ကိုမာဖြစ်နေရာကနေ၊ ပြန်သတိရလာတဲ့အခါ ထီပေါက်ကြောင်းသိလိုက်ရတဲ့အမျိုးသား

South China Morning Post

မလေးရှားနိုင်ငံ၊ ကူအန်တန် မှာနေထိုင်တဲ့ အသက် (၂၉)နှစ်အရွယ် စက်ရုံအလုပ်သမားတစ်ဦးဟာ ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ် အတွင်းမှာ ကားမတော်တဆမှု တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

တူအာ လို့ခေါ်တဲ့ အဲဒီအမျိုးသားက မတော်တဆမှုကြောင့် ကိုမာ ဖြစ်သွားခဲ့ပြီး ဆေးရုံမှာ (၂)လကျော်ကြာအောင် သတိမေ့နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ အစပိုင်းမှာတော့ သူဟာ ကိုမာဖြစ်နေရာကနေ သတိပြန်လည်ရလာခဲ့ပြီး ဆေးရုံက ဆင်းနိုင်ခဲ့တာပါ။

South China Morning Post

ဒါပေမယ့်လည်း သူက အလုပ်လက်မဲ့တစ်ယောက် ဖြစ်သွားခဲ့ပြီး သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် စက်ရုံမှာ အလုပ်ပြန်လုပ်ဖို့ ခက်ခဲသွားခဲ့တာပါ။

တူအာ တစ်ယောက် အလုပ်မရှိပဲ အိမ်မှာနေ နေတဲ့ရက်ပိုင်းအတွင်းမှာပဲ သူ့အတွက် ကြီးမားတဲ့ ကံကောင်းမှု တစ်ခု ရောက်ရှိလာပါတော့တယ်။ အဲဒါကတော့ သူ ကံစမ်းထားခဲ့တဲ့ ထီလက်မှတ်က ရင်းဂစ် (၂၃)သန်း ဆုကြေးရှိတဲ့ ထီ ဆုကြီး ပေါက်နေတာကြောင့်ပါပဲ။

READ
လူမမာ ဖခင်ကြီးကို စက်ဘီးပေါ်တင်ပြီး မိုင်(၇၀၀)ကျော် စက်ဘီးနင်းခဲ့တဲ့ ကောင်မလေး

တူအာ ဟာ ပြီးခဲ့တဲ့ (၈)နှစ်လောက်ကတည်းက လတိုင်း ထီထိုးပြီး ကံစမ်းခဲ့ပေမယ့် တစ်ခါမှ မပေါက်ခဲ့သလို ဆုမဲနံပတ်ချင်းတောင် နီးစပ်မှု မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူထိုးထားခဲ့တဲ့ (၇၊၁၂၊၃၁၊၄၁၊၄၇၊၄၉) နံပတ်တွေကနေ ထီဆုကြီးပေါက်ခဲ့တာဖြစ်ပြီး သူ့ဘ၀အတွက် လုံးဝကို အလှည့်အပြောင်း ဖြစ်သွားခဲ့ပါတယ်။

South China Morning Post

“ကျွန်တော် ဘုရား ကို ယုံပါတယ်။ အဲဒါကြောင့်ပဲ ကျွန်တော့်ရဲ့ အခက်အခဲတွေအားလုံး ပြေလည်သွားခဲ့တာ” လို့ တူအာ က ဆိုပါတယ်။

တူအာ ဟာ အခုဆိုရင် သူ့ရဲ့အကြွေးတွေ ကျေသွားခဲ့ပြီး အိမ်အသစ်တစ်လုံးလည်း ၀ယ်နိုင်ခဲ့ပါပြီ။ ဒါ့အပြင် သူ့ရဲ့မိခင်ကိုလည်း အလုပ်ထွက်ခိုင်းခဲ့ပြီး သားအမိနှစ်ယောက် အိမ်အသစ်မှာ အတူတူနေခွင့်ရသွားခဲ့ပြီ..။

Linn

 

SHARE