California ပြည်နယ်ရဲ့ အသက်အငယ်ဆုံး ဥပဒေပြု ကိုယ်စားလှယ်ဖြစ်လာတဲ့ လူငယ်လေး

[email protected] votealexlee

နိုင်ငံရေးကိစ္စတွေမှာ များသောဖြင့် လူငယ်တော်တော်များများက စိတ်ဝင်စားမှု မရှိကြပါဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရ အဖွဲ့အစည်းတွေမှာဆိုရင်လည်း ရာထူးကြီးကြီးနေရာတစ်ခုကို အသက်ကြီးတဲ့လူတွေ၊ နိုင်ငံရေးလောကမှာ အတွေ့အကြုံတော်တော်ရှိတဲ့ လူတွေ အစရှိတဲ့ လူတွေပဲ နေရာရတတ်ကြပါတယ်။ အခုပြောချင်တာကတော့ အသက် ငယ်ငယ်နဲ့ California ပြည်နယ်ရဲ့ ဥပဒေပြု ကိုယ်စားလှယ်တစ်ဦးဖြစ်လာခဲ့တဲ့ လူငယ်လေးတစ်ဦးပဲ ဖြစ်ပါတယ်။ ထူးဆန်းတာတစ်ခုကတော့ အဆိုပါ လူငယ်လေးဟာ အသက် ၂၅ နှစ်သာ ရှိသေးပြီး bisexual အမျိုးသားတစ်ယောက် ဖြစ်နေပဲဖြစ်ကြောင်း abc7news သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အဆိုပါ လူငယ်လေးကတော့ Alex Lee လို့ အမည်ရတဲ့ အာရှ-အမေရိကန် ကပြားတစ်ယောက်ပဲ ဖြစ်ပါတယ်။ Alex ဟာ 25th District Assembly ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီး California ပြည်နယ်ရဲ့ ပထမဦးဆုံး bisexual ဥပဒေကိုယ်စားလှယ်တစ်ဦး ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Alex ဟာ အမေရိကန်သမိုင်းတစ်လျှောက်မှာ ပထမဦးဆုံး အာရှ-အမေရိကန် ကပြားတစ်ယောက်အနေနဲ့ ပထမဦးဆုံးသော ဥပဒေကိုယ်စားလှယ်တစ်ဦး ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ 25th District Assmebly ရွေးကောက်ပွဲမှာ California ပြည်သူတွေရဲ့ ၇၂ ရာခိုင်နှုန်းကျော်ဟာ Alex ကို တစ်ညီတစ်ညွတ်တည်း မဲပေးခဲ့တာကြောင့် Alex တစ်ယောက် အခုလို အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

READ
ကလေးတွေကို နှင်းတောထဲလမ်းလျှောက်စေပြီး အပြစ်ပေးခဲ့တဲ့မိခင် ဝေဖန်မှုများနဲ့ကြုံနေရ

 

“ကျွန်တော့်အနေနဲ့ကတော့ တော်တော်လေးကို ပျော်ရွှင်မိပါတယ်။ ပထမဦးဆုံးက ကျွန်တော်ဟာ bisexual တစ်ယောက် ဖြစ်နေမှန်းသိသိရက်နဲ့ ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ မဲထည့်ပေးခဲ့ကြတဲ့ လူတွေကို တစ်ကယ်ကျေးဇူးတင်မိပါတယ်။ ကျွန်တေယ့်အတွက် တစ်ကယ့်ကို စိတ်ဓာတ်ခွန်အား ဖြစ်စေမိပါတယ်။ ကျွန်တော်ဟာ အသက်ငယ်ပေမယ့်လည်း လူတွေယုံကြည်ရတဲ့ ဥပဒေကိုယ်စားလှယ်တစ်ယောက်ဖြစ်အောင် သေသေချာချာ ကြိုးစားသွားမှာပါ”လို့ Alex က ပြောကြားခဲ့ပါတယ်။

READ
ကမ္ဘာ့အကြီးဆုံးနှိပ်စက်ရေး ပစ္စည်းများ စုဆောင်းထားတဲ့ နှိပ်စက်ရေးပစ္စည်းဝါသနာရှင်

 

Pyi Hein Kyaw

SHARE