါတယ်။

 

 

View this post on Instagram

 

NEWS: I will be on the BBC Essex Radio next Wednesday 9:00pm GMT talking about my typewriter art! So if you have any questions about my work then get in touch with me! I can’t wait! Blackmore Church, Essex. A freezing cold December Sunday afternoon last year and I couldn’t sit for no more than an hour! I finished this drawing back home in the warm. This drawing became part of my short film that featured various historic buildings and towns in the county of Essex where I live. The link to this short film is in my bio! #typewriterart #typewriter #bbcessex @bbcessex #blackmore #blackmorechurch #essex #art #artistsoninstagram #artist #type #typed #artwork @artobserved #architecturedrawing

A post shared by James Cook Artwork (@jamescookartwork) on

James ဟာ လွန်ခဲ့တဲ့ ၆ နှစ်လောက်ကတည်းက Paul Smith လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ရဲ့ အကြောင်းကို သတင်းစာထဲမှာ ဖတ်မိပြီး ဒီလိုမျိုး လက်နှိပ်စက်နဲ့ ရေးဆွဲရတဲ့ ပန်းချီပညာကို စတင်စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ Paul ဟာ အာရုံကြောနဲ့ ပတ်သတ်တဲ့ ဝေဒနာတစ်ခုကို ခံစားနေရတဲ့ လူနာတစ်ဦးဖြစ်ပြီး ပန်းချီဆွဲချင်ရင်တောင် စုတ်တံတွေကို လက်နဲ့ ကောင်းကောင်းမကိုင်နိုင်ပဲ ခဏခဏ ပြုတ်ကျနေသူတစ်ဦးပါ။ ဒါ့ကြောင့် နောက်ဆုံးမှာတော့ Paul ဟာ လက်နှိပ်စက်ကို အသုံးပြုပြီး ပုံတွေကို ရေးဆွဲတဲ့ ပန်းချီဆရာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

“လွန်ခဲ့တဲ့ ၆ နှစ်လောက်က ကျွန်တော်ဟာ ကောလိပ်တက်နေတဲ့ ကျောင်းသားတစ်ဦးပါပဲ။ အဲဒီအချိန်တုန်းက Paul ကို တော်တော်လေးကို လေးစားခဲ့ပြီး လက်နှိပ်စက်နဲ့ ရေးဆွဲတဲ့ ပန်းချီပညာကို စတင်စိတ်ဝင်စားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက လက်နှိပ်စက်ကို တော်တော်လေးရှာဝယ်လိုက်ရပါတယ်။ နောက်ဆုံးတော့ အဟောင်းဆိုင်တစ်ဆိုင်မှာ ရှာဝယ်လို့ ရခဲ့ပါတယ်။ အခုဆိုရင်တော့ ကျွန်တော့်မှာ လက်နှိပ်စက်အမျိုးအစားပေါင်း ၃၀ ရှိပါပြီ”လို့ James က ပြောကြားခဲ့ပါတယ်။

READ
ဖုန်းတစ်လုံးတည်းနဲ့ မယုံကြည်နိုင်စရာပုံတွေကို ရိုက်ပြလိုက်တဲ့ လူငယ်တစ်ဦး

 

Pyi Hein Kyaw

SHARE