အဖွဲ့ဝင် (၄) ယောက်အပြည့်အစုံနဲ့ အဖွဲ့သက်တမ်း(၁၀) နှစ်ပြည့်ကိုကျင်းပခဲ့တဲ့ 2NE1

မေလ ၁၇ ရက်နေ့ကတော့ ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် အမျိုးသမီးကေပေါ့အဖွဲ့ 2NE1 ရဲ့ အဖွဲ့သက်တမ်း ၁၀ နှစ်ပြည့်သွားခဲ့တဲ့နေ့လေးပါ။ဒီလို ထူးခြားတဲ့နေ့လေးကိုတော့ 2NE1အဖွဲ့ဝင်တွေဟာ ပိုပြီးတော့ ထူးခြားသွားစေခဲ့ပါတယ်။ CL, Dara, Bomနဲ့ Minzyတို့ကတော့ လေးယောက်အတူဆုံပြီးတော့ သူတို့ရဲ့ အဖွဲ့သက်တမ်း(၁၀) နှစ်ပြည့်ကိုကျင်းပခဲ့တာဖြစ်ပါတယ်။

2NE1အဖွဲ့ဝင်တွေကတော့ သူတို့ရဲ့ ပွဲဦးထွက်သီချင်းဖြစ်တဲ့ “Fire” သီချင်းဗီဒီယိုက ဓါတ်ပုံနဲ့ ကိတ်လေးကို အတူခွဲခဲ့ကြပြီ မိနစ် ၃၀ လောက်နီးပါး အင်စတာဂရမ်ပေါ်မှာ သူတို့ရဲ့ တွေ့ဆုံမှုကို live လွှင့်ပေးခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းက 2NE1 ပရိသတ်တွေအများကြီးကလည်း Liveကို ဝင်ရောက်ကြည့်ရှုကြပြီး အဖွဲ့ဝင်လေးယောက်ကို အခုလို အတူတူ ပြန်တွေ့ရတာ ယုံတောင် မယုံနိုင်တဲ့အကြောင်းတွေ၊ဝမ်းသာတဲ့အကြောင်းတွေ ကွန်းမန့်ရေးသားခဲ့ပါတယ်။

READ
Instagram မှာ Followers အများဆုံး ထိုင်းဆယ်လီများ

CL, Dara, Bomနဲ့ Minzyတို့ကတော့ သူတို့ရဲ့ အရင်ကအကြောင်းတွေကို ပြန်ပြောရင်း ရယ်လည်းရယ်၊ငိုလည်းငိုခဲ့ကြပါတယ်။ မနေ့ကတော့ 2NE1 နဲ့ Blackjackတွေအတွက် အမှတ်တရ အသစ်လေးတစ်ခုကို ဖန်တီးနိုင်ခဲ့တဲ့ နေ့ကလေးပါပဲ။ Live stream ကို မကြည့်လိုက်ရတဲ့သူတွေအတွက်လည်း ဗီဒီယိုလေးထည့်ပေးလိုက်ပါတယ်။

Source:koreaboo

 

SHARE