တုပ်ကွေးဖြစ်နေတယ်ဆိုပြီး ပေါ့လျော့မိရာကနေ အသက်ဆုံးရှုံးသွားခဲ့တဲ့လူငယ်လေး

取自林韦宾Instagram

အသက်(၂၃)နှစ်အရွယ် ရေကူးနည်းပြဆရာ Benedict James Naden Lim ဟာ သူ့ရဲ့ဘဝမှာ အဓိကအရေးကြီးဆုံးက ကျန်းမာတဲ့လူငယ်တစ်ယောက်ဖြစ်ဖို့ပါပဲ။ ဒါပေမယ့်လည်း ကျန်းမာရေးလိုက်စားသူတွေရဲ့ ထုံးစံအတိုင်း ပုံမှန်တုပ်ကွေးဖြစ်နေတာကို ပေါ့လျော့မိလို့ အသက်ဆုံးတဲ့အထိ ဖြစ်သွားခဲ့ရပါတယ် လို့ worldofbuzz က ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်ထဲမှာ တွေ့ရှိခဲ့ရပါတယ်။

Winter in Nikko, Japan.

Posted by Benjamin Naden on Sunday, September 1, 2019

Benedict ဟာ ဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံရပြီး (၂)လခွဲအကြာမှာပဲသေဆုံးသွားခဲ့တယ်။ Benedict ဟာ စင်ကာပူနိုင်ငံရဲ့စီမံခန့်ခွဲရေးဌာနမှာပညာသင်ယူနေတဲ့လူငယ်တစ်ဦးဖြစ်တဲ့အပြင် ရေကူးနည်းပြ တစ်ယောက်လည်းဖြစ်ပါတယ်။သူဟာကျန်းမာရေးကိုအထူးလိုက်စားတဲ့လူငယ်တစ်ဦးလည်းဖြစ်တယ်။ ဇွန်လအလယ်လောက်မှာတော့ သူ့ရဲ့အရေပြားပေါ်မှာအနီကွက်တွေထွက်လာပြီး ကိုယ်ပူကာအဖျားကြီးပြီးခဲ့တဲ့ အတွက် သူဟာတုတ်ကွေးရောဂါဖြစ်နေတယ်လို့ ထင်ခဲ့ပါတယ်။ အဲဒီနောက် ရက်အနည်းငယ်အကြာ၊ ဆရာဝန်ကိုသွားပြတဲ့အချိန်မှာတော့ ရောဂါအခြေအနေကစိုးရိမ်စရာ ဖြစ်နေတယ်လို့ ဆရာဝန်ကစမ်းသပ်တွေ့ရှိသွားခဲ့တာပါ။

Posted by Benjamin Naden on Saturday, August 31, 2019

ဇူလိုင်လမှာတော့ သူ့ကိုဆေးရုံရဲ့ အရေးပေါ်ဌာနကိုတင်လိုက်ရပါတယ်။သူဟာ Epstein-Barr ဗိုင်းရပ်စ်လို့ခေါ်တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပွားနေ တာပါ။Epstein-Barr ဗိုင်းရပ်စ်ရောဂါရဲ့လက္ခဏာတွေဟာ တုပ်ကွေးရောဂါဖြစ်ပွားရင် ဖြစ်တတ်တဲ့ရောဂါလက္ခဏာ တွေနဲ့ပုံစံတူပါတယ်။Epstein-Barr ဗိုင်းရပ်စ်ရောဂါဟာ တံတွေးကနေတစ်ဆင့် ကူးစက်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါကိုပျောက်ကင်းအောင်ကုသတဲ့ဆေးတော့ မရှိပါဘူး။ဒါပေမယ့် ကာကွယ်ဆေးတော့ထိုးလို့ရပါတယ်။ Benedict ဟာ Epstein-Barr ဗိုင်းရပ်စ်ရောဂါအပြင် အခြားရောဂါတွေပါဖြစ်ပေါ်လာပြီး hemophagocytic lymphohistiocytosis လို့ခေါ်တဲ့ ရှားပါးကိုယ်ခံစွမ်းအားကျဆင်းမှုရောဂါတွေပါဖြစ်လာခဲ့ပါတယ်။

obituaries

Benedict တစ်ယောက်ဆေးရုံရောက်ပြီး (၃)ပတ်အကြာမှာ သူ့ရဲ့ကျန်းမာရေးဟာ ပိုမိုဆိုးဝါးလာခဲ့ပြီး ရှားပါးကင်ဆာရောဂါ တစ်ခုပါဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ သူဆေးရုံတက်နေစဉ် နေ့တိုင်းကို ဆရာဝန်တွေကသူ့ရဲ့အသည်း၊ ကျောက်ကပ်နဲ့Benedictရဲ့ အင်္ဂါအစိတ်အပိုင်း တွေကိုစစ်ဆေးမှုတွေလုပ်ဆောင်ပေမယ့် အခြေအနေက တစ်ဖြေးဖြေးဆိုးဝါးလာခဲ့တယ်လို့ Benedict ရဲ့အဖေက ပြောပါတယ်။ Benedict ရဲ့ဦးနှောက်နဲ့နှလုံးဟာ တစ်ဖြေးဖြေးဆုတ်ယုတ်လာခဲ့ပြီး သြဂုတ်လ(၃၁)ရက်နေ့မှာသေဆုံး သွားခဲ့ပါတယ်။Benedict ဟာ(၂၀၂၀)ခုနှစ်မှာ ဘွဲ့ယူတော့မယ့်ကျောင်းသားတစ်ဦးလည်းဖြစ်ပါတယ်။

Thae

SHARE