ဘန်ကောက်အနီး မီနီဘတ်စ်ကားနှင့်ပစ်ကပ်ကားယာဉ်တိုက်မူဖြစ်ရာမှ ၂၅ယောက်သေဆုံး

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့အနီးမှာ မီနီဘတ်စ်ကားဟာ တစ်ဖက်လမ်းကြောရှိ အမိုးဖွင့်ကုန်တင်ကားငယ်ကိုဝင်တိုက်ခဲ့ပြီးနောက် မီးအကြီးအကျယ်လောင်မူဖြစ်ပွားခဲ့ရာ လူ ၂၅ ယောက်သေဆုံးမူဖြစ်ပွားခဲ့တယ်လို့ထိုင်းနိုင်ငံလမ်းပန်းအန္တရာယ်ကင်းစင်ရေးအဖွဲ့မှ ဒေသခံမီဒီယာတွေကိုပြောကြားခဲ့ပါတယ်။ မောင်းနှင်သူနှစ်ယောက်လည်းအပါအ၀င် လူ၂၅ ယောက်တိတိသေဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ ၂ ဦးသာရှိတယ်လို့ ချောင်ဘူရီဒေသ ရဲမှူး ဒူဆဒီးကွန်ချောင်ကပြောကြားခဲ့ပါတယ်။ဒီမတော်တဆမူဟာလုံးဝ မဖြစ်သင့်တဲ့မတော်တဆမူမျိုးဖြစ်ပေမဲ့ ဖြစ်ပွားခဲ့တယ်လို့ ရဲမှူးကပြောခဲ့ပါတယ်။မီနီဘတ်စ်ကားဟာ လမ်းမရဲ့အလယ်ယဉ်ကျော်ခွဲခြားပေးတဲ့ လမ်းလယ်ကျွန်းကိုကျော်ပြီး တစ်ဖက်ဗင်ကားကိုသွားတိုက်မိခဲ့တာဖြစ်ပါတယ်။

ရဲတွေဟာ မတော်တဆမူဖြစ်ရတဲ့အကြောင်းအရင်းကို စုံစမ်းနေပေမဲ့ အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူတွေကို တွေ့ဆုံမေးမြန်းခွင့်မရသေးဘူးလို့ဆိုပါတယ်။ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်မှာ ယဉ်မတော်တဆမူကြောင့်အသေအပျောက်အများဆုံး ဖြစ်ပွားတဲ့နိုင်ငံတွေထဲမှာပါဝင်ပါတယ်။

Lumos(Shwemom)

Ref : The Sun

SHARE