ချစ်သူဖြစ်ပြီးနှစ်လအကြာမှာ လက်ထပ်ခဲ့ကြတဲ့ အသက်ထက်ဝက်ကွာ ချစ်သူနှစ်ယောက်

ICphoto/Weibo

အချစ်ဆိုတာ ကြိုတင်တွက်ကိန်းချလို့ရတဲ့အရာမဟုတ်သလို ဖူးဆာဆိုလလည်း ထိုနည်းတူစွာပါပဲ။ အခုဒီစာဖတ်နေတဲ့အချိန် သင်ဟာ အက်ဖ်အေတစ်ယောက် ဖြစ်နေခဲ့မယ် ဆိုရင်တော့ အားမငယ်ပါနဲ့ သင့်အတွက် ကံတရားကြီးက လွဲခဲ့သမျှလူတွေထက် ပိုကောင်းတဲ့ လူသားတစ်ယောက်နဲ့တွေ့ဆုံဖို့ ခွင်ဆင်နေပေးလို့ဆိုပြီးပဲ ပြောချင်ပါနော်။

ဆိုလိုတာ အခုအမျိုးသမီးကိုပဲ ကြည့်ဦး။ အသက် ၄၆ နှစ်အရွယ်ကျမှ သူမထက် အသက်ထက်ဝက်လောက် ကွာတဲ့ အမျိုးသားလေးနဲ့ ဖူးစာဆုံသွားတယ်ဆိုတော့.. ဒီနှစ်ယောက်အကြောင်းကိုတော့ World of Buzz မှာ ဖတ်ခဲ့ရတာပါ။  ဖော်ပြချက်အရ နှစ်ယောက်သားရဲ့အသက်ဟာ ၂၃ နှစ်တောင် ကွာခြားပါသတဲ့။

ICphoto/Weibo

Li Kiang You ဟာ Chongqing မှ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူမရဲ့ချစ်သူ Tan Wanping ကတော့ အသက် ၂၃ နှစ်သာ ရှိပါသေးတယ်တဲ့။ Li ရော Tan ရောမှာ ဝါသနာတူတဲ့ အရာတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ စက်ဘီးစီးတာပါ။ သူတို့ချစ်သူဖြစ်သွားခဲ့တာဟာလည်း ဒီစက်ဘီးနဲ့ပဲ အစပြုခဲ့တာပါ။ ဒရာမာကားတွေထဲမှာလိုပေါ့လေ။

READ
ပေါင်(75)သန်းတန်ပုလဲကြီးကို တန်ဖိုးမသိဘဲသိမ်းထားတဲ့တံငါသည်ကြီး

သူတို့စတွေ့ခဲ့တာကတော့ နိုဝင်ဘာလ ၂၀၁၅ တုန်းကပေါ့။ နေတဲ့မြို့မှာ စက်ဘီးစီးပြိုင်ပွဲ ရှိတယ်ဆိုတာနဲ့ Li ရော Tan ရော ဝင်ပြိုင်ဖြစ်ခဲ့ပါတယ်။ အဲဒီအထိ Li နဲ့ Tan နဲ့ အချင်းချင်း မသိကြသေးပါဘူး။ ပြိုင်ပွဲအတွင်း Li ဟာ စက်ဘီးမှောက်ကာ ညာဖက်ခြေထောက် အဆစ်လွဲသွားခဲ့တဲ့အတွက် နေရာမှာတင် ပုံလျက်သားအဖြစ်ကနေ ပြန်မထနိုင်တော့ပါဘူး။ ဒါကို Tan မြင်သွားတဲ့အတွက် ကူညီမယ့်သူလည်းမရှိတာကြောင့် Li ကို ကူညီကာ ဆေးခန်းတွေဘာတွေ လိုက်ပို့ခဲ့ပါတယ်တဲ့။ အဲဒီနောက်ပိုင်း Tan ဟာ မမ Li ဆေးရုံတက်သမျှကာလပတ်လုံး မုန့်လေးပို့လိုက်၊ အာဟာရဓာတ်စာလေးပို့လိုက်နဲ့ နေ့တိုင်းလိုလိုရောက်ဖြစ်ခဲ့ပြီး မိတ်ဆွေစဖွဲ့ပါတော့တယ်။

ICphoto/Weibo
ICphoto/Weibo

ဒီလိုနဲ့သိပ်မကြာခင်မှာပဲ နှစ်ယောက်သား ရင်းနှီးမှုတွေပိုပြီးချစ်ကျွမ်းဝင်သွားခဲ့ကြပါတော့တယ်။ ဒီလိုချစ်သူဖြစ်ပြီး ၂ လလောက်အကြာမှာကလည်းကိုက အိမ်တစ်အိမ်ထဲ အတူတူနေဖြစ်ခဲ့ကြပြီး နောက်နှစ်ထဲမှာတော့ လက်ထပ်သွားခဲ့ကြပါတယ်။ ဒါပေမဲ့ မိသားစုနဲ့ သူငယ်ချင်းတွေက သူတို့နှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူနိုင်အောင်ဖြစ်ခဲ့ကြပြီး လက်ထပ်မှတ်ပုံတင်တုန်းကလည်း သားအမိအရွယ်လောက် အသက်ကွာခြားမှုရှိနေတဲ့အတွက်ကြောင့် ရဲစခန်းသွားပြီး ချစ်သူဖြစ်ကြောင်း သက်သေထွက်ဆိုချက်တွေပါ လုပ်ခိုင်းခဲ့ပါတယ်တဲ့။

READ
မိကျောင်းဆွဲခံရတဲ့သားငယ်ကို အသက်ပေးပြီးကယ်ခဲ့တဲ့ဖခင်

နောက်ပြီး Li ဟာ အရင်အိမ်ထောင်နဲ့ သားတစ်ယောက်ရှိနေပါတယ်။ Li သားဟာလည်း Tan နဲ့ရွယ်တူဖြစ်နေခဲ့တာကြောင့် Tan ရဲ့မိဘတွေက Li အလုပ်လုပ်တဲ့နေရာအထိလာပြီး သူတို့သားနဲ့ခပ်ခွာခွာနေဖို့ သောင်းကျန်းတဲ့အဖြစ်မျိုးတွေတောင် ရှိခဲ့ပါတယ်တဲ့။ ဘယ်လိုပဲဖြစ်ဖြစ် Li နဲ့ Tan ကတောာ့ အခုအချိန်မှာ ကြင်ကြင်နာနာ ပျော်ပျော်ရွှင်ရွှင်နဲ့ရွှေလက်တွဲလို့ မြဲနေကြပါပြီ။

ICphoto/Weibo
ICphoto/Weibo

Penny

SHARE