အထိရောက်ဆုံးနဲ့အမြန်ဆုံး ဆားဝက်ခြံတွေသက်သာပျောက်ကင်းစေမဲ့ နည်းလမ်း(၃)မျိုး

ဘယ်လိုတွေပဲ Skincare တွေသုံးနေပါစေ ၊ Blackhead (အဆံမည်းဆားဝက်ခြံ) မပျောက်သွားဘူးဆိုရင် ဒီနည်းလေးကို မျှဝေပေးချင်ပါတယ်။ ဒီနည်းတွေကတော့ သဘာဝပစ္စည်းလေးတွေဖြစ်လို့ ဘေးထွက်ဆိုးကျိုးတွေ မရှိပါဘူး။ တစ်ခါတည်းနဲ့လည်း အမြစ်ပျောက်သွားနိုင်ပါတယ်။

(၁) Baking Soda

shutterstock/By focal point

Bakig Soda ကတော့ မုန့်ဖုတ်ဖို့အတွက်ပဲ သုံးလို့ရတာမဟုတ်ပါဘူး။ သူ့အစွမ်းတွေကတော့ အံ့မခန်းပါပဲ။ Baking Soda က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး အသားရည်ကို နုနုလေးဖြစ်စေပါတယ်။ ပုံမှန်သုံးပေမယ့်ဆိုရင် Say Goodbye to Your Blackhead လို့တောင် ခေါင်းစဉ်တပ်လို့ရပါပြီ။
– ဇလုံထဲကို Baking Soda (စားပွဲတင်ဇွန်း ၁ ဇွန်း) နဲ့ ရေအနည်းငယ်တို့ကို အနှစ်ပျစ်အောင်ရောပေးပါ။ အနှစ်ရသွားရင် နှာခေါင်းပေါ်ရှိနေတဲ့ ဆားဝက်ခြံအမည်းပေါ်ကို လိမ်းပေးပြီး (၁၀)မိနစ်လောက် အခြောက်ခံပေးပါ။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ဆေးပေးပါ။ တစ်ပတ်ကို (၁-၂)ကြိမ်လုပ်ပေးပါ။

READ
'စုန်း'လို့ အစွပ်စွဲခံရပြီး မိသားစုရဲ့ စွန့်ပစ်ခြင်းကိုခံခဲ့ရတဲ့ နိုက်ဂျီးရီးယားကလေးငယ်

(၂) ဆား

ဆား ကတော့ Blackhead တွေကို အမြစ်ပျောက်အောင် ဖယ်ရှားပေးနိုင်ပါတယ်။
– ဆား (လက်ဖက်ရည်ဇွန်း ၁ ဇွန်း )နဲ့ ရေနွေး (ခွက်တစ်ဝက်) တို့ကို ရောပေးပါ။ ဆားတွေအကုန် ရေထဲပျော်ဝင်သွားရင် ၊ နွေးနွေးဖြစ်သွားအောင် အအေးခံထားပါ။ Blackhead နေရာကို လိမ်းပေး ပြီး အခြောက်ခံထားပါ။ ပြီးရင် ရေနွေးလေးနဲ့ မျက်နှာသစ်ပေးပြီး အ၀တ်နဲ့ အသာအယာလေးသုတ်ပေးပါ။

(၃) သံပရိုရည်
shutterstock/By Joshua Resnick
သံပရိုရည်မှာ alpha-hydroxy acid (AHA) citric acid တို့ပါတာကြောင့် ဆဲလ်သေတွေကို သဘာဝအတိုင်းဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် ချွေးပေါက်ပိတ်တာတွေကို ဖယ်ရှားပေးနိုင်တယ်။ သံပရိုရည်က ဗီတာမင် စီပါတာကြောင့် အသားအရေကို ကျန်းမာလာစေပြီး ၀က်ခြံတွေကိုလည်း လျော့နည်းလာစေတယ်။
– ပထမဆုံး မျက်နှာသစ်ပါ ၊ ပြီးရင် သံပရိုသီးကို အရည်ညှစ်ပြီး ခွက်ထဲထည့်ထားပါ။ ဂွမ်းနဲ့ သံပရိုရည်ကို တို့ပြီး Blackhead နေရာကို လိမ်းပေးပါ။ (၁၀)မိနစ်လောက် အခြောက်ထားပြီး ရေအေးနဲ့ မျက်နှာသစ်ပေးပါ (ဒါမှမဟုတ်) တစ်ညလုံးလိမ်းထားပြီး မနက်ရောက်မှ မျက်နှာသစ်ပေးနိုင်ပါတယ်။ တစ်နေ့ကို (၁)ကြိမ်ပဲလုပ်ပေးပါ။
Hannwe Soe
SHARE