မွေးစားမယ့်ပိုင်ရှင်အသစ်ကို ရှာတွေ့သွားပြီဖြစ်တဲ့ ကြောင်ဖက်တီးလေး

[email protected]

ကြောင်ကလေးတွေဆိုတာ လူတွေအပေါ်မှာ ပွတ်သီးပွတ်သပ်လုပ်ပြီး အချွဲတက်ဆုံးသော အိမ်မွေးတိရစ္ဆာန်လေးတွေပဲ ဖြစ်ပါတယ်။ များသောအားဖြင့် သူတို့လေးတွေဟာ ချောင်တစ်ချောင်မှာ ခွေနေတတ်ပြီး အစာစားချိန်တို့၊ အပြင်ထွက်ချင်တဲ့ အချိန်တွေကျမှသာ သခင်အနားကိုရောက်လာတတ်ပြီး ပွတ်သပ်နေတတ်တဲ့ ကောင်လေးတွေပါပဲ။ အခုပြောပြချင်တဲ့ ကြောင်ကလေးကတော့ စွန့်ပစ်ခံ ကြောင်ဖက်တီးလေးတစ်ကောင်အကြောင်းပါ။

 

ပုံထဲမှာ တွေ့ရတဲ့ ကြောင်ကလေးကတော့ Lasagna လို့ အမည်ရတဲ့ ကြောင်ဖက်တီးလေးဖြစ်ပြီး ကိုယ်အလေးချိန်ကတော့ ၂၉ ပေါင် ရှိကြောင်း သိရပါတယ်။ Lasagna ကို အမေရိကန်နိုင်ငံ၊ Pennsylvania ပြည်နယ်ရှိ Philadelphia မြို့ရှိ ACCT Philly လို့ အမည်ရတဲ့ တိရစ္ဆာန်ဂေဟာက လမ်းဘေးတစ်နေရာမှာ ကောက်ရခဲ့တာ ဖြစ်ပါတယ်။ Lasagna ဟာ ကြောင်တစ်ကောင်အနေနဲ့ တော်တော်လေးကို အဝလွန်နေခဲ့ပြီး လမ်းလျှောက်ဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ အနေအထားတစ်ခု ဖြစ်နေခဲ့ပါတယ်။ ဒါ့ကြောင့် နောက်ဆုံးမှာတော့ ACCT Philly အဖွဲ့အစည်းဟာ သူတို့ရဲ့ Twitter အကောင့်ကနေပြီးတော့ Lasagna ကို မွေးစားဖို့နဲ့ ကျန်းမာပျော်ရွှင်တဲ့ ကြောင်ကလေးတစ်ကောင်ဖြစ်အောင် လုပ်ပေးနိုင်တဲ့ သခင်တစ်ယောက်ကို လိုအပ်ကြောင်း ပို့စ်တင်ခဲ့ပါတယ်။

READ
ဟင်းလျာတစ်ပွဲကြောင့် မမျှော်လင့်ဘဲ ရေတွေစိုရွှဲခဲ့ရတဲ့ ဧည့်သည်များ

 

အဆိုပါပို့စ်ဟာ ဆိုရှယ်မိဒီယာမှာ ပျံ့နှံ့ခဲ့ပြီး Lasagna ကို မွေးစားချင်တဲ့ သခင်တွေ အများကြီး ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီထဲကမှ သေသေချာချာ စီစစ်ရွေးချယ်လို့အပြီး နောက်ဆုံးမှာတော့ New Jersey မြို့ရှိ မိသားစုတစ်စုဟာ Lasagna ရဲ့ အကောင်းဆုံးအိမ်ဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ အခုအချိန်မှာဆိုရင်တော့ Lasagna ဟာ New Jersey မြို့ရှိ သူရဲ့ သခင်အသစ်ရဲ့ အိမ်မှာ ပျော်ရွှင်စွာ နေထိုင်နေပြီဖြစ်ကြောင်း သိရပါတယ်။

 

“Lasagna ဟာ တစ်ကယ်ကို ကံကောင်းတဲ့ ကြောင်ကလေးတစ်ကောင်ပါ။ သူ့ကို မွေးစားဖို့ ပို့စ်တင်တင်ပြီးချင်း ၂၄ နာရီအကြာမှာပဲ မွေးစားဖို့ သခင်အသစ်ကို ရရှိခဲ့ပါတယ်။ Lasagna ဟာ အရမ်းကို ကိုယ်အလေးချိန်များနေတဲ့အတွက် သူ့ကို သေသေချာချာ ဝိတ်ချပေးဖို့နဲ့ ကျန်းမာရေးစောင့်စောက်မှုတွေ လုပ်ပေးနိုင်မယ့် သခင်တစ်ယောက်ကို တစ်ကယ်အလိုရှိနေတဲ့ ကြောင်ကလေးပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုအချိန်မှာတော့ Lasagna စတ်ယောက် တော်တော်လေးကို ပျော်ရွှင်နေပါပြီ”လို့ ACCT Philly အဖွဲ့အစည်းရဲ့ ဒါရိုက်တာဖြစ်သူ Sarah Barnett က ပြောကြားခဲ့ပါတယ်။

READ
ထိုင်စရာနေရာတွေကိုပဲ သီးသန့်ရွေးပြီး Review လုပ်တဲ့ ထူးထူးခြားခြား အမျိုးသား

 

Pyi Hein Kyaw

SHARE