ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးမဲ့ နည်းလမ်း (၄)သွယ်

ဆံပင်ကျွတ်ခြင်းကတော့ အမျိုးသမီးတွေသာမက အမျိုးသားတွေလည်း ကြုံနေရတဲ့ ကိစ္စတစ်ခုပါ။ ဒါကြောင့် Shwemom ကနေ ပရိသတ်တွေအတွက် ဆံပင်ကျွတ်ခြင်းကနေ ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းလေးသွယ်ကို တင်ဆက်ပေးလိုက်ပါတယ်။

(၁) သံလွင်ဆီနဲ့ ကြက်ဥအနှစ်

သံလွင်ဆီနဲ့ ကြက်ဥအနှစ်ရည်နှစ်မျိုးကို ရောပြီးတော့ သံပရာရည် အနည်းငယ်ထည့်ပြီး မွှေပေးပါ။ အဒါကို မိနစ်လေးဆယ်၊ ငါးဆယ်လောက် ခေါင်းမှာ သုပ်လိမ်းထားပေးပါ။ သင့်ရဲ့ ဆံပင်လေးတွေ တောက်ပကျန်းမာပြီးတော့ အိစက်သွားသွားမှာပါ။

(၂) ပြောင်းဆန်မှုန့်

သင့်ရဲ့ ဦးရေခွန်ကို ပြောင်းဆန်မှုန့်လူပြီး နေ့တိုင်း နှိပ်နယ်ပေးပါ။ ဆံပင်ကျိုးခြင်း၊ ကျွတ်ခြင်းကနေ ကာကွယ်ပေးပြီး ဆံပင်အရင်းကနေ သန်မာစေပါတယ်။

(၃) ကြက်သွန်ဖြူ

ကြက်သွန်ကို ပျားရည်၊ ကြက်ဆူဆီ၊ သံလွင်ဆီ၊ ကြက်ဥအနှစ်တို့နဲ့ ရောမွှေပါ။ အဒါကို ညနေပိုင်းလောက်မှာ ဆံပင်မှာ လိမ်းထားပြီး ပေါင်းထားပါ။ မနက်ရောက်တဲ့အခါ ခေါင်းလျှော်ချလိုက်ပါ။ ဒီလိုပြုလုပ်ခြင်းက ဆံပင်ကို အရင်းကနေ သန်မာစေပြီး သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။

READ
တစ်နေ့(၁၀)မိနစ် အချိန်ပေးရုံဖြင့် ခန္ဓာကိုယ်သွယ်လျစေမယ့် လေ့ကျင့်ခန်း(၅)မျိုး

(၄) ကပ်စေးနဲရွက်၊ ငရုတ်သီးနဲ့ ခွေးလှေးယားပင်အရွက်

အဲဒီပါဝင် ပစ္စည်းသုံမျိုးကို ရောစပ်ပြီး ဆံပင်နဲ့ဦးရေမှာ ညနေပိုင်းလောက်မှာ လိမ်းပေးပါ။ ပေါင်းတင်ထားပြီး၊ မနက်ရောက်တဲ့ အခါခေါင်းလျှော်ချလိုက်ပါ။ ဗီတာမင်ဓါတ်တွေ အများကြီးပါဝင်လို့ ဆံပင်မွှေးညှင်းပေါက်လေးတွေကို အားဖြည့်ပေးပြီး ဆံပင်သန်စေပါတယ်။

Source:Better me

 

SHARE