တောမီးထဲ ဒုက္ခရောက်နေတဲ့ သားပိုက်ကောင်ပေါက်လေးကို ကယ်တင်ခဲ့တဲ့ လူငယ်လေး

instagram/sammcglone

သြစတေးလျဟာ အခုအခါမှာ သမိုင်းတစ်လျှောက် အဆိုးဆုံးဆိုတဲ့ မီးဘေးအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရတာပါ။ Storypick မှာ တွေ့ရတဲ့ သတင်းအရ တောမီးကြောင့် မြေဧကပေါင်း (၁၇.၉) မီလီယံ ဆုံးရှုံးကာ လူအနည်းဆုံး (၂၇) ယောက်သေဆုံးပြီး တိရစ္ဆာန်ကောင်ရေ ဘီလီယံ (၁) သန်း ထိခိုက်မှုရှိခဲ့ကြောင်း သိရပါတယ်။

မီးဘေးကြောင့် ကြုံတွေ့ရတဲ့ အပျက်အစီးတွေ၊ ၀မ်းနည်းဖွယ်ဖြစ်ရပ်တွေနဲ့အတူ ကိုယ်ချင်းစာစိတ်ကြီးမားပြီး စိတ်ကောင်းနှလုံးကောင်းရှိတဲ့ လူသားတွေရဲ့ ပုံရိပ်တွေကိုလည်း အခုလို သိခဲ့ရပြန်ပါတယ်။ ငွေကြေးကြွယ်ဝချမ်းသာသူတွေက သူတို့တတ်နိုင်တဲ့အလျောက် လှူဒါန်းတာမျိုး ရှိသလို တစ်ချို့ကျတော့လည်း မီးဘေးဒုက္ခသည်တွေကို အစာရေစာဒါနပြုတာ၊ နေရာထိုင်ခင်းပေးတာမျိုးတွေလည်း ရှိပါတယ်။

https://www.instagram.com/p/B69SYmVBTHH/?utm_source=ig_web_copy_link

အခုအခါမှာတော့ အသက်(၂၄) နှစ်အရွယ် ဆမ်မက်ဂလုံးအမည်ရတဲ့ လူငယ်လေးတစ်ယောက်အကြောင်းကို ချီးကျူးလေးစားဖွယ် ဖော်ပြချင်ပါတယ်။ ဆမ်က ရုပ်ရှင်ရိုက်ကူးသူတစ်ယောက်ဖြစ်သလို အပျော်တမ်းမီးသတ်သမားတစ်ဦးလည်း ဖြစ်ပါတယ်။ သူက သြစတေးလျ နယူးဆောက်သ်ဝေးလ်မှာ မီးသတ်လုပ်အားပေးအဖြစ် လုပ်ကိုင်နေတာပါ။ သြစတေးလျရဲ့ အခုနှစ် တောမီးထဲမှာတော့ သူရော သူ့မိသားစုရောပါ ဘရိတ်ဒ်ဝုဒ်မြို့နားက ဒဏ်ရာရနေတဲ့ တိရစ္ဆာန်လေးတွေကို ကူညီပေးခဲ့ပါတယ်။

READ
မသန်စွမ်းသူသခင်ကို နှုတ်သီးနဲ့ကူပြီး ၀ှီးချဲလ်တွန်းပေးနေတဲ့ ခွေးလိမ္မာလေး

အောက်ဘက်မှာတော့ ဆမ်က ဂျိုဝီလို့ အမည်ပေးထားတဲ့ သားပိုက်ကောင်လေးတစ်ကောင်ကို ကယ်ဆယ်ခဲ့တဲ့  ဗီဒီယိုဖိုင်လေးပါ။ ဂျိုဝီကို မီးထဲက ကယ်လာပြီးတဲ့နောက် ဆမ်ဟာ ရေစွတ်ထားတဲ့ အ၀တ်ထူထူနဲ့ ပတ်လိုက်ပြီး ရေတိုက်ခဲ့ပါသေးတယ်။ ဗီဒီယိုအဆုံးမှာတော့ သူက “ခင်ဗျားတို့အားလုံး ကြည့်လိုက်ပါဦး။ ကျွန်တော့်ကလေးကို။ ဒီနေ့ပဲ မီးထဲက ကယ်လာတာဗျ….” လို့ ကြည်နူးစွာ ပြောပြခဲ့တာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE