ချစ်သူသက်တမ်းတစ်နှစ်ပြည့်မှာ ကောင်လေးကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ကောင်မလေး

China Press

လူ့အဖွဲ့အစည်းရဲ့ ထုံးတမ်းစဉ်လာအရ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်မှာ အိမ်ထောင်ပြုတော့မယ်ဆိုရင် အမျိုးသားဘက်က အမျိုးသမီးရဲ့ဘ၀ကို သူလုံခြုံအောင် တာဝန်ယူနိုင်ပါတယ်၊ လူတန်းစေ့ထားပေးနိုင်ပါတယ်ဆိုတဲ့ သဘောနဲ့ ပစ္စည်း၊ ငွေကြေးအစရှိတဲ့ အဖိုးတန်အရာတွေကို အုပ်ထိန်းသူတွေရှေ့ သက်သေထားကာ တင်တောင်းကြလေ့ရှိပါတယ်။ ဒါဟာ အရှေ့တိုင်းယဉ်ကျေးမှုအများစုက ကျင့်သုံးပြီး အမျိုးသမီးတွေအပေါ် တန်ဖိုးထားကြောင်း ပြသတဲ့ မဖောက်ဖျက်သင့်တဲ့ ဓလေ့တစ်ခု ဖြစ်ပါတယ်။

Weibo/China Press

ဒါပေမယ့် တရုတ်နိုင်ငံက အသက် (၂၄) နှစ်အရွယ် ကောင်မလေးတစ်ယောက်ကတော့ ဒီအစဉ်အလာကို ဖောက်ဖျက်ပြီး ချစ်သူကောင်လေးကို အိမ်တွေ ကားတွေနဲ့ တင်တောင်းခဲ့တယ်လို့ worldofbuzz သတင်းအရ သိရပါတယ်။ အဆိုပါ ကောင်မလေးဟာ ကောင်လေးကို ပန်းစည်းတစ်စည်း၊ အိမ်တစ်လုံး၊ BMW ကားသော့နဲ့အတူ ၄င်းတို့ရဲ့ချစ်သူသက်တမ်းတစ်နှစ်ပြည့်မှာ အခုလို surprise လုပ်ခဲ့တာ ဖြစ်ပါတယ်။

READ
အသက်၃၀အရွယ်နီးပါးနုပျိုနေတဲ့ အသက်၆၄နှစ်အရွယ်အမျိုးသမီး
Weibo/China Press

သူမက အခုလို surpise မျိုးတွေလုပ်ပေးဖို့ဟာ အမျိုးသားနဲ့ အမျိုးသမီး ဘယ်သူလုပ်သင့်တယ်ဆိုပြီး ခွဲခြားဖို့မလိုဘူးလို့ ဆိုခဲ့တာပါ။ ဒါကြောင့်လည်း အစဉ်အလာကို ချိုးဖောက်ပြီး ကောင်လေးကို သူမဘက်က စကာ လက်ထပ်ခွင့်တောင်းခဲ့တာ ဖြစ်ပါတယ်။ ကောင်မလေးဟာ ချမ်းသာတဲ့ မိသားစုက ဖြစ်ပါတယ်။ သူမဟာ သူမတို့ရဲ့ ချစ်သက်တမ်းတစ်နှစ်ပြည့်တဲ့နေ့မှာ ကောင်လေးကို ၄င်းတို့ ပထမဆုံးတွေ့ဆုံတဲ့နေရာမှာ ချိန်းလိုက်ပါတယ်။

Weibo/China Press

ချိန်းထားတဲ့နေရာကို ကောင်လေးရောက်လာတဲ့အခါမှာတော့ သူမဟာ အဖြူရောင်မင်္ဂလာဝတ်စုံကို ၀တ်ဆင်ပြီး ရုတ်တရက် ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ကောင်လေးကို ကားတွေ၊ အိမ်တွေနဲ့ လက်ထပ်ခွင့်တောင်းမယ့်အကြောင်း ပြောတဲ့အခါမှာတော့ ကောင်လေးဘက်ကလည်း လိုလိုလားလားနဲ့ “I do” လို့ ပြန်ပြောခဲ့တာပါ။ ထို့နောက်မှာတော့ ကောင်လေးနဲ့ ကောင်မလေးဟာ နှစ်ဦးသား ပွေ့ဖက်လိုက်ကြပြီး ကောင်လေးက သူတို့လက်ထပ်ပြီးတဲ့အခါ ကောင်မလေးကို သူကောင်းကောင်းစောင့်ရှောက်ပါ့မယ်လို့ ဆိုခဲ့ကြောင်းလည်း သိရပါတယ်။

READ
လမ်းဘေးဆိုင်မှာ တက်တူးထိုးမိလို့ ဒုက္ခရောက်ခဲ့ရတဲ့ ကောင်မလေး

လင်းလင်း (ShweMom)

SHARE