ကောင်မလေးတွေပြောတဲ့ မုသား(၃)မျိုး

မုသား

မုသားဆိုတာ တစ်ခါတစ်လေတော့ မလွှဲမရှောင်သာသုံးရလေ့ရှိပါတယ်။ ကိုယ်ချစ်တဲ့သူ၊ ကိုယ်ဂရုစိုက်တဲ့သူ
တွေမနာကျင်ရအောင် တစ်ခါတစ်လေမှာ မုသားတွေပြောရလေ့ရှိပါတယ်။ မုသားတစ်ခုက လူတစ်ယောက်ကို
ပျော်ရွှင်စေသေးသ၍တော့ ဘာမှကြားရမှာမဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒိမုသားက လူတစ်ယောက်ကို တစ်စုံ
တစ်ရာ နာကျင်စေပြီဆိုရင်တော့ အဖုအထစ်တွေဖြစ်လာနိုင်ပါတယ်။ မိန်းကလေးတွေက သူတို့ချစ်သူရည်စား
တွေအပေါ်မှာ လိမ်တတ်တဲ့အရာလေးတွေရှိပါတယ်။ ဒါကလည်း အကြောင်းအမျိုးမျိုးကြောင့်ပါ။ တခါတလေ
မှာ ချစ်သူရည်းစားရဲ့ဂရုစိုက်မှုကိုလိုချင်လို့လိမ်တာလည်းရှိပါတယ်။ တခါတလေမှာ relationship တစ်ခုမပြို
လဲချင်လို့လိမ်တာမျိုးလည်းရှိပါတယ်။ အောက်မှာတော့ မိန်းကလေးတွေသုံးလေ့ရှိတဲ့ မုသားအချို့ကိုဖော်ပြ
ပေးလိုက်ပါတယ်။

အသုံးအများဆုံး မုသား(၃)ခု

(၁) အဆင်ပြေပါတယ်။ အိုကေပါတယ်။

ဒီစကားကို တစ်ခါတစ်လေမှာ အသံမာမာနဲ့ပြောတဲ့အခါမှာ အဓိပ္ပါယ်က “ဘယ်လိုမှအဆင်မပြေဘူး” လို့
အဓိပ္ပါယ်ရပါတယ်။ မိန်းကလေးတွေကသူတို့အဲ့လိုပြောလိုက်ရင် ယောင်္ကျားလေးတွေ အလိုလျောက်သိမယ်
လို့ယူဆလေ့ရှိပါတယ်။ ဒါပေမယ့်များသောအားဖြင့် ယောင်္ကျားလေးတွေကလည်း တကယ်အဆင်ပြေတယ်ပဲ
ထင်လေ့ရှိပါတယ်။ ဒါကြောင့် အဆင်ပြေပါတယ်။ အိုကေပါတယ်။ Fine ပါတယ်ဆိုတဲ့စကားတွေ ပြောရင်
သတိထားကြနော်။

READ
ကောင်မလေးကို သင်ဘယ်လောက်ချစ်ကြောင်း ဘယ်လိုပြမလဲ

 

(၂) ငါရှင်းလိုက်ပါ့မယ်။

ဆိုင်တစ်ဆိုင်မှာအတူတူထိုင်ပြီဆိုပါစို့။ မိန်းကလေးအများစုက ယောင်္ကျားလေးတွေ ငွေရှင်းဖို့ပဲမျှော်လင့်လေ့
ရှိပါတယ်။ ဒါကလည်း အခုမှပေါ်ပေါက်လာတဲ့ စနစ်သစ်တစ်ခုမဟုတ်ပါဘူး။ ဟိုးနှစ်ပေါင်းများစွာကတည်းက
မိန်းကလေးနဲ့ ယောင်္ကျားလေးအပြင်ထွက်စားသောက်ကြရင် ယောင်္ကျားလေးကပဲ ပေးရတာပါ။ ဒါကြောင့်
သူတို့က သူတို့ပေးမယ်လို့ပြောရင် မယုံလိုက်ပါနဲ့။ သုတေသနစစ်တမ်းတွေအရ မိန်းကလေးတော်တော်များ
များငွေရှင်းရတာကိုမကြိုက်ပါဘူး။ သင့်ကိုအားနာလို့ သူတို့ရှင်းမယ်လို့ပြောတာများပါတယ်။
ချွင်းချက်- Feminism အယူဝါဒရှိသောမိန်းကလေးများကတော့ သူတို့အတွက်သူများက ငွေရှင်းပေးတာကို
မကြိုက်ပါဘူး။

 

(၃) နင့်ကိုငါဘာမှမပြောင်းလဲလိုပါဘူး။

မိန်းကလေးတွေက ဒီစကားကိုတကယ်ရည်ရွယ်ပြီးပြောတာရှားပါတယ်။ ယောင်္ကျားလေးတစ်ယောက်ရဲ့
အတ္တကိုထိခိုက်မှာ စိုးလို့သာ မပြောတာပါ။ တကယ်တော့ မိန်းကလေးတွေမှာလည်း သူတို့ကောင်လေးတွေ
နဲ့ပက်သက်ပြီး ပြောင်းလဲယူချင်တဲ့အချက်တွေရှိပါတယ်။ ဒ့ါကြောင့် ဒီစကားကိုလည်း အပြည့်အဝကြီးယုံလို့
မရပါဘူး။

SHARE