ကြီးမားလွန်းတဲ့ နှင်းရုပ်တုကြီးတွေကို နှစ်တိုင်းဖန်တီးလေ့ရှိတဲ့ ညီအစ်ကို ၃ ယောက်

အော်စတင်ဘာ့ဇ်၊ ကော်နာဘာ့ဇ်နဲ့ ထရီဗာဘာ့ဇ်ဆိုတဲ့ ညီအစ်ကို သုံးယောက်ဟာ အမေရိကန်နိုင်ငံက နှင်းထူထပ်တဲ့ ဒေသဖြစ်တဲ့ မင်နက်ဆိုတာ ပြည်နယ်၊ နယူးဘရိုက်တန်မှာ နေထိုင်ပါတယ်။ ဘာ့ဇ်ညီအစ်ကို သုံးယောက်ဟာ နှင်းထူထပ်တာကို အကောင်းဆုံးအသုံးချကာ ပြတိုက်မှာ ပြထားလို့ ရလောက်အောင် လက်ရာမြောက်တဲ့ နှင်းရုပ်တုတွေကို တည်ဆောက်လေ့ရှိကြပါတယ်။

Facebook

ဒီနှစ်မှာတော့ ဘာ့ဇ်ညီအစ်ကိုတွေက ၁၂ ပေ အရွယ်အစားရှိတဲ့ ပင်လယ်လိပ် နှင်းရုပ်တုကြီးကို ပြုလုပ်ခဲ့ကြပါတယ်။ ဘာ့ဇ် သုံးယောက်က သူတို့ ဆောင်းရာသီ ကျောင်းပိတ်ရှည်တိုင်း အခုလို နှင်းရုပ်တုကြီးတွေကို ဖန်တီးကြတာပါ။ လွန်ခဲ့တဲ့ ၄ နှစ်တုန်းက စလုပ်ခဲ့တာဖြစ်ပြီး ပထမဆုံး လုပ်ခဲ့တာကတော့ နှင်းလူအရုပ်ဖြစ်ပါတယ်။ အရွယ်အစားနဲ့ ပုံစံကို စနစ်တကျ ပြုလုပ်ကြတဲ့အတွက် သူတို့ဟာ အရုပ်တစ်ရုပ်ပြီးဖို့ ရက်သတ္တပတ် အနည်းငယ် အချိန်ယူရပါတယ်။

Facebook

အခု တည်ဆောက်ထားတဲ့ ပင်လယ်လိပ်ကြီးဆိုရင် နာရီပေါင်း ၃၀၀ အချိန်ယူ တည်ဆောက်ခဲ့ရပါတယ်တဲ့။ ညီအစ်ကိုတွေဟာ ရုပ်တုကြီးတွေလုပ်ဖို့ နှင်းတွေကို အရင်စုကြပါတယ်။ လိုချင်တဲ့ နှင်းပမာဏရပြီဆိုတာနဲ့ သူတို့ ဖန်တီးချင်တဲ့ ရုပ်တုတွေကို ဖန်တီးပါတော့တယ်။ ဘာ့ဇ်ညီအစ်ကိုတွေဟာ တစ်နှစ်ထက် တစ်နှ်စ် အရွယ်ရောက်လာကြတဲ့အလျောက် စွမ်းရည်ပိုပိုတက်လာကြပြီး သူတို့လုပ်တဲ့ ရုပ်တုတွေကလည်း ပိုပို စနစ်ကျကာ လက်ရာမြောက်လာပါတယ်။

READ
ကိတ်မုန့်ဖုတ်ခြင်းအနုပညာနှင့် အလွဲတကာ့အလွဲများ
Facebook

ဘာ့ဇ်တို့ နှစ်စဉ်ပြုလုပ်ခဲ့တဲ့ ရုပ်တုတွေကတော့ ငါးမန်းတွေ၊ ပင်လယ်ဖျံတွေ၊ ပင်လယ်လိပ်တွေ အစုံပါပဲ (သူတို့က နှစ်တိုင်း ရေနေသတ္တဝါတွေပဲ လုပ်တော့မလား မသိပေမယ့်)။ သူတို့ ရုပ်တုလက်ရာတွေကို ဝေမျှတဲ့ Fb ပေ့ခ်ျလည်း ရှိပါတယ်။ Follower ၃၈,၀၀၀ ကျော်တောင် ရှိနေပါပြီ။ ဘယ်လိုရုပ်တုအသစ်တွေ ဖန်တီးဦးမလဲဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။

Facebook
Facebook
Facebook
Facebook

Ref: Powerful Mind

SHARE