အင်ဂျင်နီယာအလုပ်ထွက်ပြီး ငါးသားဖောက်လုပ်ငန်းနဲ့ ၀င်ငွေဖြောင့်နေတဲ့ အမျိုးသား

လူအများစုက တစ်ခါတစ်လေ လက်ရှိအလုပ်ကထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းလေး စတင်ချင်တဲ့စိတ်တွေ ဖြစ်ဖူးကြပါတယ်။ ဒါပေမယ့် ကိုယ်လုပ်ချင်တာ လုပ်လိုက်ပြန်ရင်လည်း အကျိုးအမြတ်သိပ်မကျန်ပဲ ရှိတဲ့အလုပ်လေးတောင် ပျောက်မှာစိုးရိမ်တဲ့အတွက် လက်လျော့လိုက်မိကြတာ များပါတယ်။ ဒါပေမယ့် အခုတွေ့ရမယ့် မလေးရှားနိုင်ငံက အမျိုးသားကတော့ အလုပ်ပြောင်းပြီး နောက်မှ ပိုကံကောင်းပြီး ၀င်ငွေပိုဖြောင့်သွားရတဲ့ အမျိုးသားအကြောင်းပါ။

Source: FMT

သူ့နာမည်က အသက်(၂၇) နှစ်အရွယ် မို့ဒ်ဖာဂျီဟာအလိုင်းဟစ်စ်ပါ။ သူက အင်ဂျင်နီယာအလုပ်ကို ထွက်ပြီး ငါးသားဖောက် အရောင်းအ၀ယ်လုပ်ငန်းလုပ်ရာကနေ အခုဆို ကြီးပွားပြီး ကိုယ်ပိုင်စီးပွားနဲ့ သူဌေးတောင်ဖြစ်နေပါပြီ။ ဖာဂျီဟာက ငယ်ငယ်လေးတည်းက ဖိုက်တာငါးတွေနဲ့ ပတ်သက်လို့ အထူးစိတ်ဝင်စားသူပါ။ သူက အင်ဂျင်နီယာအဖြစ် အလုပ်လုပ်နေရာက ၀င်ငွေမလောက်ငှတာကြောင့် အခုလို စွန့်စားရင်း ၀င်ငွေတောင့်တင်းလာသူပါ။

Source: FMT

“ကျွန်တော် အင်ဂျင်နီယာလုပ်တုန်းက တစ်လ၀င်ငွေက ဒေါ်လာ၃၆၀ပဲရှိတယ် မလောက်ဘူးဗျ။ ကျွန်တော်က အိမ်ထောင်နဲ့ ကလေးနဲ့လေ။ ဘယ်လိုမှ မလောက်ဘူး။” လို့ဆိုပါတယ်။ အခုဆိုရင်တော့ ငါးလုပ်ငန်းနဲ့ တစ်လကို ဒေါ်လာထောင်ချီဝင်လာတာကြောင့် ဖာဂျီဟာက ဒီလုပ်ငန်းနဲ့ တော်တော့်ကို အကျိုးပေးတယ်လို့ ဆိုရမှာပါ။

READ
(၁၄) နှစ်နဲ့ ဆုရဓာတ်ပုံဆရာကောင်းတစ်ဦးဖြစ်လာတဲ့ Steve Irwin ရဲ့ သားလေး
A-Z animals

ဖာဂျီဟာက “တစ်နေ့ ကျွန်တော့ ၀မ်းကွဲအမျိုးတစ်ယောက်က အရည်အသွေးကောင်းတဲ့ ငါးတစ်စုံဝယ်လာတယ်ဗျ။ ကျွန်တော်က ငါးတွေကို သားဖောက်ဖို့ ကြိုးစားတယ်။ ပထမဆုံး သားဖောက်တော့ တစ်စုံကို စင်ကာပူဒေါ်လာ၂၀၀ နဲ့ ရောင်းလိုက်တယ်။ နောက်တော့ ကျွန်တော်စဉ်းစားတယ်။ ငါးတွေကို သားဖောက်ပြီး ရောင်းရင်တော့ ပိုက်ဆံတော်တော်ရမယ်လို့။” လို့ပြောပြပါတယ်။ ဖိုက်တာငါးတွေအကြောင်း အတော်အတန်လေ့လာပြီးနောက်မှာတော့ ဖာဂျီဟာက ငါးသားဖောက်လုပ်ငန်းထဲ ခြေစုံပစ်ဝင်ခဲ့ပါတယ်။ အခုဆိုရင် ဖိုက်တာငါးတွေနဲ့ ပတ်သက်လို့ သူက ဆရာကြီးဖြစ်နေပြီး အွန်လိုင်းမှာလည်း ငါးတွေနဲ့ ပတ်သက်လို့ သူ့အတွေ့အကြုံတွေ မျှဝေလျက်ရှိပါတယ်။

Love To Know

ဒါ့အပြင် ဖာဂျီဟာက မလေးဖိုက်တာငါးကလပ်ရဲ့ အမှုဆောင်ချုပ်လည်း ဖြစ်ပါတယ်။ လက်ရှိမှာ သူဟာ ငါးဆိုင်တစ်ဆိုင်ဖွင့်ထားပြီး ဖိုက်တာငါးမျိုးစုံ ကောင်ရေ (၈,၀၀၀) လောက် မွေးထားပါတယ်။ Halfmoon, Halfmoon Plakat, Dumbo, Veil Tail စတဲ့ ငါးတွေကိုတော့ စင်ကာပူ၊ ထိုင်းနဲ့ တခြားနိုင်ငံတွေက အမှာများပါတယ်။ စွန့်စားလိုစိတ်ရှိတဲ့အပြင် သတ္တိရှိရှိနဲ့ ကိုယ်ယုံကြည်ရာလမ်းကြောင်းပေါ်ကို ခုန်ကူးပြီး မိသားစုဘ၀ကို အဆင်ပြေအောင်ကြိုးစားခဲ့တဲ့ ဖာဂျီဟာကတော့ လေးစားစရာလူငယ်ပဲ ဖြစ်ပါတော့တယ်။

READ
ခရစ္စတီယာနိုရော်နယ်ဒို လိုဖြစ်ရမယ်လို့ အိပ်မက်မက်ခဲ့ဖူးတဲ့ လိပ်နင်ဂျာလေး(သို့) အမ်ဘက်ပီ

လင်းလင်း (ShweMom)

Ref: WorldofBuzz

SHARE