BTS သီချင်းနဲ့ ကခဲ့တဲ့ မြောက်ကိုးရီးယား စစ်သားသုံးယောက် အဖမ်းခံရ

ig/@bts.bighitofical

မြောက်ကိုးရီးယားရဲ့ စစ်သားသုံးယောက်ကတော့ Kpop boy group BTS အဖွဲ့ရဲ့ သီချင်းနဲ့ ကခဲ့တဲ့အတွက် တောင်ကိုးရီးယားရဲ့ ယဉ်ကျေးမှုတွေ လွှမ်းမိုးခံရတယ်ဆိုပြီး ဖမ်းဆီးခြင်း ခံခဲ့ရတယ်ဆိုတဲ့အကြောင်းကို sbs က ခုလိုဖော်ပြထားပါတယ်။

 

August 11 ရက်နေ့ Daily NK ရဲ့ ဖော်ပြချက်အရ အသက် 20 ‌ကျော် စစ်သားသုံယောက်ဟာ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ Baekdusan Mountain ကိုသွားရာက အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့သုံးယောက်က 2016 မှာ ထွက်ရှိခဲ့ပြီး အရမ်းကိုပေါက်ခဲ့တဲ့ BTS အဖွဲ့ရဲ့ ‘Blood Sweat & Tear’ ဆိုတဲ့ သီချင်းနဲ့ ကခဲ့ကြတာဖြစ်ပြီးတော့ အခုအချိန်မှာတော့ သူတို့သုံးယောက်က   မြောက်ကိုးရီးယားရဲ့ ဝါဒဖြန့််ချိရေး အကျင့်ပျက်မှုအတွက် အပြစ်ပေးခံရဖို့ကို စောင့်ဆိုင်းနေကြရပါတယ်။

READ
မြန်မာပြည်သူတွေနဲ့အတူတူ ထမင်းလက်ဆုံစားခဲ့တဲ့ Sinon Loresca ရဲ့ ဗီဒီယိုဖိုင်

 

 

View this post on Instagram

 

. What’s the weirdest thought you’ve ever had?

A post shared by BTS (@bts.bighitofical) on

ဒီအဖြစ်အပျက်မှာ Defense Security Agency အဖွဲ့ဝင်တွေဟာ ဒီစစ်သားသုံးယောက်ကို အဖွဲ့ထဲကနေ ဆွဲခေါ်သွားကြပြီး “မင်းတို့ရဲ့ စိတ်တွေက ပုပ်ဆွေးသုံးစားမရတော့ဘူး” ဆိုပြီး ပြောခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

 

 

View this post on Instagram

 

comment down your fav love emojis

A post shared by BTS (@bts.bighitofical) on

စစ်ဆေးမှုအတွင်းမှာတော့ ဒီစစ်သားသုံးယောက်က ဒီအကဟာ တောင်ကိုးရီးယားနိုင်ငံရဲ့ အကဆိုတာ သူတို့မသိဘူးဆိုတဲ့အကြောင်းကို အခိုင်အမာ ငြင်းဆိုခဲ့ကြပါတယ်။ အခုလို အခြေအနေရပ်ကြောင့် ဒီစစ်သားသုံးယောက်လို အမှားမလုပ်မိအောင် အားလုံးအတွက် စံနမူနာယူစရာ တစ်ခုဖြစ်လာပါတယ်။

READ
မော်တင်စွန်းဘုရားမှာ ထီးတော်တင်လှူပူဇော်ခဲ့တဲ့ နန္ဒာလှိုင်တို့ မိသားစု

 

မြောက်ကိုးရီးယားနိုင်ငံမှာတော့ နိုင်ငံသားတိုင်းကို တောင်ကိုးရီးယားရဲ့ ယဉ်ကျေးမှုနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ကိစ္စရပ်တွေ လုံးဝမပြုလုပ်ဖို့ တားမြစ်ထားပြီး အားလုံးကို မော်နီတာကနေ လိုက်စောင့်ကြည့်လျက်ရှိတယ်လို့ သိရပါတယ်။

Khin

SHARE